Tuesday 10 February 2015

ကျောင်းသားသပိတ်ကို လက်မခံရခြင်း အကြောင်းရင်း ၅ ချက်



ကျွန်တော်က မြန်မာပြည်ပညာရေးစနစ်မှာ လွဲနေတာတွေ ရှိနေတယ်လို့ မြင်မိတယ်။ ဒါကြောင့် ကျောင်းသားများ ပညာရေးဥပဒေကြမ်းကို ကန့်ကွက် ဆန္ဒပြမယ်ဆိုတော့ သဘောကျပါတယ်။ သို့သော် ခုလက်ရှိဆန္ဒပြနေတဲ့ ကျောင်းသားသပိတ်ကိုတော့ လက်မခံပါဘူး။ လက်ရှိကျောင်းသားသပိတ်ကို လက်မခံရခြင်း အကြောင်းရင်း ၅ ချက် ရှိပါတယ်။

၁။ ဆန္ဒပြကျောင်းသားများ၏ လေးပုံသုံးပုံသည် ပညာရေးဥပဒကြမ်းကို မဖတ်ဖူးခြင်း၊ ဝန်းရံသည်ဟုဆိုသောသူများ 90% သည်လည်း ပညာရေးဥပဒေကြမ်းကို ဖတ်ဖူးသူများ မဟုတ်ခြင်း
၂။ ဆန္ဒပြကျောင်းသားများသည် နိုင်ငံရေးနှင့် မပတ်သက်ဟုဆိုသော်လည်း လမ်းကြောင်း၊ အစားအသောက်၊ အနေအထိုင်တို့သည် နိုင်ငံရေးအဖွဲ့အစည်းများဖြစ်သော NLD, 88 တို့၏ စီစဉ်မှု၊ ညွှန်ကြားမှု၊ ထောက်ပံ့မှုတို့အောက်၌ ရှိနေခြင်း

၃။ ဆန္ဒပြကျောင်းသားများထဲတွင် ဥမမည်စာမမြောက်၊ အရွယ်မရောက်သေးသော ဘာမှမသိနားမလည်သေးသော ကလေးသူငယ်များ ပါနေခြင်း (ဝါ) ကို ဆွဲသွင်းထားခြင်း
၎။ ကျောင်းသားခေါင်းဆောင်ဆိုသူများသည် မည်သည့်အချိန်က၊ မည်သည့် ကျောင်းသား/သူများက၊ မည်သည့်နေရာ၌ တင်မြှောက်ခဲ့သည်ကို မသိရခြင်း (ဝါ) elected ခေါင်းဆောင်ဖြစ်ကြောင်း သက်သေထင်ရှားမရှိခြင်း
၅။ အမျိုးသားပညာရေးစနစ်ကို ဖော်ဆောင်မည်၊ ဒီမိုကရေစီ ပညာရေး စနစ်ကို ဖော်ဆောင်မည်ဟု ကြွေးကြော်နေလင့်ကစား ယခုအချိန်ထိ ပညာရေးဥပဒေကြမ်းမှ မည်သည့်အချက်များကို ပြင်ဆင်လိုသည်၊ ဖြည့်စွက်လိုသည်၊ ပယ်ဖျက်လိုသည်ဟု ဘာတစ်ခုမှ ဂဃနဏ မတင်ပြ၊ မချပြနိုင်သေးခြင်း
Myo Min Thant

No comments:

Post a Comment