Tuesday 10 February 2015

ကခုန်ခြင်းနှင့်ကျန်းမာရေး

ပျော်ရွှင်မြူးတူးစွာ ခုန်ပေါက် ကခုန်နေသူတစ်ယောက်ကို တဒင်္ဂ လေ့လာကြည့်တဲ့အခါ စိတ်ပိုင်းဆိုင်ရာတက်ကြွ ပျော်ရွှင်မှု ရစေတယ်လို့ အပြင်ပန်းကနေမှတ်ချက်ချလို့ရပါတယ်။ ဒါ့အပြင် အဲဒီလိုကခုန်ခြင်းက အရွယ်တင်နုပျိုစေတဲ့အပြင် ခန္ဓာကိုယ် တွင်းကလီစာတွေကိုပါ လှုပ်ခါ၍ တစ်ချိန်လုံး ကခုန်နေခြင်းကြောင့် ကိုယ်အလေးချိန်ကျစေခြင်းစတဲ့ရုပ်ပိုင်း ဆိုင်ရာကိုပါ ကောင်းကျိုးဖြစ်စေပါတယ်။ ကခုန်ခြင်းရဲ့အခြားကျန်းမာရေး အကျိုးကျေးဇူးများမှာ- (၁) အချိန်တစ်နာရီကြာလောက် ကခုန်ခြင်းက ကယ်လိုရီ ၄ဝဝ လောင်မြိုက်စေနိုင်ပါတယ်။ ဒါကြောင့် ကယ်လိုရီ မြန်မြန်ကျချင် သူများခုန်ပေါက်၍
ကသင့်ပါတယ်။ (၂) သုတေသနပြုချက်တွေအရ ကခုန်ခြင်း နှလုံးခုန်နှုန်းပမာဏကို လျော့ကျစေပြီး နှလုံးကျန်းမာရေးကို ကောင်းကျိုး ပြုပါတယ်။ ဒါကြောင့် နှလုံးရောဂါဝေဒနာသည်တွေအနေနဲ့ရက်သတ္တပတ် မှာအနည်းဆုံး သုံးရက်ခန့် တစ်နေ့ကို မိနစ် ၂ဝကြာ ကခုန်ပေး သင့်ပါတယ်။ (၃) ကခုန်ခြင်းက အဆုတ်ကို ကောင်းစွာအလုပ်လုပ်စေတဲ့အပြင် သက်လုံအားကောင်းစေပါတယ်။ (၄) သွေးတိုးရောဂါကို ပုံမှန်ဖြစ်စေပါတယ်။ (၅) သွေးထဲက မကောင်းတဲ့ကိုလက်စထရောတွေကိုကျစေပြီး ခန္ဓာကိုယ်အကျိုးပြု ကိုလက်စထရောတွေကို တိုးပွားလာစေနိုင်ပါတယ်။ (၆) အညောင်းအညာပြေစေရုံတင်မကဘဲ ကြွက်သားတွေကိုကြံ့ခိုင်စေပါတယ်။ (၇) အရိုးအဆစ်တွေကိုပြေလျော့စေပါတယ်။ (၈) ကခုန်ခြင်းက အရိုးကိုကောင်းလာစေပြီး အရိုးသန်မာစေတယ်လို့ အမေရိကန်နိုင်ငံ The National Osteporosis Foundation (ခေါ်)အမျိုးသားအရိုးပျော့ရောဂါကာကွယ်စောင့်ရှောက်ရေးအဖွဲ့က အကြံပြုထားပါတယ်။ (၉) စိတ်ဖိစီးမှုတွေပြေပျောက်ပြီး စိတ်ကြည်လင်လန်းဆန်းတက်ကြွလာနိုင်ပါတယ်။ (၁ဝ) ဦးနှောက်စွမ်းဆောင်ရည် ကောင်းလာပါတယ်။ မှတ်ဥာဏ် စွမ်းအားတိုးတက်မြင့်မားလာစေပါတယ်။ ပျော်ရွှင်မြူးတူး စွာ ကခုန်ခြင်းက Dementia (ခေါ်) နာတာရှည်ရူးသွပ်ရောဂါ ဖြစ်နိုင်ခြေအလားအလာကို ၇၆ ရာခိုင်နှုန်းအထိ လျှော့ချ ပေးနိုင်တယ်လို့ The New England Journal Medicine လို့အမည်ရတဲ့ ဆေးပညာဂျာနယ်မှာ ရေးသားဖော်ပြထားပါ တယ်။ (၁၁) ကခုန်ပြီးနောက်မှာ ချစ်ရေးချစ်ရာအာရုံခံစားမှုကောင်းလာစေပါတယ်။
uniondaily.net

No comments:

Post a Comment