Saturday 25 October 2014

ဗဟိုစံပြငါးဈေးတွင် လမ်းပေါ်တက်ပြီး ငါးရောင်းချသူများကို စီမံချက်ဖြင့် စတင်ဖယ်ရှား

Photo: ဗဟိုစံပြငါးဈေးတွင် လမ်းပေါ်တက်ပြီး ငါးရောင်းချသူများကို စီမံချက်ဖြင့် စတင်ဖယ်ရှား
Saturday, October 25, 2014

 ဗဟိုစံပြငါးဈေးတွင်ပင် လယ်ငါးများအား ကားလမ်းမပေါ် တွင် တက်ရောက်ရောင်းချနေ သည့်အတွက် စီမံချက်ချကာရှင်း လင်းဖယ်ရှားနေပြီဖြစ်ကြောင်းဈေးသာယာရေးကော်မတီမှ သတင်းရရှိသည်။

အောက်တိုဘာ ၂၃ရက် ည ၁၀နာရီတွင် စည်ပင်သာယာဝန် ထမ်းများနှင့် ရဲတပ်ဖွဲ့မှ တာဝန်ရှိ သူအင်အားသုံးရာကျော်ဖြင့်ဈေး အတွင်းရှိ နေရာများတွင်အင်အား သုံးဖယ်ရှားရန် ၀င်ရောက်နေရာယူ ထားသည့်အတွက် ဈေးသည်အ များစုမှာ ဈေးရောင်းချမှုများကိုမ ပြုလုပ်ခဲ့ကြောင်းသိရသည်။

‘‘ရေချိုငါးရောင်းတဲ့သူတွေ ကိုတော့ ဖယ်ရှားတာမလုပ်ပါ ဘူး။ ပင်လယ်ငါးရောင်းတဲ့သူတွေ ကို ဖယ်ဖို့လုပ်တာပါ။ လမ်းမကြီး တွေပေါ် ငါးတက်ခြစ်တာပါ။ဒီအ တွက် လမ်းသွားတဲ့သူတွေ၊ကား သမားတွေအတွက် သွားလာရ တာအခက်အခဲတွေရှိနေတဲ့အ တွက် ကြောင့်ပါ’’ဟု စံပြငါးဈေးရှိ ဈေးသာယာရေးကော်မတီဥက္ကဋ္ဌ ဦးမြမောင်ကပြောသည်။

ရေချိုးငါးရောင်းချသူများမှာ သီးသန့်ဆိုင်ခန်းများနှင့် ရောင်းချနေသော်လည်း ပင်လယ်ငါး ရောင်းချနေသူအများစုမှာ ကား လမ်းမပေါ်တွင် တက်ရောက် ရောင်းချနေသဖြင့် ကားလမ်းပိတ် ဆို့နေခြင်း ဖြစ်သည်။ ယင်းသို့ ရောင်းချနေခြင်းမှာတစ်ယောက် စ နှစ်ယောက်စမှစ၍ ဦးရေတိုး လာခြင်းကြောင့် စီမံချက်ဖြင့် ဖယ် ရှားရန်အတွက် စီစဉ်ကြခြင်းသာ ဖြစ်သည်ဟုဆိုသည်။

‘‘တစ်ဦးက စလိုက်တာ။ လမ်းပေါ်ကို ဈေးသည်ရာကျော် တက်ရောင်းလာကြတာ။ ပြော တော့လည်း လက်မခံဘူး။ ဦးရေ ကများလာတော့ ကျွန်တော်တို့ ပြောတာနဲ့ မလုံလောက်တော့ဘူး။ ပြောလို့ရမယ့်သူတွေကလာ ပြောမှ အဆင်ပြေတော့မှာ’’ ဟု ဈေးဖွံ့ဖြိုးမှုအထောက်အကူပြုအ ဖွဲ့ဝင်ဦးကျော်ဆွေကပြောသည်။

စံပြငါးဈေးအစား သီရိမင်္ဂ လာဈေးအနီးတွင် ရွှေပိတောက် ငါးဈေးသစ်ကို ဖွင့်လှစ်ပေးထား သော်လည်း ဈေးသည်များမှာ ပြောင်းရွှေ့မှုမရှိကြဘဲ ယခင်းဈေး တွင်ဆက်လက်ရောင်းချနေကြ သည်။ ဈေးသစ်တွင် ငါးသို လှောင်ရန်ကြာရှည်အထားမခံ ခြင်း၊ ဆိပ်ကမ်းနှင့် အနည်းငယ် ဝေးနေခြင်းများကြောင့်ဈေးသည် များပြောင်းရွှေ့ခြင်းမရှိခဲ့ကြခြင်း ဖြစ်သည်။

‘‘ဟိုဘက်ကိုပြောင်းလိုက် တာနဲ့ လက်လုပ်လက်စားတွေအ လုပ်လက်မဲ့ဖြစ်မယ်။ ဒီမှာက ကမ်းနဲ့နီးတာတောင် လုံခြုံရေး စိတ်မချရဘူး။ဟိုဘက်ဈေးသစ် က ပိုဆိုးတာပေါ့ဗျာ။ ဒီလိုလိုအပ် ချက်တွေရှိနေတဲ့နေရာကိုလည်း ဘယ်သူကပြောင်းချင်မှာလဲ’’ဟု ဈေးဖွံ့ဖြိုးရေးအထောက်အကူပြု အဖွဲ့ဝင်ဦးစိုးမြင့်က ပြောကြားသည်။

