Saturday 25 October 2014

ရွာသားများကန့်ကွက်သည့်ကြားမှ ရွာအမည်ပြောင်းခဲ့သော အုပ်ချုပ်ရေးမှူးအား အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်

Photo: ရွာသားများကန့်ကွက်သည့်ကြားမှ ရွာအမည်ပြောင်းခဲ့သော အုပ်ချုပ်ရေးမှူးအား အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်
Saturday, October 25, 2014

ကလေးမြို့နယ်ရှိ တောင်အူကျေးရွာအုပ်ချုပ်ရေး မှူးအား အလိုမရှိကြောင်း ကျေးရွာသူ၊ ကျေးရွာသားများက အောက်တိုဘာ ၂၄ ရက်တွင် ကလေးမြို့ သို့ လာရောက်ဆန္ဒဖော်ထုတ်ခဲ့ ကြောင်း သတင်းရရှိသည်။

ကလေးမြို့နယ် တောင်အူ ကျေးရွာအုပ်ချုပ်ရေးမှူးသည် တောင်အူကျေးရွာတွင် ၎င်းတာ ဝန် ယူပြီးသည့်နောက်ပိုင်း ကျေး ရွာအမည်ကို ကျေးရွာသားများ လက်မခံသည့်ကြားမှ တောင်ဦး ကျေးရွာအဖြစ် ပြောင်းလဲသတ် မှတ်ရန် လုပ်ဆောင်ခဲ့ကြောင်း ရွာသားများက ပြောကြားသည်။

တောင်အူကျေးရွာအမည် ကို တောင်ဦးကျေးရွာအဖြစ် အမည်ပြောင်းလဲသတ်မှတ်ကြောင်း ကလေးမြို့နယ် အုပ်ချုပ်ရေးမှူးရုံးသို့ စက်တင်ဘာ ၂၃ ရက်တွင် တင်ပြခဲ့ပြီးနောက် အောက်တိုဘာ ၁၅ ရက်တွင် ကျေးရွာအမည် ပြောင်းလဲခြင်းမှာ တရားဝင်ဖြစ်လာခဲ့ကြောင်း ရွာသားများက ပြောသည်။

ကျေးရွာသားများ လက်မခံ သည့်ကြားမှ ရွာအမည်ပြောင်းလဲ ရေးဆောင်ရွက်ခဲ့သော ကျေးရွာ အုပ်ချုပ်ရေးမှူးအား အလိုမရှိ ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်သည်။

‘‘ကျေးရွာသူ၊ ကျေးရွာသား တွေ လက်မခံတဲ့ကြားက အခုလိုလုပ်တဲ့အတွက် ကျေးရွာအုပ်ချုပ်ရေးမှူးကို အလိုမရှိပါဘူး။ သက်ဆိုင်ရာအာဏာပိုင်များအနေနဲ့လည်း လိုအပ်သလို အရေးယူ ဆောင်ရွက်ပေးပါလို့ အကူအညီတောင်းခံပါတယ်’’ဟု ဆန္ဒပြရာတွင် ဦးဆောင်ခဲ့သည့် တောင်အူကျေးရွာမှ ကိုမောင်ထွေးက ပြောသည်။ ဆန္ဒပြရာတွင် တောင်အူ ကျေးရွာမှ ကျေးရွာသူ၊ ကျေးရွာ သား ၂၅၀ ဦးဖြင့် ဆန္ဒပြခဲ့ပြီး တောင်အူကျေးရွာအမည်ပြန် လည်ရရှိရေး၊ တောင်အူကျေးရွာ နှစ်ခြမ်းကွဲစေခဲ့သော အုပ်ချုပ် ရေးမှူးအား အလိုမရှိ၊ တောင်အူ ကျေးရွာပြန်လည်ပေါင်းစည်းရေး အောင်ရမည်ဟူသော ကြွေး ကြော်သံများဖြင့် ကလေးမြို့ ရွှေ ဘုံသာဘုရားကြီးလမ်းမှ နတ် ချောင်းလမ်း၊ ထိုမှ ဗိုလ်ချုပ်လမ်း ယင်းမှတစ်ဆင့် စတင်ချီတက်ခဲ့ သောနေရာအထိ ဆိုင်းဘုတ်များ ကိုင်ကာ လမ်းလျှောက်ဆန္ဒထုတ် ဖော်ခဲ့ကြခြင်းဖြစ်သည်။

