Saturday 25 October 2014

အစိုးရ၏ နောက်ပြန်ဆုတ်သော လုပ်ဆောင်ချက်ကြောင့် နိုင်ငံရေး ဆွေးနွေးပွဲများ မတိုးတက်ဟု UNFC ထုတ်ပြန်

အစိုးရ၏ နောက်ပြန် ဆုတ်သော လုပ်ဆောင်ချက်များကြောင့် နိုင်ငံရေးဆွေးနွေးပွဲများ တိုးတက်မှု မရရှိခြင်းဖြစ်ကြောင်း ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) မှ ထုတ်ပြန် ကြေညာ သည်။

UNFC ပထမအကြိမ် ညီလာခံတွင် ပြန်လည်ဖွဲ့စည်းခဲ့သော ကောင်စီအဖွဲ့ဝင်များ၏ ပထမအကြိမ် အစည်းအဝေးကို ထိုင်း-မြန်မာနယ်စပ်တွင် အောက်တိုဘာ ၂၀ ရက်မှစတင်၍ သုံးရက်ကြာပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အစည်းအဝေးအ ပြီး ထုတ်ပြန်သော သဘောထား ကြေညာချက်၌ အစိုးရအဆက် ဆက် လက်ထက်တွင် နိုင်ငံရေး ပြဿနာကိုတွေ့ဆုံဆွေးနွေး အဖြေမရှာဘဲ အင်အားသုံးအဓိကထား ဖြေရှင်းခဲ့ သဖြင့် ပြေလည်မှု မရရှိခဲ့ကြောင်းနှင့် လက်ရှိ အစိုးရအနေဖြင့်လည်း နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး ဖြေရှင်းရန် လုပ်ဆောင်နေကြောင်း ပြောသော်လည်း လက်တွေ့တွင် တန်းတူမှု၊ တရားမျှတမှု မရှိသည့် အပြင် နောက်ပြန်လှည့်သော လုပ်ရပ်များကြောင့် ဆွေးနွေးပွဲများ လိပ်ခဲတည်းလည်း ဖြစ်နေရကြောင်း ဖော်ပြထားသည်။

ထို့အပြင် မြန်မာ့တပ်မတော် က ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် နှင့် ကရင်ပြည်နယ်များတွင် စစ် ဆင်ရေး များ ပြုလုပ်နေပြီး တိုက် ပွဲများ ဖြစ်ပွားနေခြင်း၊ အခြား သော ဒေသများတွင်လည်း စစ် ရေးပြင်ဆင်မှုများကို အသာစီးယူ လုပ်ဆောင်နေခြင်းတို့ကြောင့် ပြည်တွင်းငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားမှုရှိ၊ မရှိ သံသယ ဖြစ်လာနေရကြောင်း UNFC က ဆိုသည်။

နှစ်ပေါင်း ၇၀ နီးပါးဖြစ်ပွား နေသော ပြည်တွင်း စစ်ကြောင့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး များ ဆုံးရှုံးနေ ရပြီး ၂၀၀၈ ဖွဲ့စည်း ပုံအခြေခံဥပဒေ ပြင်ဆင်ပြောင်းလဲမှု မပြုနိုင်သမျှ အကျပ်အတည်းမှ ရုန်းထွက်နိုင်မည် မဟုတ်ကြောင်း UNFC က ရှုမြင်သည်။

UNFC အနေဖြင့် ပြည်တွင်း ငြိမ်းချမ်းရေးအောင်မြင်ရန် အခြားသော ညီနောင်တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၊ ဒီမိုကရေစီ အင်အားစုများနှင့် တွေ့ဆုံညှိနှိုင်း၍နည်းလမ်း ရှာသွားမည် ဖြစ်ကြောင်း ထုတ်ပြန်သည်။

အဖွဲ့ဝင် ၁၂ ဖွဲ့ ပါဝင်သော UNFC ကို ၂၀၁၁ ခုနှစ် ဖေဖော် ၀ါရီလက ဖွဲ့စည်းခဲ့သည်။ လက် ရှိဥက္ကဋ္ဌမှာ ကေအိုင်အိုမှ ဗိုလ်ချုပ် ကြီး အင်ဘန်လဖြစ်သည်။

အဆိုပါကောင်စီ အဖွဲ့ဝင်အစည်းအဝေးသို့ UNFC ဒုတိယဥက္ကဋ္ဌ (၂) တာဝန်သတ်မှတ်ထားသော ကရင် အမျိုးသားအစည်းအရုံး(KNU)မှာ အဖွဲ့ဝင်အဖြစ် ပါဝင်မှုကို ယာယီရပ်ဆိုင်းထားမှု ကြောင့် တက်ရောက် ခဲ့ခြင်း မရှိ ကြောင်း သတင်းရရှိသည်။

7Day DAILY 

No comments:

Post a Comment