Monday 23 March 2015

တပ်မတော် (ရေ) မာန်အောင်ကျွန်း အနောက်ဘက်တွင် စစ်ရေးလေ့ကျင့်မည်

Combined Fleet Exercise ပြုလုပ်မည့် လေ့ကျင့်ခန်းဧရိယာပြပုံ (FB/Myanmar NAVY)
တပ်မတော် (ရေ) က မာန်အောင်ကျွန်းအနောက်ဘက် ပင်လယ်ရေပြင်တွင် မတ်လ တတိယပတ်မှစ၍ စစ်ရေးလေ့ ကျင့်မှုများဆောင်ရွက်မည်ဖြစ် ကြောင်း သတင်းထုတ်ပြန်သည်။

တပ်မတော်(ရေ) စစ်ရေ ယာဉ်များသည် မတ်လ ၂၇ ရက် မှစ၍ ဧပြီ ၁၆ ရက်အတွင်း ပင် လယ်ပြင် လက်တွေ့ လေ့ကျင့်ခန်း နှင့် လက်နက်များလေ့ကျင့်ပစ် ခတ်ခြင်း ဆောင်ရွက်မည်ဖြစ်သည်။ လေ့ကျင့်ခန်း ဆောင်ရွက်စဉ်ကာလအတွင်း ဘေး အန္တရာယ်ကင်းရှင်းစေရန် သတ်မှတ်ဧရိယာမှ ၅ မိုင်ပတ်လည်အား ဖြတ်သန်းသွားလာခြင်း၊ ကျောက်ချရပ်နားခြင်း၊ ငါးဖမ်းခြင်း၊ ငါးဖမ်းကိရိယာများချထားခြင်းမရှိစေရန်နှင့် လေယာဉ်၊ ရဟတ်ယာဉ်များအပြင် ပေတစ်သောင်းငါးထောင် အောက်ဖြတ်ကျော်ပျံသန်းခြင်းမပြုလုပ်ရန် ပြန်ကြားရေးဝန်ကြီးဌာနမှတစ်ဆင့် သတင်းထုတ်ပြန်သည်။

မတ်လ ၂၀ ရက် နံနက်က လည်း ရခိုင်ပြည်နယ် ဘူးသီး တောင်မြို့ ငကျဉ်တောက်တောင် အနီးတွင် မြန်မာ့တပ်မတော်တပ် ရင်း၁၀ခုမှ လက်နက်ကြီးစမ်းသပ်ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
‘‘လက်နက်ကြီးစမ်းသပ်ပစ် ခတ်ဖို့အတွက် ငကျဉ်တောက် အနီးမှာရှိတဲ့ ရွာတွေက ဒေသခံ တွေကို တောတောင်ထဲကိုမသွား ဖို့ ကြိုသတိပေးခဲ့ပါတယ်’’ဟု ငကျဉ်တောက်ကျေးရွာဒေသခံ ဦးမောင်သာထွန်း က ပြောသည်။

မြန်မာ့တပ်မတော်မှ ၇၁၊ ၈၁ နှင့် ၁၂၀ မမ လက်နက်ကြီး များကို အချက် ၅၀ ခန့်စမ်းသပ် ပစ်ခတ်မှုများ ပြုလုပ် ခဲ့ခြင်းဖြစ် ကြောင်း ယင်းလက်နက်စမ်းသပ် ပစ်ခတ်ပွဲသို့တက်ရောက်ခဲ့သော ခရိုင်အဆင့် ဌာနဆိုင်ရာအရာရှိ တစ်ဦးက အတည်ပြုသည်။

‘‘ကြိုတင်အကြောင်းကြား ထားလို့ ဒေသခံတွေက စိုးရိမ် ထိတ်လန့်တာမရှိခဲ့ပါဘူး’’ဟု လက်ဝဲဒက်ပြင်ရှင် ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။

ဘင်္ဂလားဒေ့ရှ်နယ်စပ် နတ် မြစ်အတွင်းတွင်လည်း တပ်မတော်ရေမှ ငါးဖန်း(ခေါ်) ၂၇ ပေအမြန် ရေယာဉ်လေးစီးသည် ယမန်နှစ် အောက်တိုဘာလလယ်မှစ၍ လုံခြုံရေးတာဝန်ဆောင်ရွက် နေကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ဇန်နဝါရီက ဘင်္ဂလားဒေ့ရှ် စစ်တပ်မှ ကြည်း၊ ရေ၊ လေတပ်ဖွဲ့များ ပူးပေါင်း၍ မြစ်ကူးတိုက်ခိုက် ချေမှုန်းရေး စစ်ရေးလေ့ကျင့်မှုကို မြန်မာနယ် စပ်အနီးတွင် ပြုလုပ်ခဲ့ဖူးသည်။

7Day DAILY

No comments:

Post a Comment