Saturday 25 October 2014

နိုင်ငံတကာ အိမ်ခြံမြေရာဖြတ်ကုမ္ပဏီနှင့် မြန်မာကုမ္ပဏီတစ်ရာကျော် ချိတ်ဆက်ဆောင်ရွက်နေဟုဆို

ကမ္ဘာ့နိုင်ငံများ၌ အိမ်ခြံ မြေ ၀န်ဆောင်မှု လုပ်ငန်းနှင့် အတိုင်ပင်ခံလုပ်ငန်း လုပ်ကိုင်နေ သော SaVills ကုမ္ပဏီတွင် မြန်မာ နိုင်ငံမှ ကုမ္ပဏီပေါင်း ၁၀၀ ကျော် ချိတ်ဆက် လုပ်ကိုင်နေသော် လည်း ဈေးနှုန်း သတ်မှတ်မှုပိုင်း တွင် အခက်အခဲများရှိနေသည်ဟု SaVills ကုမ္ပဏီမှ သတင်းရရှိ သည်။

‘‘တန်ဖိုးဖြတ်တာနဲ့ ပတ် သက်ပြီး သူတို့မျှော်လင့်ထားတဲ့ တန်ဖိုးတစ်ခုနဲ့ နိုင်ငံတကာစံနှုန်း တွေနဲ့ အပေါ်မှာ အခြေခံပြီး သတ်မှတ်တဲ့နှုန်းတွေက ကွာဟမှုတွေရှိ နေတယ်။ အဲဒီသတ်မှတ်တဲ့ ကိန်း ဂဏန်းတွေအပေါ် ကုမ္ပဏီတွေနဲ့ တစ်ထပ်တည်းမကျတာတွေ ဖြစ်နေတယ်’’ဟု SaVills မှ မြန်မာနိုင်ငံဆိုင်ရာ မန်နေဂျာက ပြော သည်။

SaVills က တန်ဖိုးဖြတ်မှု လုပ်ဆောင်ပေးရာတွင် လက်ရှိ အစိုးရ သတ်မှတ်ထားသည့် ဈေးနှုန်းများဖြင့် မဟုတ်ဘဲ ဈေး ကွက်တွင်းမှ ပေါက်ဈေးများဖြင့် သတ်မှတ်မှု ပြုလုပ်ပေးနေခြင်း ဖြစ်သည်။

ပြည်တွင်း ကုမ္ပဏီများက SaVills သို့လာရောက်ဆွေးနွေးရာ တွင် အများက မြေယာပိုင်ဆိုင်သူများဖြစ်ပြီး ဆောက်လုပ်ရန် အဆောက်အအုံအမျိုးအစားသိ လိုခြင်း၊ မြေတန်ဖိုးသတ်မှတ်လို ခြင်းနှင့် ဆောက် လုပ်သည့် အ ဆောက်အအုံပေါ်မှ အကျိုးအ မြတ်တွက်ချက်လိုသူများ ဖြစ် သည်။

အဆိုပါကုမ္ပဏီမှာ ရုံးခန်းနှင့်လက်လီ အရောင်းဆိုင်ငှားရမ်း ခြင်းအပါအ၀င် အဆောက်အအုံသစ် တည်ဆောက်ရန် ဖြစ်နိုင်ခြေများ၊ ဈေးကွက်သုတေသန၊ တန်ဖိုးဖြတ်ခြင်းနှင့် ရင်းနှီးမြှုပ်နှံရန် ကြားခံ ဆောင်ရွက် ပေးခြင်း လုပ် ငန်းများ လုပ်ကိုင်နေသည်။

၎င်းတို့အနေဖြင့် နောက်ပိုင်း ကာလတွင် အဆောက်အအုံများ တည်ဆောက်ပြီးပါက ထည့်သွင်း သည့် အသုံးအဆောင်ပစ္စည်းများ၊ နိုင်ငံခြားကုမ္ပဏီများ အနေဖြင့် အဆောက်အအုံများ ငှားရမ်းလိုမှုများအတွက်လည်း ပြည်တွင်းကုမ္ပဏီများနှင့် ချိတ်ဆက်လုပ်ငန်း လုပ်ကိုင်သွားမည်ဟု ဆိုသည်။

SaVills သည် အမေရိကန် နိုင်ငံ၊ ဥရောပနိုင်ငံများ အပါအ၀င် အာရှပစိဖိတ်ဒေသများ၊ အာဖရိကနှင့် အရှေ့အလယ်ပိုင်း နိုင်ငံများတွင် ရုံးခန်းပေါင်း ၅၀၀ ကျော် ဖွင့်လှစ်လုပ်ကိုင်နေသော ကုမ္ပဏီ တစ်ခုဖြစ်သည်။

7Day DAILY

No comments:

Post a Comment