Tuesday 10 February 2015

အကျပ်အတည်းများ အဆုံးသတ်ရေး အာဏာသိမ်းရန် စီစဉ်နေခြင်း မရှိဟု ဘင်္ဂလားဒေ့ရှ် စစ်တပ်ငြင်း


ဒါကာ။     ။နိုင်ငံတွင်ဖြစ်ပေါ်နေသော အကျပ်အတည်း များအဆုံး သတ်နိုင် ရန် လက်ရှိအစိုးရ ကိုဖြုတ်ချကာ  အာဏာသိမ်းရန်  စီစဉ်နေသည် ဆိုသည့် သတင်း များကို ဘင်္ဂလားဒေ့ရှ် စစ်တပ် ကငြင်းဆို သွားခဲ့ပြီးနိုင်ငံ၏ အကျပ်  အတည်း ကာလတွင် စစ်တပ်၏ အခန်းကဏ္ဍနှင့် ပတ်သက်၍ ထင်ယောင် ထင်မှားဖြစ်စေ ရန်ရေးသားဖော် ပြနေသော မီဒီယာများကို သတိပေးပြော ကြားသွားသည်။

တစ်ဆက်တည်း တွင်နိုင်ငံ၏ အခြေခံဥပဒေနှင့် စည်းမျဉ်းများအားလုံးကို လေးစားလိုက်နာသည်ဟု စစ်တပ် ကပြောကြား လိုက်သည်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် ပြီးခဲ့သည့် ၁၉၇၁ ခုနှစ်နောက်ပိုင်း စစ်အစိုးရ၏ အာဏာသိမ်းမှု ပေါင်း အနည်းဆုံး ၁၉ ကြိမ်ထိရှိခဲ့ပြီး စစ်အာဏာ ရှင်များက နိုင်ငံတွင်နှစ် ကြိမ်အုပ်ချုပ် ခဲ့သည့် သမိုင်းကြောင်း ရှိနေခဲ့သည်။
''ကျွန်တော်တို့စစ်တပ်က နိုင်ငံရဲ့ ဖွဲ့စည်းပုံနဲ့ ဥပဒေစည်းမျဉ်း စည်းကမ်း တွေ အပေါ်မှာ အပြည့်အဝလေးစား လိုက်နာနေတဲ့ မျိုးချစ်အဖွဲ့ အစည်းတစ် ခုဖြစ်ပါ တယ်'' ဟုဖေဖော်ဝါရီ ၈ ရက် စစ်တပ်၏  ထုတ်ပြန် ချက်တွင် ပါရှိ သည်။ နိုင်ငံတွင် စစ်တပ်ကြား ဝင်နိုင်သည့် အခြေ အနေ များအပေါ် မီဒီယာ များ၏ ထုတ်ပြန် ချက်များ ကပြည်သူ လူထုအကြား ထင်ယောင် ထင်မှားဖြစ် နိုင်သောကြောင့် ယခုကဲ့သို့ ထုတ်ပြန် ရခြင်း ဖြစ်ကြောင်း စစ်တပ် ကပြော သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည်ပြီးခဲ့သည့် ဇန်နဝါရီ အစောပိုင်းကတည်းက အကျပ် အတည်း ပဋိပက္ခများနှင့် လုံးပန်းနေခဲ့ရပြီး ဝန်ကြီးချုပ် ရှိတ်ဟာစီနာ ကိုဖြုတ် ချရန် အတိုက်အခံ အုပ်စုက လည်းနိုင်ငံတွင် ပိတ်ဆို့ ကန့်ကွက် မှုများကို ဦးဆောင် လုပ်ဆောင်နေခဲ့သည်။

အဆိုပါ အကျပ်အတည်း ပဋိပက္ခ များအတွင်း အနည်း ဆုံး ၈ဝ ဦးသေဆုံး ခဲ့ပြီး ရာပေါင်းများစွာ ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်။ နိုင်ငံ၏ စီးပွားရေး ပိုင်း တွင်လည်း ကန်ဒေါ်လာ ၁ဝ ဘီလီယံထိ ဆုံးရှုံးနစ် နာခဲ့ကြောင်း စီးပွားရေး လုပ်ငန်းရှင်များ ကပြောဆိုနေ ကြသည်။

နိုင်ငံတွင် အဓိက မီဒီယာ တစ်ခုက စစ်တပ် ပါဝင်စွက် ဖက်နိုင်မှု အလား အလာနှင့် ပတ်သက်၍ မှတ်ချက် စကားများပြော ကြားဖော်ပြ ခဲ့ချိန်တွင် လူမှုကွန်ရက် များပေါ်တွင် အာဏာသိမ်းနိုင် မှုကောလာ ဟလများ ထွက်ပေါ်လာ ခဲ့ခြင်းဖြစ်သည်။

ယင်းနိုင်ငံတွင် ပြီးခဲ့သည့် ၂ဝဝ၇ ခုနှစ်  က လပေါင်း  များစွာ ကြာနိုင်ငံရေး မငြိမ်သက်မှု  များနောက်ပိုင်း  စစ်တပ်  ကကြား ဝင်ထိန်းသိမ်း ခဲ့ရပြီး ယင်း နောက် စစ်တပ်ကျော်ထောက်နောက်ခံ အစိုးရ တစ်ရပ်ကို တင်မြှောက် ခဲ့ သည့် သမိုင်းကြောင်း ရှိထားခဲ့သည်။

Written by  အေအက်ဖ်ပီ

No comments:

Post a Comment