Saturday 25 October 2014

အိမ်စာတွေအများကြီးပေးခြင်းသည် ကလေးများ၏ကျန်းမာရေးထိခိုက်နိုင်

Photo: အိမ်စာတွေအများကြီးပေးခြင်းသည် ကလေးများ၏ကျန်းမာရေးထိခိုက်နိုင်
Saturday, October 25, 2014

တစ်ညလျှင် အိမ်စာ ၃ နာရီ ကျော်၍ လုပ်ရပါက ကလေးများ၏ ကျန်းမာရေးကို ထိခိုက် နိုင်သည်ဟူ၍ Stanford Graduate School of Education က ပြုလုပ်သော လေ့လာချက် အရ ကယ်လီဖိုးနီးယား ရပ်ကွက်များရှိ အစိုးရနှင့်

ပုဂ္ဂလိက အထက်တန်းကျောင်း ၁ဝ ကျောင်းမှ ကျောင်းသား ၄၃ဝဝ ကျော်ကို စစ်တမ်း ကောက်ယူ ရာတွင် တွေ့ရှိ ရသည်ဟု သိရသည်။

ကျောင်းသား များ၏ စိတ်ဖိစီးမှုနှင့် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှု ဖြစ်သော ခေါင်းတစ်ခြမ်း ကိုက်ခြင်း၊ အစာအိမ် အနာ ဖြစ်ခြင်းနှင့် အခြားဝမ်းဗိုက် ပြဿနာများ၊ အိပ်ချိန် လျော့နည်းခြင်း နှင့် အားအင် ကုန်ခန်းခြင်းနှင့် ကိုယ်အလေးချိန် ကျဆင်းခြင်း အကြား ဆက်စပ် နေခြင်းကို ရှင်းလင်းစွာ တွေ့ရှိ ရပြီ ဖြစ်ကြောင်း လေ့လာချက် စာတမ်းကို ပူးတွဲ ရေးသား ပြုစုသူ Denise Pope က CNN သတင်း ဌာနကို ပြောပြသည်။

တစ်ညလျှင် အိမ်စာ ၃ နာရီ လုပ်ရသည်မှာ ကျောင်းသားတိုင်းပင် ဖြစ်ကြောင်း၊ အချို့ ကလေးတွေ ဆိုလျှင် ထိုထက်ပင် ကျော်လွန်၍ တစ်ညလျှင် အိမ်စာ ၅ နာရီ လုပ်ရသူများ ပင် ရှိကြောင်း သိရသည်။

ကျောင်းသား များ၏ ၅၆ ရာခိုင်နှုန်းသည် ၎င်းတို့၏ဘဝတွင် အိမ်စာသည် အဓိကပေး နေသော စိတ်ဖိစီးမှု ဖြစ်ကြောင်း ဆိုကြသည်။ ၁၉၈၄ ခုနှစ်ကတည်းက အမေရိကန်ပြည် ထောင်စုတွင် ကျောင်းသား အများစု၏ အိမ်စာသည် အတော်ကလေး တည်ငြိမ် သွားခဲ့သည်ဟု Brooking Institute ၏ အမေရိကန် ပညာရေးနှင့် ပတ်သက်၍ ၂ဝ၁၄ ခုနှစ် Brown Center အစီရင် ခံစာ အရ ဖော်ပြ ထားသည်။

စံပြ ကျောင်းများတွင် ပို၍ပင် ကျောင်းသားများ အကြား ပြိုင်ဆိုင် မှုမှာ ကြောက်စရာ ကောင်းလောက်သည် ဖြစ်ရာ ပညာရေး လုပ်ဆောင်ချက်က ဖိအားတွေ ကြီးမား လာသည်နှင့် အမျှ ကျောင်းသား၏ ဘဝကို ကျောင်းစာ၊ အိမ်စာတွေက စိုးမိုးထား ကြောင်းသိရသည်။ မိဘတွေ အတော်များများ ကလည်း စိတ်ပူနေကြသည်။ ဘာကြောင့် လဲဆိုလျှင် သူတို့ ကလေးတွေကို စနေ၊ တနင်္ဂနွေ ကျောင်းပိတ်ရက် များတွင် အိမ်စာများနှင့် နပန်းလုံး နေကြရ၍ သားသမီးများ မျက်နှာကိုပင် မမြင်တော့ပေ။