ပြီးခဲ့သည့် ဧပြီ ၂၉ရက်ကစ တင်ဖွင့်လှစ်ခဲ့သော လက်ကားငါး ဈေးသစ်ကြီး၌ ဆိုင်ခန်းပေါင်း ၄၃၂ခန်းရှိရာ ငါးဒိုင်ပိုင်ရှင် ၁၇၀ ဦးဝယ်ယူခဲ့ကြသော်လည်း ၁၀ဦး ခန့်လာရောင်းချနေရာမှ လက်ရှိ တွင် ရောင်းချမှုမရှိတော့ဟု ဆို သည်။

‘‘အင်အားသုံးဖယ်ရှားမယ် ဆိုတာက သူတို့တွေ မေတ္တာမရှိ လို့ပဲ ပြောချင်ပါတယ်။ တကယ် လို့ရောင်းချနေရင်းဖယ်မယ်ဆို ရင်လည်း ဘာမှမတတ်နိုင်ဘူး’’ဟု စည်ပင်ဝန်ထမ်းများနှင့် ရဲတပ်ဖွဲ့ မှ တာဝန်ရှိသူများက ဖယ်ရှားရန် နေရာယူထားခြင်းအပေါ် ဈေးသည်ဒေါ်ခင်လှက ပြောသည်။

ယခု ဈေးရောင်းဝယ်စည် ကားနေသော ကြည့်မြင်တိုင်ရှိ ဗဟိုစံပြငါးဈေးသစ်ကြီးကို ၁၉၉၀ ပြည့်နှစ်တွင်စတင်တည်ဆောက် ခဲ့ပြီး ၂ ဒသမ ၄၈၇ ဧကကျော်  ကျယ်ဝန်းကာ ဈေးရုံ(၇)ရုံ အ တွင်း ၁၅ပေပတ်လည်ကျယ်သော ဆိုင်ခန်းပေါင်း ၁၄၄ခန်းရှိသည်။

သို့ရာတွင် သန့်ရှင်းမှုမရှိခြင်း နှင့် လမ်းပေါ်တွင် ပိတ်ဆို့ကာ ရောင်းနေသော ဆိုင်ခန်းသုံးရာ ကျော်ရှိနေသဖြင့် ဈေးသစ်တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

7Day DAILY

ဗဟိုစံပြငါးဈေးတွင် လမ်းပေါ်တက် ငါးမရောင်းရန် ရဲတပ်ဖွဲ့ဝင်များ လာရောက် ရှင်းလင်းနေစဉ် ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
ဗဟိုစံပြငါးဈေးတွင် လမ်းပေါ်တက် ငါးမရောင်းရန် ရဲတပ်ဖွဲ့ဝင်များ လာရောက် ရှင်းလင်းနေစဉ် ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
 ဗဟိုစံပြငါးဈေးတွင်ပင် လယ်ငါးများအား ကားလမ်းမပေါ်တွင် တက်ရောက်ရောင်းချနေ သည့်အတွက် စီမံချက်ချကာရှင်း လင်းဖယ်ရှားနေပြီဖြစ်ကြောင်းဈေးသာယာရေးကော်မတီမှ သတင်းရရှိသည်။

အောက်တိုဘာ ၂၃ရက် ည ၁၀နာရီတွင် စည်ပင်သာယာဝန် ထမ်းများနှင့် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ အင်အားသုံးရာကျော်ဖြင့်ဈေး အတွင်းရှိ နေရာများတွင်အင်အား သုံးဖယ်ရှားရန် ၀င်ရောက်နေရာယူ ထားသည့်အတွက် ဈေးသည်အ များစုမှာ ဈေးရောင်းချမှုများကိုမ ပြုလုပ်ခဲ့ကြောင်းသိရသည်။

‘‘ရေချိုငါးရောင်းတဲ့သူတွေ ကိုတော့ ဖယ်ရှားတာမလုပ်ပါဘူး။ ပင်လယ်ငါးရောင်းတဲ့သူတွေကို ဖယ်ဖို့ လုပ်တာပါ။ လမ်းမကြီးတွေပေါ် ငါးတက်ခြစ်တာပါ။ဒီအ တွက် လမ်းသွားတဲ့သူတွေ၊ကား သမားတွေအတွက် သွားလာရ တာအခက်အခဲတွေရှိနေတဲ့အတွက် ကြောင့်ပါ’’ဟု စံပြငါးဈေးရှိ ဈေးသာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးမြမောင်ကပြောသည်။

