Tuesday 10 February 2015

ပဲစင်းငုံနီအဝင်လှိုင်လာပြီး အရောင်းအဝယ်သွက် ပဲတီစိမ်းနယ်အဝင်လျော့၊ ကုလားပဲ(သစ်)ဈေးကွက်စဝင်လာ


ပြည်တွင်းပဲမျိုးစုံဈေးကွက်တွင် ပဲစင်းငုံနီနယ်အဝင်လှိုင်နေပြီး အိန္ဒိယဘက်ကလည်း အဝင်ရှိ သည့်အတိုင်းဝယ်အားရှိနေကြောင်း သိရသည်။ပဲတီစိမ်းကြီးမှာနယ်အဝင် လျော့လာသော်လည်း တရုတ်ဝယ် လက်က ပဲအရည်အသွေးပေါ် မူတည်ပြီး ဝယ်လိုအားပုံမှန်ရှိခဲ့ ကြောင်း သိရသည်။ မတ်ပဲ (သစ်) များဈေးကွက်ထဲပုံမှန်ဝင်ရောက်နေ သော်လည်းအိန္ဒိယဘက်မှ ဝယ်လို အားလျော့သွားသဖြင့် ဈေးအကျ ဘက်ရောက်သွားသည်ဟုဆိုသည်။ နယ်ဈေးကွက်တချို့တွင် ကုလားပဲ (သစ်)များ ဈေးကွက်ထဲ စတင်ဝင် လာပြီး ဈေးကောင်းရနေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

မုံရွာဈေးကွက်တွင် နယ်စုံမှ ပဲစင်းငုံနီ အဝင်သွက်ခဲ့ပြီး Export အတွက် အဓိကဝယ်ယူနေသည့် ရန်ကုန်ဝယ်လက်ကလည်း အဝင်ရှိ သလောက်ဝယ်လိုအားခပ်သွက်သွက် ဖြင့်ဝယ်ယူနေကြောင်း၊ အရောင်း အဝယ်အနေဖြင့်တစ်ပိဿာ ၁၂၉၅ ကျပ် ဈေးဖြင့်တစ်ရက်လျှင် အိတ် ၅ဝဝဝမှ၁ဝဝဝဝကြားဖြစ်ခဲ့ကြောင်း သိရသည်။ ပြည်ဈေးကွက်သို့ ပန်း တောင်း၊ ကံမ၊ ပေါက်ခေါင်းနှင့် ရွှေတောင်ဘက်မှ ပဲစင်းငုံနီ(သစ်) များ တစ်ရက်လျှင် အိတ် ၁ဝဝဝ ကျော်ဝင်ရောက်ခဲ့ပြီး ရန်ကုန်ဝယ် လက်ကလည်း ဝယ်လိုအားသွက်ခဲ့ ကြောင်း၊လှောင်လက်များက ဈေး ကွက်အခြေအနေကို စောင့်ကြည့် နေကြောင်းသိရသည်။ ဘုရင့်နောင် ဈေးကွက်တွင် ပဲစင်းငုံနီ(RC) ကို အိန္ဒိယဝယ်လက်ကဈေးကွက်စဖွင့် ချိန်၌ တစ်တန်ကို ကျပ် ၈၁ဝဝဝဝ ဈေးဖြင့်ဈေးဖွင့်အဝယ်ရှိခဲ့ပြီးနောက် ပိုင်းတွင် ဝယ်လိုအားသွက်လာ၍ ဈေးကွက်ပိတ်ချိန်၌ တစ်တန်လျှင် ကျပ် ၈၂၅ဝဝဝဈေးအထိဈေး ကောင်းရခဲ့သည်ဟုဆိုသည်။ ပဲတီ စိမ်းမှာမူ ပြည်ဈေးကွက်၌ တစ် ရက်လျှင် အိတ် ၁ဝဝ ခန့်သာ ဝင် ရောက်မှုရှိခဲ့ပြီးအဝင်နည်းလာခြင်း ဖြစ်သည်ဟုသိရသည်။ ပဲအရည် အသွေးကလည်း အနည်းငယ်ကျ ဆင်းလာသဖြင့်ဈေးအနည်းငယ် ကျလာပြီး တစ်ပိဿာလျှင် ကျပ် ၁၆ဝဝ ဈေးဖြင့်အရောင်းအဝယ် ဖြစ်ခဲ့ပြီး အရောင်းအဝယ်ဖြစ်မှု ပမာဏနည်းခဲ့ကြောင်းသိရသည်။
မုံရွာဈေးကွက်တွင် ကုန်သည် များလက်တွင် ပဲလက်ကျန်နည်း လာပြီးမန္တလေးဝယ်လက်ကလည်း ဈေးနှိမ်ဝယ်နေခြင်းကြောင့် ဈေး ကျလာပြီး တစ်ပိဿာ ကျပ် ၁၅ဝဝ ဈေးဖြင့် တစ်ရက်လျှင် အိတ် ၄ဝဝ ခန့်သာအရောင်း အဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။ မန္တလေးဈေးကွက်တွင် ပဲတီစိမ်း (ခရမ်းရွှေဝါ)များ ဈေးကွက်ထဲ စတင်ဝင်ရောက်လာပြီးတစ်ပိဿာ ၁၉၃၈ ကျပ်ဈေးဖြင့် ဈေးဖွင့် အရောင်းရှိခဲ့ကြောင်း သိရသည်။ မတ်ပဲ(RC) မှာ ဘုရင့်နောင် ဈေး ကွက်တွင် ဈေးအကျဘက်မှာရှိ နေကြောင်း၊ တစ်တန်ကိုအနိမ့်ဆုံး ကျပ်၈ဝဝဝဝဝ မှအမြင့်ဆုံး ကျပ် ၈၆၁ဝဝဝအတွင်း အရောင်းအဝယ် ဖြစ်ခဲ့ကြောင်းသိရသည်။
ဟင်္သာတဈေးကွက်တွင်မတ်ပဲ (သစ်)များ နယ်စုံမှတစ်ရက်လျှင် အိတ် ၆ဝဝ ခန့်ဝင်ရောက်ခဲ့သော် လည်းရန်ကုန်ဝယ်လက်ကရက်ခြား သာအဝယ်ရှိခဲ့ကြောင်း၊ အရောင်း အဝယ်အနေဖြင့် တစ်ပိဿာ် ၁၂၇၅ ကျပ် ဈေးဖြင့် အရောင်းအဝယ် ဖြစ်မှုနည်းခဲ့ကြောင်း သိရသည်။ ပြည်ဈေးကွက်တွင် မတ်ပဲ(သစ်) များ ပန်းတောင်းနှင့်ကံမဘက်မှ နေ့စဉ် အိတ် ၃ဝဝ ခန့်ဝင်ရောက်ခဲ့ သော်လည်းလှောင်လက်များ၏ အဝယ်မရှိဘဲ ရန်ကုန်ဝယ်လက်က သာ တစ်ပိဿာ ကျပ်၁၃ဝဝ ဈေးဖြင့် တစ်ရက်လျှင်အိတ်၂ဝဝခန့် အဝယ် ရှိခဲ့ကြောင်းသိရသည်။
မကွေးဈေးကွက်တွင် ကုလား ပဲ(ထိုင်ဝမ်)သစ်များ စတင်ဝင် ရောက်လာပြီး တစ်ပိဿာလျှင် ၇၃၆ကျပ်ဈေးဖြင့်ဈေးဖွင့်အရောင်း ရှိခဲ့ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
uniondaily.net

No comments:

Post a Comment