Tuesday 10 February 2015

နိုင်ငံဝန်ထမ်းများ ခရီးသွားလာရာတွင် ယခင်နှုန်းထားထက် သင့်တော်သည့် ခရီးစရိတ် ထုတ်ပေးနိုင်ရန် စီစဉ်ဆောင်ရွက် လျက်ရှိ

နိုင်ငံဝန်ထမ်းများ ခရီးသွားလာရာတွင် ယခင်နှုန်းထားအဟောင်း အတိုင်း မဟုတ်ဘဲ ၀န်ထမ်းများနစ်နာမှုမရှိသော သင့်တော်သည့် ခရီးစရိတ်နှုန်းထား အဖြစ် ပြင်ဆင်သတ်မှတ်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိသည်ဟု ဘဏ္ဍာရေး ၀န်ကြိးဌာန ဒုတိယ၀န်ကြိး ဒေါက်တာလင်းအောင်က ပြောသည်။
ယခုလ ၉ ရက်နေ့ ကကျင်းပသည့် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် မွန်ပြည်နယ် ၊ မဲဆန္ဒနယ် အမှတ် (၅) မှ ဦးနိုင်ထွန်းအုံ၏ ၀န်ထမ်းများ ခရီး သွားလာရာတွင် ယခင်နှုန်းထားထက်အဟောင်းအတိုင်းမဟုတ်ဘဲ ၀န်ထမ်း များနစ်နာမှုမရှိသော သင့်တော်သည့်နှုန်းထားတစ်မျိုး သတ်မှတ်ပေးရန် အစီအစဉ်ရှိ ၊ မရှိ မေးမြန်းရာတွင် ဒုဝန်ကြိးက ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။
“ လကရှိနိုင်ငံဝန်ထမ်းများ တာဝန်ဖြင့်သွားရောက်ရသည့် နည်လှည့်ခရီး စရိတ်နှင့် ပြောင်းရွှေ့ ခရီး စရိတ်များကို ၀န်ထမ်းကိုယ်တိုင် နှင့် ၀န်ထမ်း မီသားစုအတွက် အသုံးပြုခဲ့သော လေယာဉ်ခ၊ မော်တော်ယာဉ်ခ ၊ မီးရထား ၊ သဘောင်္ခ နှင့် လှည့်များဖြင့်သွားလာခဲ့သည့် ကုန်ကျစရိတ်များအတွက်မြန်မာနိုင်ငံခရီးစရိတ်နည်းဥပဒေ နည်းဥပဒေ ၆ (၁) အမှန်ကုန်ကျစရီတ်ကို ပေးလျက်ရှိပါတယ် လွှတ်တော်ကိုယ်စားလှယ်တော်ကြိးတင်ပြသည့်အတိုင်း နိုင်ငံဝန်ထမ်းများ ခရီးသွားလာရာတွင် ယခင်နှုန်းထားအဟောင်း အတိုင်း မဟုတ်ဘဲ ၀န်ထမ်းများနစ်နာမှုမရှိသော သင့်တော်သည့် ခရီးစရိတ်နှုန်းထား အဖြစ် ပြင်ဆင်သတ်မှတ်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါတယ် ” ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံခရီးသွားစရိတ်နည်းဥပဒေ ၆ (၁) တွင် အမှန်တကယ်ကုန်ကျ စရိတ်ကို ခွင့်ပြုပေးရာတွင် ၀န်ထမ်းများအနေဖြင့် ခရီးသွားလာရာတွင် ကိုယ်တိုင်အတွပက်ဖြစ်စေ ၊ အကူဝန်ထမ်း နှင့် ကိုယ်ပိုင်ခရီးဆောင်ပစ္စည်း များအတွက်ဖြစ်စေ အမှန်ကုန်ကျခဲ့သုံးစွဲခဲ့ရသော ကူးတို့ ခ ၊ လမ်းတံတားခွန် ၊ ခရီးခွန် နှင့် လုပ်သမားခများကို ခံစားခွင့်ပြုသည်ဟုပါရှိပြိး ဟိုတယ်ခ ၊ တည်းခိုခန်းခ နှင့် သယ်ယူသည့်ပစ္စည်းများဆုံးရှုံး ပျက်စီးခြင်းအတွက် စရိတ်များ ၊ အဆာပြေစားသောက်စရိတ်များ ၊ နှင့် လက်ဆောင်ကြေးကို တောင်းခံခွင့် မရှိဟု ဖော်ပြထားသည်။
နိုင်ငံဝန်ထမ်းများ တာဝန်ဖြင့်ခရီးသွားလာရာတွင် နေ့ တွက်စရိတ်များ နှုန်းထားများကို ၁၉၂၂ ခုနှစ်က ပြဌာန်းခဲ့သည့် မြန်မာနိုင်ငံ ခရီးစရိတ် နည်းဥပဒေအရ ခရီးစရိတ်များခွင့်ပြုပေးလျက်ရှိရာ ခေတ်ကာလအခြေအနေ နှင့် လိုက်လျောညီထွေဖြစ်စေရန် ပြန်လည်သုံးသပ်၍ ၁၉၇၉ ခုနှစ်တွင် တစ်ကြိမ် ၊ ၁၉၈၉ ခုနှစ်တွင် တစ်ကြိမ် ၊ ၂၀၁၀ ခုနှစ်တွင်တစ်ကြိမ် နှင့် ၂၀၁၃ ခုနှစ်တွင် တစ်ကြိမ်ပြင်ဆင်သတ်မှတ်ပေးခဲ့ရာ နောက်ဆုံးအကြိမ် ပြင်ဆင် သတ်မှတ်ပေးခဲ့သည့်ခရီးသွားနေ့ တွက်စရိတ်မှာ ကျပ် ၁၇၀၀ နှုန်းသတ်မှတ်ပေးခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
The Street View

No comments:

Post a Comment