Saturday 25 October 2014

ခရမ်းချဉ်သီးဖျော်ရည်၏ ကျန်းမာရေး အကျိုးကျေးဇူးများ

Photo: ခရမ်းချဉ်သီးဖျော်ရည်၏ ကျန်းမာရေး အကျိုးကျေးဇူးများ
Saturday, October 25, 2014

ခရမ်းချဉ်သီးတွင် ဗီတာမင်နှင့် သတ္တုဓာတ်များစွာ ပါဝင်သဖြင့် ခရမ်းချဉ်သီး ဖျော်ရည်သောက်ခြင်းဖြင့် ရရှိနိုင်မည့် ကျန်းမာရေးအကျိုးကျေးဇူးများကို ဖော်ပြပေးလိုက်ပါသည်။

ခရမ်းချဉ်သီးဖျော်ရည်တွင် ဗီတာမင် A, K, B1, B2, B3, B5 နှင့် B6 တို့အပြင် သံဓာတ်၊ မဂ္ဂနီဆီယမ်နှင့် ဖော့စပရပ်စ်ဓာတ်တို့ကဲ့သို့ သတ္တုဓာတ်များလည်း ပါဝင်သည်။ ယင်းသတ္တုဓာတ်များနှင့် ဗီတာမင်တို့မှာ ကျန်းမာရေးအတွက်သာ အထူးကောင်းမွန်သည်မဟုတ်ဘဲ အသားအရေနှင့် ဆံကေသာအတွက်လည်း ကောင်းမွန်သည်။

ခရမ်းချဉ်သီးဖျော်ရည် သောက်မည်ဆိုပါက လတ်ဆတ်သော ခရမ်းချဉ်သီးများဖြင့် စီမံပြုလုပ်ရန် အရေးကြီးသည်။ ခရမ်းချဉ်သီးများနှင့် အနီရောင်ရှိသော အသီးများတွင် ပါဝင်သည့် ကင်ဆာရောဂါကာကွယ် ပေးသော ဓာတ်ပစ္စည်းတစ်မျိုးဖြစ်သည့် Lycopene ပါဝင်မှုကြောင့် ဆီးကျိတ်ကင်ဆာဖြစ်ပွားမှု အန္တရာယ်ကို လျှော့ချပေးနိုင်သည်။

ဝမ်းချုပ်ခြင်း၊ ၀မ်းလျှောခြင်းတို့ကဲ့သို့ အစာချေဖျက်မှုဆိုင်ရာ ပြဿနာများကိုလည်း ခရမ်းချဉ်သီးဖျော်ရည်သောက်ခြင်းဖြင့် သက်သာစေနိုင်ကြောင်း သိရသည်။ ခရမ်းချဉ်သီးဖျော်ရည်သောက်ပေးခြင်းဖြင့် သွေးထဲ၌ ကိုလက်စထရောပါဝင်မှုကို လျှော့ချရာတွင် အစွမ်းထက်ကြောင်း ကျွမ်းကျင်သူများက ပြောသည်။ ခရမ်းချဉ်သီးတွင် ပါဝင်သော အမျှင်ဓာတ်ကြောင့် LDL ကိုလက်စထရောများကို လျှော့ချပေးနိုင်ပြီး ကိုလက်စထရောပါဝင်မှု မြင့်မားခြင်းကို တိုက်ဖျက်နိုင်သော ဗီတာမင်ဘီဒြပ်ပေါင်းများလည်း ခရမ်းချဉ်သီးတွင် ပါဝင်သည်။

ခရမ်းချဉ်သီးဖျော်ရည်တွင်ပါဝင်သော ဓာတ်တိုးဆန့်ကျင်ပစ္စည်းများက ဆီးချိုရောဂါ၊ ပန်းနာရင်ကျပ်ရောဂါနှင့် နှလုံးရောဂါတို့ကဲ့သို့ ခန္ဓာကိုယ်ရောင်ရမ်းမှုကို ဖြစ်စေသော ရောဂါများကို တိုက်ဖျက်ရာတွင် အထောက်အကူပြုစေမည် ဖြစ်သည်။

