Saturday 25 October 2014

စစ်ဆင်ရေးအတွက် တစ်နှစ်လုံး ကျပ်သန်း ၃၀၀ အသုံးပြုမည်

စစ်ဆင်ရေးလုပ် ငန်းများဆောင်ရွက်ရန် တစ်နှစ် လုံး အသုံးစရိတ်အဖြစ် ကျပ်သန်းသုံးရာ သုံးစွဲမည်ဖြစ် ကြောင်း ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် ကာကွယ်ရေးဝန်ကြီးဌာန၏ ဖြည့် စွက်ခွင့်ပြုငွေတွင်ပါရှိသည်။
ယခုဘဏ္ဍာရေးနှစ် ပထမ ငါးလပတ်တွင် စစ်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ကျပ်၂၅ သန်း သုံးစွဲခြင်းဖြစ်ကာ ကျန်ရှိနေသော ဒုတိယ ခုနစ်လပတ်အတွင်း စုစုပေါင်း ကျပ် ၂၇၄ သန်းကျော်ကို သုံးစွဲရန် ကာကွယ်ရေး ၀န်ကြီးဌာနက လျာ ထားခြင်း ဖြစ်သည်။


ထို့ပြင် စစ်ဆင်ရေးအလုပ် သမားငှားရမ်းခအတွက် ကျပ် သန်း၅၄၆ဒသမ၇၉၅၊ စစ်ဆင်ရေး ပို့ဆောင်ခ ငှားရမ်းခ ကျပ်သန်း ၃ ဒသမ ၆၅၈၊ စစ်ဆင်ရေးလုပ် ငန်းအတွက် ကျပ်သန်း ၂၅ဒသမ ၄၇၅ တို့ကို ဘဏ္ဍာရေးနှစ် ပထမ ငါးပတ်အတွင်း သုံးစွဲပြီး ဖြစ် သည်။

၂၀၁၄-၂၀၁၅ ဘဏ္ဍာရေး နှစ် ဖြည့်စွက်ခွင့်ပြုငွေတွင် ကာကွယ်ရေးဝန်ကြီးဌာနသည် စစ် ဆင်ရေးအသုံး စရိတ်များ ဖော်ပြပြီး ယင်းအသုံးစရိတ်များ တိုးမြှင့်တောင်းခံထားသည်ကို တွေ့ရှိရသည်ဟု အောက်တိုဘာ ၂၄ ရက်တွင် ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းဝါနုက တင်ပြခဲ့ သည်။

‘‘ယခုအချိန်ဟာ နိုင်ငံတော်ပြုပြင်ပြောင်းလဲရေး၊ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးတွေကို လုပ်နေတဲ့အချိန်မှာ စစ်ဆင်ရေးအသုံးစရိတ်ကို တိုးမြှင့်ဖို့ မသင့်ပါဘူး။ စစ်ဆင်ရေး အသုံးစရိတ်တွေကို ငြိမ်းချမ်းရေးဘက်မှာ သုံးသင့်ပါတယ်’’ ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းဝါနုက ဆိုသည်။

ဘဏ္ဍာရေးနှစ် ပထမ ငါးလပတ်အတွင်း ကျပ် ၂၅ သန်း ကိုသာ သုံးစွဲခဲ့သော်လည်း ကျန်ရှိ နေသည့် လပိုင်းများအတွင်း စစ် ဆင်ရေးအသုံးစရိတ်များ တိုးမြှင့်ရန် ပါရှိလာခြင်းသည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် အစိုးရတပ်မတော်တို့ကြား တိုက်ပွဲများပြန်လည်ဖြစ်ပွားမည်ကို စိုးရိမ်ကြောင်း ဒေါ်နန်းဝါနုက ပြောကြားသည်။

လက်ရှိအချိန်တွင် ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေးအတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ရန် ဆွေးနွေးနေကြသော်လည်း တိုင်းရင်း သားဒေသအချို့တွင် အစိုးရတပ် နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အချို့ကြား တိုက်ပွဲများပြန် လည်ဖြစ် ပွား ခဲ့သည်။

7Day Daily

No comments:

Post a Comment