ရေချိုးငါးရောင်းချသူများမှာ သီးသန့်ဆိုင်ခန်းများနှင့် ရောင်းချနေသော်လည်း ပင်လယ်ငါး ရောင်းချနေသူ အများစုမှာ ကား လမ်းမပေါ်တွင် တက်ရောက် ရောင်းချနေသဖြင့် ကားလမ်းပိတ် ဆို့နေခြင်း ဖြစ်သည်။ ယင်းသို့ ရောင်းချနေခြင်းမှာတစ်ယောက် စ နှစ်ယောက်စမှစ၍ ဦးရေတိုး လာခြင်းကြောင့် စီမံချက်ဖြင့် ဖယ် ရှားရန်အတွက် စီစဉ်ကြခြင်းသာ ဖြစ်သည်ဟုဆိုသည်။

‘‘တစ်ဦးက စလိုက်တာ။ လမ်းပေါ်ကို ဈေးသည်ရာကျော် တက်ရောင်းလာကြတာ။ ပြော တော့လည်း လက်မခံဘူး။ ဦးရေကများလာတော့ ကျွန်တော်တို့ ပြောတာနဲ့ မလုံလောက်တော့ဘူး။ ပြောလို့ရမယ့် သူတွေက လာပြောမှ အဆင်ပြေတော့မှာ’’ ဟု ဈေးဖွံ့ဖြိုးမှုအထောက်အကူပြုအ ဖွဲ့ဝင်ဦးကျော်ဆွေက ပြောသည်။

စံပြငါးဈေးအစား သီရိမင်္ဂ လာဈေးအနီးတွင် ရွှေပိတောက် ငါးဈေးသစ်ကို ဖွင့်လှစ်ပေးထား သော်လည်း ဈေးသည်များမှာ ပြောင်းရွှေ့မှုမရှိကြဘဲ ယခင်းဈေး တွင်ဆက်လက်ရောင်းချနေကြ သည်။ ဈေးသစ်တွင် ငါးသို လှောင်ရန်ကြာရှည်အထားမခံ ခြင်း၊ ဆိပ်ကမ်းနှင့် အနည်းငယ် ဝေးနေခြင်းများကြောင့်ဈေးသည် များပြောင်းရွှေ့ခြင်းမရှိခဲ့ကြခြင်း ဖြစ်သည်။

‘‘ဟိုဘက်ကိုပြောင်းလိုက် တာနဲ့ လက်လုပ်လက်စားတွေအ လုပ်လက်မဲ့ဖြစ်မယ်။ ဒီမှာက ကမ်းနဲ့နီးတာ တောင် လုံခြုံရေး စိတ်မချရဘူး။ဟိုဘက်ဈေးသစ် က ပိုဆိုးတာပေါ့ဗျာ။ ဒီလိုလိုအပ် ချက်တွေရှိနေတဲ့ နေရာကိုလည်း ဘယ်သူကပြောင်းချင်မှာလဲ’’ဟု ဈေးဖွံ့ဖြိုးရေးအထောက်အကူပြု အဖွဲ့ဝင်ဦးစိုးမြင့်က ပြောကြားသည်။

ပြီးခဲ့သည့် ဧပြီ ၂၉ရက်ကစ တင်ဖွင့်လှစ်ခဲ့သော လက်ကားငါး ဈေးသစ်ကြီး၌ ဆိုင်ခန်းပေါင်း ၄၃၂ခန်းရှိရာ ငါးဒိုင်ပိုင်ရှင် ၁၇၀ ဦးဝယ်ယူခဲ့ကြသော်လည်း ၁၀ဦး ခန့်လာရောင်းချနေရာမှ လက်ရှိ တွင် ရောင်းချမှုမရှိတော့ဟု ဆို သည်။

‘‘အင်အားသုံးဖယ်ရှားမယ် ဆိုတာက သူတို့တွေ မေတ္တာမရှိ လို့ပဲ ပြောချင်ပါတယ်။ တကယ် လို့ရောင်းချ နေရင်း ဖယ်မယ်ဆို ရင်လည်း ဘာမှမတတ်နိုင်ဘူး’’ဟု စည်ပင်ဝန်ထမ်းများနှင့် ရဲတပ်ဖွဲ့ မှ တာဝန်ရှိသူ များက ဖယ်ရှားရန် နေရာယူထားခြင်းအပေါ် ဈေးသည်ဒေါ်ခင်လှက ပြောသည်။

ယခု ဈေးရောင်းဝယ်စည် ကားနေသော ကြည့်မြင်တိုင်ရှိ ဗဟိုစံပြငါးဈေးသစ်ကြီးကို ၁၉၉၀ ပြည့်နှစ်တွင် စတင်တည်ဆောက် ခဲ့ပြီး ၂ ဒသမ ၄၈၇ ဧကကျော်  ကျယ်ဝန်းကာ ဈေးရုံ(၇)ရုံ အတွင်း ၁၅ ပေ ပတ်လည် ကျယ်သော ဆိုင်ခန်းပေါင်း ၁၄၄ခန်းရှိသည်။

သို့ရာတွင် သန့်ရှင်းမှုမရှိခြင်း နှင့် လမ်းပေါ်တွင် ပိတ်ဆို့ကာ ရောင်းနေသော ဆိုင်ခန်းသုံးရာ ကျော်ရှိနေ သဖြင့် ဈေးသစ်တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

7Day DAILY

No comments:

Post a Comment