Monday 23 March 2015

မူကြိုကျောင်းတက်နှုန်း၂၅ရာခိုင်နှုန်းအထိရောက်ရှိစေရန် ယခုနှစ်မှ စတင်ဆောင်ရွက်မည်

မူကြိုကျောင်းတက် နှုန်း ၂၅ရာခိုင်နှုန်းအထိ ရောက် ရှိ စေရန်အတွက် ယခုနှစ်တွင် စတင် ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏မူကြိုကျောင်း ဝင်နှုန်းမှာ ၂၂ ဒသမ ၉ဝရာခိုင်နှုန်း ခန့်သာရှိနေသေးသည့်အတွက် ယခုနှစ် တွင် မူကြိုကျောင်းဝင်နှုန်းများ မြင့်မားစေရန်အတွက် မိဘများအနေ ဖြင့် အသက်သုံးနှစ်မှ ငါးနှစ်အတွင်း ကလေးငယ်များကိုမူကြိုကျောင်း သို့ပို့ဆောင်နိုင်ရန်စည်းရုံးလှုံ့ဆော် သွားမည်ဖြစ်ကြောင်း အခြေခံပညာ အသိုင်းအဝိုင်းမှ သိရသည်။

''စည်းရုံးလှုံ့ဆော်ကြမယ်ဆို တာက တသီးတသန့်ကြီးတော့ မဟုတ်ပါဘူး။ ဆရာဆရာမတွေက တစ်ဆင့်၊ ပြီးတော့ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးအာဏာပိုင်တွေက တစ်ဆင့် မိမိတို့ရဲ့ရပ်ကွက်အနီးအနား ဝန်းကျင်မှာ ရှိတဲ့ မူကြိုကျောင်းနေအ ရွယ်ကလေးငယ်တွေကို အခြေခံပညာ ကျောင်းတွေမှာ ဖွင့်လှစ် ထားတဲ့မူ ကြိုတွေပို့ကြဖို့နဲ့ ဒီလိုပို့ရင် မိမိတို့ ရဲ့သားသမီးတွေအတွက် ဘယ်လို အကျိုးကျေးဇူးရမယ် ဆိုတာမျိုးတွေ ကို ရှင်းလင်းပြောပေးကြဖို့ဖြစ်ပါ တယ်။ CESR မှာလဲ ဒီလိုပဲအကြံ ပြုထားပါတယ်''ဟု မြန်မာနိုင်ငံ ပညာ ရေးသုတေသနအဖွဲ့ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးတစ် ဦးက ပြောသည်။

မြန်မာနိုင်ငံတွင် မူကြိုကျောင်း ဝင်နှုန်းမှာ နိုင်ငံတကာနှင့်ယှဉ်ပါက ၂၂ ဒသမ ၉ဝရာခိုင်နှုန်းရှိပြီး ပြည် တွင်းရှိမြို့ပြမူကြိုကျောင်းဝင်နှုန်း မှာ ၃၉ ဒသမ ၁ဝရာခိုင်နှုန်းရှိနေ ကြောင်း၊ ကျေးလက်ဒေသရှိမူကြို ကျောင်း ဝင်နှုန်းမှာ ၁၅ ဒသမ ၉၀ ရာခိုင်နှုန်းသာရှိကြောင်း၊ တစ်နိုင်ငံ လုံးအတိုင်းအတာဖြင့် မူကြိုကျောင်း ဝင်နှုန်းမြင့်မားသည့်ဒေသမှာ ကယား ပြည်နယ်ဖြစ်ပြီး အနိမ့်ဆုံးဒေသမှာ ရခိုင်ပြည်နယ်ဖြစ်ကြောင်း ဘက်စုံ လွှမ်းခြုံနိုင်သောပညာရေးကဏ္ဍလေ့ လာသုံးသပ်ရေးလုပ်ငန်းအစီအရင် ခံစာအရ သိရသည်။

ပညာရေးဝန်ကြီးဌာနမှ ၁၉၉၈ ခုနှစ်မှစတင်ကာ မူလတန်းကြိုအတန်းများကို မူလတန်းအဆင့် အတန်း များဖွင့်လှစ်ထားသော အခြေခံပညာကျောင်းများတွင် တွဲဖက်ဖွင့်လှစ်ခဲ့ရာ ၂၀၁၂ခုနှစ်တွင် ပညာရေးကော လိပ်လေ့ကျင့်ရေးအလယ်တန်း ကျောင်းများအပါအဝင် အခြေခံပ ညာကျောင်းပေါင်း ၃၁၁ရကျောင်း တွင် မူကြိုကျောင်းပေါင်းလေးထောင် အထိရှိနေပြီဖြစ်ကြောင်း သိရသည်။

''စံပြမူကြိုကျောင်း ၁၈ကျောင်း ကိုတော့ ၂၀၁၅-၂၀၁၆ ပညာသင် နှစ်မှပဲ ဖွင့်လှစ်ပေးနိုင်ထင်တယ်။ မူ ကြိုကျောင်းတစ်ကျောင်းမှာ ကျောင်းသား ၃ဝရှိရင်လဲ ဆရာနှစ်ဦးခန့်ပေး မှာဖြစ်သလို ကျောင်းသား ငါးယောက် ပဲရှိရင်တောင် ဆရာနှစ်ဦးခန့်ပေးသွား မှာပါ။ ဆရာတွေကို နိုင်ငံ့ဝန်ထမ်းအ ဖြစ်အသိအမှတ် ပြုဖို့တွေအတွက်ပါ ဆောင်ရွက်ပြီးပါပြီ''ဟု မူကြိုပညာ ရေးကဏ္ဍကို အထူးပြုလုပ်ဆောင်နေ သောဌာနမှ အရာရှိတစ်ဦးက ပြောသည်။

၂၀၁၃ခုနှစ်ပြည်သူ့အင်အား ဦးစီးဌာန၏စာရင်းများအရ သုံးနှစ် မှငါးနှစ်အရွယ်ကလေးသူငယ်ပေါင်း ၃၄၉၀၈၆၈ရှိနေကြောင်း သိရသည်။

ATK
Democracytoday

No comments:

Post a Comment