Tuesday 10 February 2015

ရေပေးစီမံကိန်း အသစ်နှစ်ခု လာမည့် ဘဏ္ဍာနှစ်တွင် စတင်မည်


ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်း သောက်သုံးရေ တိုးမြှင့်ဖြန့်ဝေနိုင်ရန် ရေပေးစီမံကိန်း အသစ် ၂ ခုကို လာမည့် ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) မှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။
လတ်တလောတွင် ရေပေးစီမံကိန်း ပြုလုပ်ရန် မှော်ဘီမြို့နယ် လှိုင်မြစ်ရေတင် စီမံကိန်း၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ရှိ စစ်တောင်းရေးပေးဝေ စီမံကိန်း၊ ထန်းတပင်မြို့နယ် ကုက္ကိုဝ မြစ်ရေတင်စီမံကိန်း၊ တွံတေးမြို့နယ် တိုးမြစ် မြစ်ရေတင် စီမံကိန်းတို့ကို လေ့လာလျက်ရှိကြောင်း၊ ယင်းစီမံကိန်းများအနက် နှစ်ခုကို ရွေးချယ်ဆောင်ရွက်မည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
အဆိုပါ စီမံကိန်းများမှာ မြို့ပြစီမံကိန်းနှင့်အညီ ပြုလုပ်မည့် စီမံကိန်းများဖြစ်ပြီး ယင်းစီမံကိန်းများ ပြီးစီးပါက ရေဂါလန် သန်း ၅၈၀ ခန့်ကို နေ့စဉ် ဖြန့်ဝေနိုင်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) ထံမှ ထုတ်ပြန်ထားသည်။
ရန်ကုန်မြို့တော် စည်ပင်နယ်နိမိတ်အတွင်း သောက်သုံးရေများကို ငမိုးရိပ် ရေးပေးဝေ စီမံကိန်းနှင့် ဖူးကြီး၊ လှော်ကား အစရှိသည့် ရေလှောင်ကန်တို့မှ နေ့စဉ် သောက်သုံးရေ ဂါလန်ပေါင်း ၂၀၁၅ သန်း ကို ဖြန့်ဝေလျက်ရှိကြောင်း ယင်းဌာန၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။
The Voice Weekly

No comments:

Post a Comment