Saturday 25 October 2014

မြန်မာလုပ်သား သုံးထောင်ထံမှ ဘတ်ငွေ သန်းဆယ်ချီလိမ်လည်သည့် ထိုင်းကုမ္ပဏီကို ၀င်ရောက်ဖမ်းဆီး

ထိုင်းနိုင်ငံတွင် မြန်မာ အလုပ်သမား သုံးထောင်ထံမှ ဘတ်ငွေ သန်းဆယ်ချီကာ လိမ် လည်ခဲ့သော ကုမ္ပဏီ တစ်ခုကို ထိုင်းစစ်တပ်၊ အထူးရဲတပ်ဖွဲ့အ ကူအညီဖြင့် ၀င်ရောက်စီးနင်းခဲ့ ပြီး ကုမ္ပဏီပိုင်ရှင်၏သားနှင့်   ကုမ္ပဏီဝန်ထမ်းမြန်မာနိုင်ငံသား ၁၆ ဦးကို ထိန်းသိမ်းလိုက်ကြောင်း သတင်းရရှိသည်။

ဘန်ကောက်မြို့ ဖလန်း ဆောင်နယ်မြေရှိ ကုမ္ပဏီတစ်ခုကိုအောက်တိုဘာ ၂၃ ရက်ညနေတွင် ၀င်ရောက် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ထိုင်းလူမျိုးကုမ္ပဏီပိုင်ရှင်၏ အ သက်(၂၀)ကျော်အရွယ် သားနှင့်အတူ ကုမ္ပဏီ ၀န်ထမ်းမြန်မာနိုင်ငံ သား ၁၆ ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးနေကြောင်း မြန်မာသံရုံး အလုပ်သမား ကူညီစောင့် ရှောက်ရေးကော်မတီမှ ဦးဖြိုးသစ်ဆန်းကပြောသည်။

အဆိုပါကုမ္ပဏီသည် ရှယ် ယာတစ်စုလျှင် ဘတ်ငွေ တစ် သောင်းနှုန်းဖြင့် ထည့်ဝင်စေပြီး မက်မောလောက် သော အတိုးနှုန်းဖြင့် မြန်မာအလုပ်သမားများ အား ကမ်းလှမ်းကာ အလုပ်သမား ၃,၀၀၀ ထံမှ စုစုပေါင်း ဘတ်ငွေ သန်းဆယ်ချီ လိမ်လည်ခဲ့ခြင်း ဖြစ်ကြောင်း၎င်းကပြောသည်။

အလိမ်ခံရသည့် မြန်မာ အလုပ်သမား အချို့က မြန်မာသံရုံးအလုပ်သမား ကူညီစောင့် ရှောက်ရေး ကော်မတီ ၀င် များဖြစ်သော ထိုင်းတောင်ပိုင်း အခြေစိုက် ပညာရေး ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း FED နှင့် ထိုင်းနိုင်ငံ ရောက် မြန်မာနိုင်ငံသားများ အဖွဲ့ MAT တို့ကိုစတင်တိုင်ကြားခဲ့ခြင်းဖြစ်သည်။ FED နှင့် MAT တာဝန်ရှိသူများက ဦးဆောင်ညှိ နှိုင်းပေးခဲ့သော်လည်း ကုမ္ပဏီပိုင် ရှင်မှာ ရုံးခန်းပိတ်၍ တိမ်းရှောင် နေသောကြောင့် ထိုင်းစစ်တပ်နှင့် ရဲတပ်ဖွဲ့အကူအညီယူကာ ၀င် ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါကုမ္ပဏီသည် မြန်မာအလုပ်သမားများထံမှ ၂၀၁၄ ခု  နှစ် ဖေဖော်ဝါရီလကပင် ငွေကြေး လက်ခံရယူခဲ့ပြီး တစ်နှစ်နီးပါးကြာသည်အထိ အတိုးရော၊ အရင်းပါ ပြန်မပေးသောကြောင့် ယခုကဲ့သို့ ပြဿနာ ပေါ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်း MAT အဖွဲ့ဝင် ကိုအောင်မြတ်သူကပြောသည်။

‘‘အလိမ်ခံရတဲ့ ကလေးတွေ က အခုလိုလိမ်လည်နေတဲ့ ကုမ္ပ ဏီမျိုးကို မရှိစေချင်တော့ဘူး။ နောက်ပြီး သူတို့ ရပိုင် ခွင့်ကို ပြန်လိုချင်တယ်။ သူဌေးကို ထိရောက် စွာ အရေးယူပေးစေချင်တယ် ပြောတယ်ဗျ’’ဟု ကိုအောင်မြတ် သူကပြောသည်။

ယခုအခါထိုင်းအစိုးရအရာ ရှိများက ကုမ္ပဏီမှ ၎င်းတို့ သိမ်းခဲ့ သည့် ပစ္စည်းများကို စိစစ်ရောင်း ချ၍ မြန်မာ အလုပ်သမားများ ဆုံး ရှုံးခဲ့သော ငွေများပြန်ပေးမည်ဟု သတင်းကြားရကြောင်း ဦးဖြိုး သစ်ဆန်းက ပြောသည်။ အလိမ် ခံရသော အလုပ်သမားအများစု မှာ အခြေခံအလုပ်သမားများဖြစ် ပြီး တစ်နေ့လျှင် ထိုင်းဘတ်ငွေ ၃၀၀ မှ ၄၀၀ ကြားသာ ရသူများ ဖြစ်ကြောင်း သတင်းရရှိသည်။

7Day DAILy 

No comments:

Post a Comment