Tuesday 10 February 2015

အနုပညာရှင်တို့ နွှဲတဲ့ မြန်မာ့ရိုးရာ ထမနဲပွဲတော်




MNTV ရုပ်သံလိုင်းက ကြီးမှူး ကျင်းပတဲ့ တပို့တွဲလ ထမနဲပွဲတော်ကို ဖေဖော်ဝါရီ ၂ရက် နေ့က ရွှေထွဋ်တင်မှာ ပြုလုပ်ခဲ့ရာ အနုပညာ ရှင်များစွာ ပါဝင်ဆင်နွှဲခဲ့ကြပါ တယ်။ ဒီထမနဲ ထိုးပြိုင်ပွဲမှာ ပါဝင်ဆင်နွှဲခဲ့တဲ့ Myanmar Media 7 မှ ကိုဝေမင်းမောင်က
“ကျွန်တော်တို့ က မြန်မာလူမျိုးဖြစ်တဲ့အတွက် တပို့တွဲလ ရောက်ပြီဆိုရင် ထမနဲလရာသီလို့ ပြောလို့ရ တယ်။ မြန်မာလူမျိုးတွေရဲ့ ဗုဒ္ဓဘာသာဓလေ့ အရ ကျွန်တော်တို့ မြတ် စွာဘုရားကို ထမနဲ ဆွမ်းကပ်ချင်တယ်။ လူကြီးသူမတွေကို ထမနဲ တွေလိုက်ပို့တာ ဟိုးအရင်ကတည်း က ရှိကြ တယ်။ MNTV ကလုပ်တဲ့ ထမနဲပြိုင်ပွဲမှာ Sky Net က မမီးတို့က ကမ်းလှမ်းတော့ ကျွန်တော် တို့ ဘက်ကလည်း တစ်သင်း ဝင်ယှဉ်ပြိုင် တာ ပါ။ ကျွန်တော်တို့ မြန်မာဓလေ့အရ ဒါမျိုးရာသီ ကိုလည်း ပျောက် ကွယ်မသွားဖို့ အမွေအနှစ်ကို ထိန်းသိမ်းရမယ့်စိတ်ကလည်း စိတ်ထဲမှာ ရှိပါတယ်။MNTV ရဲ့ ကောင်းမွန် တဲ့ ရည်ရွယ် ချက်ကိုလည်း ပါဝင် ကူညီပေးချင်တာလည်း ပါပါတယ်။
 ကျွန်တော်တို့ အသင်းမှာတော့ အလွှာပေါင်းစုံက အနုပညာရှင် စုစုပေါင်း ၇၈ယောက်လောက် ပါဝင်ပါတယ်။ ဆုအနေနဲ့တော့ မရခဲ့ပါဘူး။ နိုင်ခြင်းမနိုင်ခြင်းထက် သူတို့ရဲ့ ရည်ရွယ် ချက်ကောင်းကို ပံ့ပိုးပေးချင် တာပါပဲ” လို့ ပြောပါတယ်။ ဒီထမနဲ ထိုးပြိုင်ပွဲမှာ လူမင်း၊ ပြေတီဦးနဲ့ ကျော်ကျော်ဗို တို့ကလည်း တစ်သင်း စီပါဝင်ခဲ့ကြပြီး ပြေတီဦးပါဝင် တဲ့ အသင်းက ပထမဆုရရှိခဲ့ကြောင်းသိရပါတယ်။ ပြိုင် ပွဲမှာ ပထမဆုရ ခဲ့တဲ့ပြေတီဦးက “Sky Net ကနေ တပို့တွဲလ ထမနဲပြိုင် ပွဲလေးလုပ်တာပါ။ မင်း သား၊ မင်းသမီး တွေလည်း အများကြီး ပါဝင်ကြတယ်။ ကိုလူမင်းတို့၊ ကျော် ကျော်ဗိုတို့၊ မင်းသမီးဆိုရင်လည်း အေးမြတ်သူတို့၊ ခင်ဝင့်ဝါတို့ စသဖြင့် အများကြီးပါဝင်ကြတယ်။Sky Net ကလည်း ဖောင်ဒေးရှင်းပွဲတွေမှာ လည်း လိုအပ်သမျှ အမြဲတမ်းကူညီ နေတာဆိုတော့ ရင်းနှီးနေတော့ သူတို့ရဲ့ ပွဲမှာလည်း ဝင်ပြီးပါဝင်ပေးတာပါ။ ထမနဲထိုးတဲ့အပေါ် မှာလည်း အမှတ်ပေးတယ်။ လာကြည့်ကြတဲ့ ပရိသတ်တွေကလည်း ဘယ်အဖွဲ့ကို အမှတ်ပေးချင်လဲ ပေးချင် တဲ့အဖွဲ့ရှေ့ မှာ တ့ငအနဘသမေိ ရှိတယ်။ အဲဒီ အပေါ်မှာ စတေကာကပ်ရတယ်။ စတေကာအနည်းအများပေါ်မှာ လည်း အမှတ်ယူတယ်။ ထမနဲကို အရသာစမ်းတဲ့ ဒိုင်လူကြီးအများကြီး ခေါ်ထားပြီး စနစ်တကျစမ်းကြတယ်။ ဆုကြေး ၁၅သိန်းရတယ်။ ထမနဲ ထိုးတဲ့လူတွေအားလုံးကို ခွဲပေးလိုက်ပါတယ်” လို့ ပြောပါတယ်။
Popular

No comments:

Post a Comment