Tuesday 10 February 2015

ကမ္ဘာလုံးဆိုင်ရာ ရွေးကောက်ပွဲ စံနှုန်းများဖြင့် ၂၀၁၅ အထွေထွေရွေး ကောက်ပွဲ ကို စောင့်ကြည့်မည်

အထွေထွေရွေးကောက်ပွဲကို နိုင်ငံတကာ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာရေး အဖွဲ့ပေါင်း ၂၄၀ က အတည်ပြု ထားသည့် ကမ္ဘာလုံးဆိုင်ရာ ရွေးကောက်ပွဲ ကြေ ညာစာတမ်းပါ စံနှုန်းများဖြင့် စောင့်ကြည့်သွားမည် ဖြစ်သည်ဟု ပြည်တွင်းပြည်ပရွေးကောက် ပွဲ စောင့်ကြည့် လေ့ လာရေး အဖွဲ့အစည်းများက ထုတ်ပြန်ကြေညာကြောင်း Asian Network For Free Elections (ANFREL) အုပ်ချုပ်မှုဒါရိုက်တာ Mr.Bidhayak Das က ပြောကြားသည်။
ဖေဖော်ဝါရီလ ၉ ရက်နေ့က ရန်ကုန်မြို့တော် New Ayeyar ဟိုတယ်တွင် ပြု လုပ်သော ပြည်တွင်းရွေးကောက်ပွဲ စောင့်ကြည့်ရေးအတွက် နိုင်ငံတကာ စံနှုန်းများဆိုင်ရာ ဖိုရမ်၏ ဆုံးဖြတ်ချက်နှင့် ပတ်သက်ပြီး ၎င်းက အထက်ပါအ တိုင်း ပြောကြားခြင်း ဖြစ်သည်။
၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက် စောင့်ကြည့်လေ့လာမည့် အရပ်ဘက် လူ့အဖွဲ့အစည်း ၆၀ နှင့် ပြည်ပ အဖွဲ့အစည်း နှစ်ဖွဲ့တို့က ဘက်မ လိုက် ရွေးကောက်ပွဲစောင့်ကြည့်ရေး အစုအဖွဲ့များအတွက် အရေးကြီးသော စံနှုန်းများ ပြဋ္ဌာန်းထားသော ကမ္ဘာလုံးဆိုင်ရာ ရွေးကောက်ပွဲ ကြေညာ စာတမ်း များဖြင့် စောင့်ကြည့်လေ့လာမည် ဖြစ်ကြောင်း Mr.Bidhayak Das က ပြော ဆိုသည်။
အလားတူ ပြည်တွင်းအရပ်ဘက် အဖွဲ့အစည်းများနှင့် ပြည်ထောင်စု ရွေး ကောက် ပွဲ ကော်မရှင်တို့ ပူးပေါင်းရေးဆွဲလျက် ရှိသည့် နှစ်ဘက်လိုက် နာရမည့် ကျင့်ဝတ် (Code of Conduct) များတွင် အဆိုပါစံနှုန်းများကို ထည့်သွင်းနိုင်ရေး ညှိနှိုင်း လျက်ရှိကြောင်း ယုံကြည်ရသော ရွေးကောက် ပွဲများ ပေါ်ပေါက်ရေး ပြည်သူများ ပူးပေါင်းလှုပ်ရှားမှုအဖွဲ့ အုပ်ချုပ်မှု ဒါရိုက်တာ ဦးစိုင်းရဲကျော်စွာမြင့်က ဆိုသည်။
“ဒီနိုင်ငံတကာ စံနှုန်းတွေကို အခြေခံပြီးတော့ ညှိနှိုင်းလျက် ရှိပါတယ်။ ဒီအပေါ်မှာလည်း ရွေးကောက်ပွဲကော်မရှင် အနေနဲ့ တချို့ကိစ္စရပ်တွေကို ခွင့်ပြုပေးပါတယ်” ဟု ၎င်းကဆိုသည်။
အဆိုပါ Code of Conduct ထွက်လာရေးအတွက် ဖေဖော်ဝါရီလ ၁၆ ရက်နေ့ တွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် အရပ်ဘက် လူ့အဖွဲ့အစည်းများ ထပ်မံဆွေးနွေးမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးဝင်းကိုက ပြောကြားသည်။
“ဒီနိုင်ငံတကာစံနှုန်း ဆိုတာက သူတို့ဘက်က အမြင်လေ။ ကျွန်တော်တို့ ဘက်ကတော့ နှစ်ဘက်သဘောတူတဲ့ Code of Conduct ထဲက လိုက်နာ ရမယ့် အချက်တွေကိုပဲ တရားဝင်ခွင့်ပြုမှာပါ” ဟု ၎င်းကဆိုသည်။
အလားတူ ၂၀၁၅ အထွေထွေရွေးကောက်ပွဲ အေးချမ်းတည်ငြိမ်စွာ ကျင်းပပြု လုပ်နိုင်ရေးအတွက် နိုင်ငံရေးပါတီ အချင်းချင်း စောင့်ကြည့်ရမည့် Code of Conduct ကိုလည်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံရေး ပါတီများ ညှိနှိုင်းရေးဆွဲသွားမည် ဖြစ်ကြောင်း နှစ်ဘက်အဖွဲ့အစည်းများက ထုတ်ပြန် ပြော ကြားထားသည်။
The Voice

No comments:

Post a Comment