Saturday 25 October 2014

ထိုင်းရဲက ခြိမ်းခြောက်၍ ပြစ်မှုမကျူးလွန်ခဲ့ဘဲ ကျူးလွန်ဟု ထွက်ဆိုခဲ့ရကြောင်း လုပ်သားနှစ်ဦးက မိဘများအား ထုတ်ပြော

Photo: ထိုင်းရဲက ခြိမ်းခြောက်၍ ပြစ်မှုမကျူးလွန်ခဲ့ဘဲ ကျူးလွန်ဟု ထွက်ဆိုခဲ့ရကြောင်း လုပ်သားနှစ်ဦးက မိဘများအား ထုတ်ပြော
Saturday, October 25, 2014

ကော့စမွီ - ဖမ်းဆီးခံ မြန်မာ လုပ်သားနှစ်ဦးသည် ဗြိတိန်စုံတွဲ အား ၎င်းတို့သတ်ဖြတ်ခြင်းမဟုတ် ကြောင်း ၎င်းတို့၏ မိဘများနှင့် တွေ့ဆုံစဉ်ပြောကြားလိုက်ပြီး အဆိုပါ ပြောကြားချက်ကို မြန်မာ သံရုံးအထူးအဖွဲ့က အောက်တို ဘာ ၂၈ ရက်တွင် အစိုးရရှေ့နေ များရုံးချုပ်သို့ တင်ပြစာပေးပို့သွား မည်ဖြစ်သည်။

အောက်တိုဘာ ၂၄ ရက်က ဖမ်းဆီးခံမြန်မာလုပ်သားနှစ်ဦး၏ မိဘများနှင့် မြန်မာသံရုံးအထူး အဖွဲ့၊ ထိုင်းနိုင်ငံ ရှေ့နေများ ကောင်စီမှ ရှေ့နေများက ကော့ စမွီထောင်သို့သွားရောက်၍ ဖမ်း ဆီးခံ မြန်မာလုပ်သားနှစ်ဦးနှင့် တွေ့ဆုံခဲ့သည်။ ဖမ်းဆီးခံလုပ် သားနှစ်ဦးသည် ၎င်းတို့၏ မိဘ များနှင့် တွေ့ဆုံသည့်အခါ ဗြိတိန် စုံတွဲကို ၎င်းတို့သတ်ခြင်းမဟုတ် ကြောင်း ၎င်းတို့၏ မိဘများအား ပြောကြားလိုက်ခြင်း ဖြစ်သည်။ ဖမ်းဆီးခံ မြန်မာလုပ်သားနှစ်ဦး ပြောကြားသည့် စကားများကို မြန်မာသံရုံးအဖွဲ့နှင့် ၎င်းတို့ ၏ မိဘများက အစိုးရခရိုင်ရှေ့နေ ရုံးသို့ ချက်ချင်းသွားရောက်၍ စာပို့တင်ပြခဲ့သည်။ အစိုးရခရိုင် ရှေ့နေရုံးမှ အရာရှိကလည်း တင် ပြမှုစာကို လက်ခံလိုက်ပြီး အမှုမှန်အတိုင်းဖြစ်စေရမည်ဟု ဖမ်းဆီးခံ မြန်မာလုပ်သားနှစ်ဦး၏ မိဘများ အား ကတိပေးခဲ့သည်။

ဖမ်းဆီးခံမြန်မာလုပ်သား နှစ်ဦးသည် ထိုင်းရဲတပ်ဖွဲ့က ၎င်း တို့သတ်ပါသည်ဟု ၀န်ခံခိုင်းသောကြောင့် ၀န်ခံလိုက်ခြင်းဖြစ်ပြီး ၀န် ခံခြင်းမရှိပါက လက်ဖြတ်မည်၊ တာယာကွင်းဖြင့် မီးရှို့သတ်မည် ဟု ခြိမ်းခြောက်ခြင်းကြောင့် ၀န်ခံ လိုက်ခြင်းဖြစ်ကြောင်း ဖမ်းဆီးခံ မြန်မာလုပ်သားနှစ်ဦးက ၎င်းတို့ ၏ မိဘများအားပြောသည်။

‘‘ကျွန်တော်နဲ့တွေ့တဲ့အချိန် မှာ ကျွန်တော့်သားက အမှန်အ တိုင်းပြောပါတယ်။ ဒီဖြစ်စဉ်ကို သူတို့မသိဘူး။ ၀န်ခံခိုင်းလို့ ၀န်ခံလိုက်တာပါလို့ ပြောတယ်။ နောက်ပြီး ၀န်မခံဘူးဆိုရင် လက် ဖြတ်မယ်၊ သတ်ပြီးပင်လယ်ထဲ မျှောပစ်မယ်လို့ပြောတယ်တဲ့။ နောက်တာယာကွင်းနဲ့ မီးရှို့ပစ် မယ်လို့ ခြိမ်းခြောက်လို့ဝန်ခံလိုက် တာပါတဲ့။ တရားရုံးတင်ရင်လည်း အမှန်အတိုင်း ဖြေဆိုပါမယ်လို့ ပြောတယ်။ ကျွန်တော့်သားပြော စကားကို ကျွန်တော်ယုံတယ်’’ဟု ၎င်း၏သားနှင့် တွေ့ဆုံပြီး အပြန် တွင် ဦးထွန်းထွန်းထိုက်က အားရ ၀မ်းသာဖြင့်ပြောသည်။