7Day DAILY
ခရမ်းချဉ်သီးတွင် ဗီတာမင်နှင့် သတ္တုဓာတ်များစွာ ပါဝင်သဖြင့် ခရမ်းချဉ်သီး ဖျော်ရည်သောက်ခြင်းဖြင့် ရရှိနိုင်မည့် ကျန်းမာရေးအကျိုးကျေးဇူးများကို ဖော်ပြပေးလိုက်ပါသည်။

ခရမ်းချဉ်သီးဖျော်ရည်တွင် ဗီတာမင် A, K, B1, B2, B3, B5 နှင့် B6 တို့အပြင် သံဓာတ်၊ မဂ္ဂနီဆီယမ်နှင့် ဖော့စပရပ်စ်ဓာတ်တို့ကဲ့သို့ သတ္တုဓာတ်များလည်း ပါဝင်သည်။ ယင်းသတ္တုဓာတ်များနှင့် ဗီတာမင်တို့မှာ ကျန်းမာရေးအတွက်သာ အထူးကောင်းမွန်သည်မဟုတ်ဘဲ အသားအရေနှင့် ဆံကေသာအတွက်လည်း ကောင်းမွန်သည်။

ခရမ်းချဉ်သီးဖျော်ရည် သောက်မည်ဆိုပါက လတ်ဆတ်သော ခရမ်းချဉ်သီးများဖြင့် စီမံပြုလုပ်ရန် အရေးကြီးသည်။ ခရမ်းချဉ်သီးများနှင့် အနီရောင်ရှိသော အသီးများတွင် ပါဝင်သည့် ကင်ဆာရောဂါ ကာကွယ် ပေးသော ဓာတ်ပစ္စည်းတစ်မျိုးဖြစ်သည့် Lycopene ပါဝင်မှုကြောင့် ဆီးကျိတ်ကင်ဆာဖြစ်ပွားမှု အန္တရာယ်ကို လျှော့ချပေးနိုင်သည်။

ဝမ်းချုပ်ခြင်း၊ ၀မ်းလျှောခြင်းတို့ကဲ့သို့ အစာချေဖျက်မှုဆိုင်ရာ ပြဿနာများကိုလည်း ခရမ်းချဉ်သီး ဖျော်ရည် သောက်ခြင်းဖြင့် သက်သာစေနိုင်ကြောင်း သိရသည်။ ခရမ်းချဉ်သီးဖျော်ရည်သောက်ပေးခြင်းဖြင့် သွေးထဲ၌ ကိုလက်စထရောပါဝင်မှုကို လျှော့ချရာတွင် အစွမ်းထက်ကြောင်း ကျွမ်းကျင်သူများက ပြောသည်။ ခရမ်းချဉ်သီးတွင် ပါဝင်သော အမျှင်ဓာတ်ကြောင့် LDL ကိုလက်စထရောများကို လျှော့ချပေးနိုင်ပြီး ကိုလက် စထရောပါဝင်မှု မြင့်မားခြင်းကို တိုက်ဖျက်နိုင်သော ဗီတာမင်ဘီဒြပ်ပေါင်းများလည်း ခရမ်းချဉ်သီးတွင် ပါဝင်သည်။

ခရမ်းချဉ်သီးဖျော်ရည်တွင်ပါဝင်သော ဓာတ်တိုးဆန့်ကျင်ပစ္စည်းများက ဆီးချိုရောဂါ၊ ပန်းနာရင်ကျပ် ရောဂါနှင့် နှလုံးရောဂါတို့ကဲ့သို့ ခန္ဓာကိုယ်ရောင်ရမ်းမှုကို ဖြစ်စေသော ရောဂါများကို တိုက်ဖျက်ရာတွင် အထောက် အကူပြုစေမည် ဖြစ်သည်။

7Day DAILY 

No comments:

Post a Comment