''ကျွန်မတို့ ကလေးတွေကို အိမ်စာများ လျှော့ပေးရန် လိုအပ်နေပြီး အိမ်စာ တွေဟာ အထက်တန်းမှ မဟုတ်ပါဘူး၊ သူတို့ထက် ငယ်တဲ့ အတန်း တွေမှာလည်း ဒီလိုပါပဲ''ဟု ကျောင်းသား မိဘ တစ်ဦး ဖြစ်သူ Ms.Pope က ပြောသည်။

ဆင်းရဲစွာ ကြီးပြင်း လာရသော ကလေးများသည် မူးယစ် ဆေးဝါးများနှင့် အရက်စွဲခြင်း၊ စိတ်ဓာတ် ကျခြင်းနှင့် စိုးရိမ်သောကများ အပါအဝင် အနှောင့် အယှက်များ ရှိနေကြောင်း သုတေသန ပြုချက် အရ သိရသည်။

Ms.Pope က''အိမ်စာ ဆိုတာ အထက်တန်း အတွက် တစ်ည ၂ နာရီထက် ကျော် ပေးစရာ မလိုကြောင်း အလယ်တန်း ကျောင်းသားအတွက် ဆိုရင် ၁ နာရီခွဲကျော် ပေးစရာ မလိုပါဘူး'' ဟု ပြောပြသည်။

သို့ဖြစ်ရာ ကျွန်တော်တို့ နိုင်ငံမှာသာ မက ကမ္ဘာ့ ထိပ်တန်း နိုင်ငံကြီး ဖြစ်သော အမေရိကန် ပြည်ထောင်စုတွင် ပင်လျှင် ကလေးများ အိမ်စာ လုပ်ရသည့် အချိန် ကြာလွန်း နေခြင်းကို ဗဟုသုတ ဖြစ်ဖွယ်ရာ ရေးသား လိုက်ရ ပါသည်။ ။

သိပ္ပဟန်
မြ၀တီ
တစ်ညလျှင် အိမ်စာ ၃ နာရီ ကျော်၍ လုပ်ရပါက ကလေးများ၏ ကျန်းမာရေးကို ထိခိုက် နိုင်သည်ဟူ၍ Stanford Graduate School of Education က ပြုလုပ်သော လေ့လာချက် အရ ကယ်လီဖိုးနီးယား ရပ်ကွက်များရှိ အစိုးရနှင့် ပုဂ္ဂလိက အထက်တန်းကျောင်း ၁ဝ ကျောင်းမှ ကျောင်းသား ၄၃ဝဝ ကျော်ကို စစ်တမ်း ကောက်ယူ ရာတွင် တွေ့ရှိ ရသည်ဟု သိရသည်။

ကျောင်းသား များ၏ စိတ်ဖိစီးမှုနှင့် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှု ဖြစ်သော ခေါင်းတစ်ခြမ်း ကိုက်ခြင်း၊ အစာအိမ် အနာ ဖြစ်ခြင်းနှင့် အခြားဝမ်းဗိုက် ပြဿနာများ၊ အိပ်ချိန် လျော့နည်းခြင်း နှင့် အားအင် ကုန်ခန်းခြင်းနှင့် ကိုယ်အလေးချိန် ကျဆင်းခြင်း အကြား ဆက်စပ် နေခြင်းကို ရှင်းလင်းစွာ တွေ့ရှိ ရပြီ ဖြစ်ကြောင်း လေ့လာချက် စာတမ်းကို ပူးတွဲ ရေးသား ပြုစုသူ Denise Pope က CNN သတင်း ဌာနကို ပြောပြသည်။

