Saturday 25 October 2014

အိန္ဒိယ-ပါကစ္စတန် နယ်စပ် ပစ်ခတ်မှုများကြောင့် ဒေသခံများ ဒုက္ခရောက်

အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံတို့အကြား ပြီးခဲ့သည့် သီတင်းပတ်များက နယ်စပ်တွင် အပြန်အလှန် ပတ်ခတ်ခဲ့မှု များနှင့် ပတ်သက်၍ တစ်ဘက်နှင့်တစ်ဘက် ပြစ်တင်မှုများ ပြုလုပ်လျက် ရှိသည်။

ဆယ်လ်ကော့ဒေသရှိ ချာဝက်ရှ် ဆက်တာ နယ်စပ်မြို့သည် အိမ်နီးချင်းနှစ်နိုင်ငံ အကြားတင်းမာမှုများကို ကြုံတွေ့နေရပြီး ဒေသခံများအနေဖြင့် နယ်စပ်ဒေသတွင် အပစ်အလှန်ပစ်ခတ်မှုများကြောင်း အချိန်တိုင်း စိုးရိမ်ကြောက်ရွံနေရသည်။

အိန္ဒိယနှင့်ပါကစ္စတန်နိုင်ငံတို့ အကြား သတ်မှတ်ထားသောနယ်စပ်မျဉ်းမှ မီတာရာပေါင်းများစွာ ဝေးကွာ လှသော ဒေသတွင်နေထိုင်သော လယ်သမားများက အိန္ဒိယတပ်ဖွဲ့ဝင်များအနေဖြင့် မိမိတို့၏ ကျေးရွာကို ပစ်မှတ်ထား တိုက်ခိုက်မှုအပေါ် စိုးရိမ်ထိတ်လန့်လျက်ရှိကြောင်း ပြောကြားသည်။

အဆိုပါ နယ်စပ် တိုက်ခိုက်မှုကြောင့် ဒေသခံများစွာ သေဆုံးခဲ့ပြီး လူဒါဇင်ပေါင်းများစွာ ဒဏ်ရာရရှိ သွားပြီဖြစ်ကြောင်း သိရသည်။

"ပြည်သူတွေဟာ ညနေပိုင်းဆိုရင်  မြို့ကနေထွက်ပြီး  လုံခြုံစိတ်ချရတဲ့နေရာများကို ပြောင်းရွှေ့တယ် မနက်ကျမှ အိမ်ကိုပြန်လာရတယ်။ သီးနှံရိတ်သိမ်းဖို့ လယ်ကွင်းကို သွားတဲ့အခါမှာလည်း စိုးရိမ်ကြောင့်ကြ နေရ ပါတယ်။ ကျွန်တော်တို့ ဘယ်ကိုမှလည်း မသွားရဲပါဘူး"ဟု ဒေသခံတစ်ဦးကပြောကြားသည်။

ပါကစ္စတန်သည် ၎င်းတို့ပိုင်နက်အတွင်းသို့ လူများစိမ့်ဝင်လာမှုကို ကာကွယ်ရန် နယ်စပ်ဖြတ်ကျော် ပစ်ခတ်မှုများကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း အိန္ဒိယအရာရှိများက ပြောကြားသော်လည်း ပါကစ္စတန် ကွန်မန်ဒိုတပ်ဖွဲ့မှ ထိပ်တန်းတပ်မှူးက ကန့်ကွက်ခဲ့သည်။

အိန္ဒိယနိုင်ငံသည် သတ်မှတ်ထားသောနယ်စပ်စည်းမျဉ်းအခြားတစ်ဘက်တွင် ၃ ဒသမ ၇ မီတာ အမြင့်ရှိသော ခြံစည်းရိုးများကိုစိုက်ထူခဲ့သည့်အပြင်၊ ဒေသနှင့် ခြံစည်ရိုးများကို စောင့်ကြည့်ရန် အား ကောင်း သည့် မီးမောင်းများနှင့် အရည်သွေးမြင့်သည့် ကင်မရာများကို တပ်ဆင်ခြင်းဖြင့် လူများ စိမ့်ဝင် လာမှုကို ကာကွယ်တားဆီးနေကြောင်း ပါကစ္စတန်ဘက်က ပြန်လည်ပြောကြားထားသည်။

Mizzima - News in Burmese 

No comments:

Post a Comment