မြန်မာလုပ်သားနှစ်ဦးအား ဖမ်းဆီးစစ်ဆေးချိန်တွင် ထိုင်းရဲ တပ်ဖွဲ့၏ စကားပြန်နှစ်ဦးမှာ မြန် မာနိုင်ငံသားများဖြစ်သည်။ တစ် ဦးမှာ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံ ရုံး၏ ၀န်ထမ်းအဖြစ် ကတ်ပြား ရရှိထားသော ကိုရဲဖြစ်သည်။ ကိုရဲရရှိထားသော သံရုံးကတ်ပြားသည် ယခုတာဝန်ထမ်းဆောင်နေသော သံအမတ်ကြီး ဦးဝင်းမောင်မရောက်ရှိမီကာလ ၂၀၁၃ ခုနှစ်တွင် ရရှိထားခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါကိုရဲသည် စူရတ် ဌာနီရဲစခန်းတွင် ဖမ်းဆီးခံ မြန်မာ လုပ်သားနှစ်ဦးအတွက် စကား ပြန်အဖြစ် လုပ်ပေးသူဖြစ်သည်။ နောက်ထပ် စကားပြန် တစ်ဦး က လိပ်ကျွန်း၌ မြန်မာလုပ်သား နှစ်ဦးက သရုပ်ပြမှုဖြစ်စဉ်တွင် ထိုင်းရဲတပ်ဖွဲ့အား စကားပြန် လုပ်ပေးသူ ကိုမာဖြစ်သည်။ ၎င်း တို့သည် အတင်းအဓမ္မ၀န်ခံခိုင်းသူများဖြစ်သည်ဟုဆိုသည်။ ကိုမာသည် ယခု လက်ရှိအချိန်တွင် ထိုင်းနိုင်ငံ၌ ပျောက်ဆုံးနေသည်။

ကိုရဲနှင့် ကိုမာတို့၏ ပတ်စ် ပို့စာအုပ်များကို ဖျက်သိမ်း၍ အ ရေးယူဆောင်ရွက်သွားရန် မြန်မာသံရုံးအထူးအဖွဲ့က အောက်တို ဘာ ၂၄ ရက်တွင် သံအမတ်ကြီး ထံ တောင်းဆိုထားသည်။

ဖမ်းဆီးခံ မြန်မာလုပ်သား နှစ်ဦးသည် အောက်တိုဘာ ၆ ရက်က ၎င်းတို့အား လာရောက် စစ်ဆေးသော မြန်မာသံရုံးအထူး အဖွဲ့ကို ‘‘မူး၍ လုပ်လိုက်မိသည်’’ ဟု ပြောကြားခဲ့သည်။ နောက် တစ်ကြိမ် သွားရောက်မေးမြန်း သောအခါ ၎င်းတို့သတ်ခြင်း မဟုတ်ဟု ပြောကြားထားသည်။

အောက်တိုဘာ ၂၁ ရက်က ထိုင်းနိုင်ငံ ရှေ့နေများကောင်စီ အဖွဲ့သွားရောက်မေးမြန်းရာတွင် လည်း ထိုင်းရဲတပ်ဖွဲ့က ရိုက်နှက် ခြိမ်းခြောက်၍ ပြောဆိုခိုင်းသော ကြောင့် ၀န်ခံလိုက်ခြင်း ဖြစ် ကြောင်းပြောဆိုသည်။

‘‘ကလေးတွေက အရင်က မပြောရဲဘဲ ဖြစ်နေတာ။ အခု တော့ သူတို့လည်း ယုံကြည်မှုရ သွားပြီး အမှန်အတိုင်းပြောလိုက် တာပါ။ ကျွန်တော်တို့နဲ့ ဒီမနက် မှာတွေ့တဲ့အဆိုအရဆို ဒီကလေး နှစ်ယောက်က တရားခံမဖြစ်နိုင် ပါဘူး။သူတို့က ခြိမ်းခြောက်တာ ကို ကြောက်လို့ ၀န်ခံလိုက်တာပါ။ လာမယ့်အပတ်မှာလည်း ထိုင်း အစိုးရရှေ့နေများရုံးမှာ တင်ပြ စာပေးသွားမယ်။ အဓိကကတော့ ကလေးတွေက သူတို့သတ်တာ မဟုတ်ဘူးလို့ပြောလိုက်တော့ အားရတယ်။ သံအမတ်ကြီးက လည်း ဒီအမှုကို ရှေ့နေများကောင်စီကို တရားဝင်အပ်ဖို့ရှိတယ်။ အဲဒါလည်း လာမယ့်အပတ်မှာ လုပ်သွားမယ်’’ ဟု မြန်မာသံရုံး အထူးအဖွဲ့မှ ဦးထူးချစ်က ပြော သည်။