တစ်ညလျှင် အိမ်စာ ၃ နာရီ လုပ်ရသည်မှာ ကျောင်းသားတိုင်းပင် ဖြစ်ကြောင်း၊ အချို့ ကလေးတွေ ဆိုလျှင် ထိုထက်ပင် ကျော်လွန်၍ တစ်ညလျှင် အိမ်စာ ၅ နာရီ လုပ်ရသူများ ပင် ရှိကြောင်း သိရသည်။

ကျောင်းသား များ၏ ၅၆ ရာခိုင်နှုန်းသည် ၎င်းတို့၏ဘဝတွင် အိမ်စာသည် အဓိကပေး နေသော စိတ်ဖိစီးမှု ဖြစ်ကြောင်း ဆိုကြသည်။ ၁၉၈၄ ခုနှစ်ကတည်းက အမေရိကန်ပြည် ထောင်စုတွင် ကျောင်းသား အများစု၏ အိမ်စာသည် အတော်ကလေး တည်ငြိမ် သွားခဲ့သည်ဟု Brooking Institute ၏ အမေရိကန် ပညာရေးနှင့် ပတ်သက်၍ ၂ဝ၁၄ ခုနှစ် Brown Center အစီရင် ခံစာ အရ ဖော်ပြ ထားသည်။

စံပြ ကျောင်းများတွင် ပို၍ပင် ကျောင်းသားများ အကြား ပြိုင်ဆိုင် မှုမှာ ကြောက်စရာ ကောင်းလောက်သည် ဖြစ်ရာ ပညာရေး လုပ်ဆောင်ချက်က ဖိအားတွေ ကြီးမား လာသည်နှင့် အမျှ ကျောင်းသား၏ ဘဝကို ကျောင်းစာ၊ အိမ်စာတွေက စိုးမိုးထား ကြောင်းသိရသည်။ မိဘတွေ အတော်များများ ကလည်း စိတ်ပူနေကြသည်။ ဘာကြောင့် လဲဆိုလျှင် သူတို့ ကလေးတွေကို စနေ၊ တနင်္ဂနွေ ကျောင်းပိတ်ရက် များတွင် အိမ်စာများနှင့် နပန်းလုံး နေကြရ၍ သားသမီးများ မျက်နှာကိုပင် မမြင်တော့ပေ။

''ကျွန်မတို့ ကလေးတွေကို အိမ်စာများ လျှော့ပေးရန် လိုအပ်နေပြီး အိမ်စာ တွေဟာ အထက်တန်းမှ မဟုတ်ပါဘူး၊ သူတို့ထက် ငယ်တဲ့ အတန်း တွေမှာလည်း ဒီလိုပါပဲ''ဟု ကျောင်းသား မိဘ တစ်ဦး ဖြစ်သူ Ms.Pope က ပြောသည်။

ဆင်းရဲစွာ ကြီးပြင်းလာရသော ကလေးများသည် မူးယစ် ဆေးဝါးများနှင့် အရက်စွဲခြင်း၊ စိတ်ဓာတ် ကျခြင်းနှင့် စိုးရိမ်သောကများ အပါအဝင် အနှောင့် အယှက်များ ရှိနေကြောင်း သုတေသန ပြုချက် အရ သိရသည်။

Ms.Pope က''အိမ်စာ ဆိုတာ အထက်တန်း အတွက် တစ်ည ၂ နာရီထက် ကျော် ပေးစရာ မလိုကြောင်း အလယ်တန်း ကျောင်းသားအတွက် ဆိုရင် ၁ နာရီခွဲကျော် ပေးစရာ မလိုပါဘူး'' ဟု ပြောပြသည်။

သို့ဖြစ်ရာ ကျွန်တော်တို့ နိုင်ငံမှာသာ မက ကမ္ဘာ့ ထိပ်တန်း နိုင်ငံကြီး ဖြစ်သော အမေရိကန် ပြည်ထောင်စု တွင် ပင်လျှင် ကလေးများ အိမ်စာ လုပ်ရသည့် အချိန် ကြာလွန်း နေခြင်းကို ဗဟုသုတ ဖြစ်ဖွယ်ရာ ရေးသား လိုက်ရ ပါသည်။ ။

သိပ္ပဟန်
မြ၀တီ 

No comments:

Post a Comment