Monday 23 March 2015

တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီမှ ရွေးကောက်ပွဲဝင်ပြိုင်မည့် မြို့နယ်များ ထပ်တိုး

တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီမှ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ ဝင် ရောက်ယှဉ်ပြိုင်မည့် ပထမအဆင့် မြို့နယ် ၁၄၂မြို့နယ် ၊ ဒုတိယအဆင့် မြို့နယ် ၈၂မြို့နယ်အဖြစ် ထပ်တိုး လိုက်ကြောင်း သိရသည်။

တိုင်းရင်းသားစည်းလုံးညီညွတ် ရေးပါတီအနေဖြင့် လာမည့်ရွေး ကောက် ပွဲကိုယှဉ်ပြိုင်ရန် ယခင်က ပထမအဆင့် မြို့နယ် ၁၃၅ မြို့နယ် သတ်မှတ် ထားသော်လည်း ယခု ခုနစ် မြို့နယ်ထပ်တိုးခြင်း၊ ဒုတိယအဆင့် မြို့နယ် ၇၉မြို့နယ် သတ်မှတ် ထား သော် လည်း ယခုသုံးမြို့နယ်အသီး သီးထပ်မံ တိုးလိုက်ကြောင်း ဗဟိုအ လုပ်အမှုဆောင်ကော်မတီဝင် ဦးဟန် ရွှေ က ပြောသည်။

''အခုထပ်တိုးထားတဲ့မြို့နယ် စာ ရင်းကတော့ လာမယ့်ရွေးကောက် ပွဲအတွက် တော်တော်နီးစပ်နေပါပြီ။ ဇူလိုင်လမှာ နောက်ဆုံး ထပ်ညှိဦး မယ်'' ဟု ယင်းကဆိုသည်။

ယခုလ ၁၇ ရက်မှ ၂ဝရက်ထိ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီ၏ တိုင်းဒေသကြီးနှင့်ပြည်နယ် ၁၄ခုမှ ဥက္ကဋ္ဌများ သည် တွေ့ ဆုံခဲ့ ကြ ပြီး ညှိနှိုင်း လိုက် ကြခြင်းဖြစ်သည်။

ရွေးကောက်ပွဲ ဝင်ရောက်ယှဉ် ပြိုင်မည့် လွှတ်တော် ကိုယ်စား လှယ် လောင်းနှင့် ပတ်သက်ပြီးလည်း စိစစ် ရေးကော်မတီ ဖွဲ့စည်းကာ ကိုယ်စား လှယ်လောင်း များကို စိစစ်နေကြောင်း ဦးဟန်ရွှေက ဆက်လက်ပြော သည်။

ပါတီအနေဖြင့် ယခုမတ်လ တစ်လလုံးတွင် ပါတီရှိသည့်မြို့နယ် များ တွင် တောင်သူလယ်သမားနေ့ အထိမ်းအမှတ်ဖိုရမ်များ၊ အမျိုးသမီး အဖွဲ့အစည်းများကို သင်တန်းပေး ခြင်းတို့ ပြုလုပ်လျက်ရှိသည်။

ယခုလကုန်တွင် လည်း ရန်ကုန် တိုင်းဒေသကြီးမှ မြို့နယ် ၁ဝခုတွင် မဲဆန္ဒရှင် စာရင်းများ ကပ်မည်ဖြစ် သည့်အတွက် ယင်း အတွက် မဲရုံကိုယ် စားလှယ်များ စုစည်းခြင်း၊ မဲရုံတာ ဝန်များလုပ်ဆောင် ရမည့်အချက်တို့ ကို သင်တန်းပေးခြင်းပြုလုပ် မည်ဖြစ် ကြောင်း သိရသည်။

တိုင်းရင်းသားစည်းလုံး ညီညွတ် ရေးပါတီအနေဖြင့် တိုင်းဒေသကြီး နှင့် ပြည် နယ် ၁၄ခုမှ မြို့နယ်ပေါင်း ၃၀၅ မြို့နယ်တွင် ပါတီရုံးခွဲများဖွင့် လှစ် ထားကြောင်း သိရ သည်။

NTDW
Democracytoday‬

No comments:

Post a Comment