Tuesday 10 February 2015

မက်မောစရာ လစာဖြင့် တိုက်စစ်မှူး စတာလင်ကို လီဗာပူးကမ်းလှမ်း


လီဗာပူးအသင်းက တိုက်စစ်မှူး စတာလင်ကို မက်မောစရာ ကောင်းလောက် တဲ့ စာချုပ်သစ်နဲ့ ကမ်းလှမ်းထားတယ်လို့ နည်းပြ ဘရန်ဒန် ရော်ဂျာက ပြော ဆိုလိုက်ပါတယ်။
အသက် ၂၀ အရွယ် တိုက်စစ်မှူးရဲ့ လက်ရှိစာချုပ်သက်တမ်းဟာ ၂၀၁၇ မှာ ကုန်ဆုံးမှာ ဖြစ်လို့ လီဗာပူးက စာချုပ်သစ်အတွက် ကမ်းလှမ်းနေတာပါ။
စတာလင်ဟာ လောလောဆယ် တပတ်ကို လုပ်ခလစာ ပေါင် ၃ သောင်း ရရှိနေပါတယ်။ စာချုပ်သစ်မှာ တပတ်ကို လုပ်ခလစာ ဘယ်လောက်အထိ တိုးပေးမလဲ ဆိုတာကို ထုတ်ဖော်ပြောဆိုတာ မရှိပေမယ့် ဗြိတိသျှ ဘောလုံး အကဲခတ်တွေကတော့ တပတ်ကို လစာ ပေါင် ၁ သိန်းကျော်လောက်အထိ ပေးလိမ့်မယ်ဆိုပြီး ခန့်မှန်းထားပါတယ်။
စတာလင်ဟာ လီဗာပူးအတွက် ခြေစွမ်းပြ ကစားနိုင်လို့ ရီရဲလ်မက်ဒရစ်နဲ့ ချဲလ်ဆီးတို့ရဲ့ စိတ်ဝင်စားမှုကို ခံနေရတာပါ။
သူဟာ ဒီနှစ်ရာသီမှာ လီဗာပူးအတွက် ၃၃ ပွဲ ကစားပေးထားပြီး ၉ ဂိုး သွင်း ပေးထားပါတယ်။
DVB

No comments:

Post a Comment