7Day DAILY 

ရွာအုပ်ချုပ်ရေးမှူးကို အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်နေသည့် ကျေးရွာသားများ(ဓာတ်ပုံ − ကိုစိုင်း)
ရွာအုပ်ချုပ်ရေးမှူးကို အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်နေသည့် ကျေးရွာသားများ(ဓာတ်ပုံ − ကိုစိုင်း)
ကလေးမြို့နယ်ရှိ တောင်အူကျေးရွာအုပ်ချုပ်ရေး မှူးအား အလိုမရှိကြောင်း ကျေးရွာသူ၊ ကျေးရွာသား များက အောက်တိုဘာ ၂၄ ရက်တွင် ကလေးမြို့ သို့ လာရောက်ဆန္ဒဖော်ထုတ်ခဲ့ ကြောင်း သတင်းရရှိ သည်။

ကလေးမြို့နယ် တောင်အူ ကျေးရွာအုပ်ချုပ်ရေးမှူးသည် တောင်အူကျေးရွာတွင် ၎င်းတာ ဝန် ယူပြီးသည့် နောက်ပိုင်း ကျေး ရွာအမည်ကို ကျေးရွာသားများ လက်မခံသည့်ကြားမှ တောင်ဦး ကျေးရွာအဖြစ် ပြောင်းလဲ သတ် မှတ်ရန် လုပ်ဆောင်ခဲ့ကြောင်း ရွာသားများက ပြောကြားသည်။

တောင်အူကျေးရွာအမည် ကို တောင်ဦးကျေးရွာအဖြစ် အမည်ပြောင်းလဲသတ်မှတ်ကြောင်း ကလေးမြို့နယ် အုပ်ချုပ်ရေးမှူးရုံးသို့ စက်တင်ဘာ ၂၃ ရက်တွင် တင်ပြခဲ့ပြီးနောက် အောက်တိုဘာ ၁၅ ရက်တွင် ကျေးရွာ အမည် ပြောင်းလဲခြင်းမှာ တရားဝင်ဖြစ်လာခဲ့ကြောင်း ရွာသားများက ပြောသည်။

ကျေးရွာသားများ လက်မခံ သည့်ကြားမှ ရွာအမည်ပြောင်းလဲ ရေးဆောင်ရွက်ခဲ့သော ကျေးရွာ အုပ်ချုပ်ရေး မှူး အား အလိုမရှိ ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်သည်။

‘‘ကျေးရွာသူ၊ ကျေးရွာသား တွေ လက်မခံတဲ့ကြားက အခုလိုလုပ်တဲ့အတွက် ကျေးရွာအုပ်ချုပ်ရေးမှူးကို အလိုမရှိပါဘူး။ သက်ဆိုင်ရာအာဏာပိုင်များအနေနဲ့လည်း လိုအပ်သလို အရေးယူ ဆောင်ရွက်ပေးပါလို့ အကူအညီတောင်းခံပါတယ်’’ဟု ဆန္ဒပြရာတွင် ဦးဆောင်ခဲ့သည့် တောင်အူကျေးရွာမှ ကိုမောင်ထွေးက ပြော သည်။ ဆန္ဒပြရာတွင် တောင်အူ ကျေးရွာမှ ကျေးရွာသူ၊ ကျေးရွာ သား ၂၅၀ ဦးဖြင့် ဆန္ဒပြခဲ့ပြီး တောင်အူ ကျေးရွာအမည်ပြန် လည်ရရှိရေး၊ တောင်အူကျေးရွာ နှစ်ခြမ်းကွဲစေခဲ့သော အုပ်ချုပ် ရေးမှူးအား အလိုမရှိ၊ တောင်အူ ကျေးရွာပြန်လည်ပေါင်းစည်းရေး အောင်ရမည်ဟူသော ကြွေး ကြော်သံများဖြင့် ကလေးမြို့ ရွှေ ဘုံသာဘုရားကြီးလမ်းမှ နတ် ချောင်းလမ်း၊ ထိုမှ ဗိုလ်ချုပ်လမ်း ယင်းမှတစ်ဆင့် စတင် ချီတက် ခဲ့ သောနေရာအထိ ဆိုင်းဘုတ်များ ကိုင်ကာ လမ်းလျှောက်ဆန္ဒထုတ် ဖော်ခဲ့ကြခြင်းဖြစ်သည်။

7Day DAILY 

No comments:

Post a Comment