‘‘ဘာသာပြန်တဲ့ နေရာမှာ လွဲမှားပြီး ရဲလူယုံအဖြစ် ကိုရဲကို ဘာသာပြန်ခိုင်းတာ မှားတာပဲ။ မင်းတို့ဝန်ခံရင် သုံးလေးနှစ်ပဲကျမယ်။ ငါတို့ကူညီပေးလို့ရတယ်လို့ ပြောပြီး ခိုင်းတာလို့ ကလေးတွေ က ပြောတယ်။ သံရုံးကိုယ်စား လှယ်ဆိုပြီး ကလေးတွေကို ၀န်ခံ ခိုင်းတာပါ။ ကိုရဲက ထိုင်းစကား တတ်လို့ဆိုပြီး ထိုင်းရဲတွေက သူ့ ကိုခိုင်းနေတာပါ’’ဟု မြန်မာသံရုံး အထူးအဖွဲ့မှ ဦးမိုးဝေက ပြော သည်။

ဖမ်းဆီးခံ မြန်မာလုပ်သား နှစ်ဦးအား ပြစ်ဒဏ်မှ လွတ် မြောက်ရန်အတွက် ထိုင်းနိုင်ငံ ရှေ့နေများကောင်စီ အဖွဲ့နှင့် ထိုင်းနိုင်ငံ လူ့အခွင့်အရေးကောင်စီအဖွဲ့တို့က ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ဖမ်းဆီးခံ မြန်မာလုပ်သား နှစ်ဦး၏ မိဘများသည် ၎င်းတို့ သားနှင့် တွေ့ဆုံရန် အောက်တိုဘာ ၂၂ ရက်က ဘန်ကောက်မြို့သို့ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးခံ မြန်မာလုပ်သားနှစ်ဦးထားရှိသော နေရာသည် ကော့စမွီကျွန်းရှိ ထောင်တွင်ထားရှိခြင်းဖြစ်သည်။ ကော့စမွီကျွန်းသည် ဘန်ကောက်မြို့မှ ကားဖြင့် သွားလျှင် နာရီ ၂၀ နီးပါးကြာသွားရသည်။

7Day DAILY

မြန်မာလုပ်သားနှစ်ဦးကို ဖမ်းဆီးထားသော ကော့စမွီထောင်ရှေ့သို့ ၎င်းတို့၏ မိဘများရောက်လာရာ စောင့်ဆိုင်းသတင်းယူနေသည့်သတင်းထောက်များကို အောက်တိုဘာ၂၄ရက်ကတွေ့ရစဉ် (ဓာတ်ပုံ−ငြိမ်းချမ်း)
မြန်မာလုပ်သားနှစ်ဦးကို ဖမ်းဆီးထားသော ကော့စမွီထောင်ရှေ့သို့ ၎င်းတို့၏ မိဘများရောက်လာရာ စောင့်ဆိုင်းသတင်းယူနေသည့်သတင်းထောက်များကို အောက်တိုဘာ၂၄ရက်ကတွေ့ရစဉ် (ဓာတ်ပုံ−ငြိမ်းချမ်း)
ကော့စမွီ - ဖမ်းဆီးခံ မြန်မာ လုပ်သားနှစ်ဦးသည် ဗြိတိန်စုံတွဲ အား ၎င်းတို့သတ်ဖြတ်ခြင်းမဟုတ် ကြောင်း ၎င်းတို့၏ မိဘများနှင့် တွေ့ဆုံစဉ်ပြောကြားလိုက်ပြီး အဆိုပါ ပြောကြားချက်ကို မြန်မာ သံရုံးအထူးအဖွဲ့က အောက်တို ဘာ ၂၈ ရက်တွင် အစိုးရရှေ့နေ များရုံးချုပ်သို့ တင်ပြစာပေးပို့သွား မည်ဖြစ်သည်။

အောက်တိုဘာ ၂၄ ရက်က ဖမ်းဆီးခံမြန်မာလုပ်သားနှစ်ဦး၏ မိဘများနှင့် မြန်မာသံရုံးအထူး အဖွဲ့၊ ထိုင်းနိုင်ငံ ရှေ့နေများ ကောင်စီမှ ရှေ့နေများက ကော့ စမွီထောင်သို့သွားရောက်၍ ဖမ်း ဆီးခံ မြန်မာ လုပ်သားနှစ်ဦးနှင့် တွေ့ဆုံခဲ့သည်။ ဖမ်းဆီးခံလုပ် သားနှစ်ဦးသည် ၎င်းတို့၏ မိဘ များနှင့် တွေ့ဆုံသည့် အခါ ဗြိတိန် စုံတွဲကို ၎င်းတို့သတ်ခြင်းမဟုတ် ကြောင်း ၎င်းတို့၏ မိဘများအား ပြောကြားလိုက်ခြင်း ဖြစ်သည်။ ဖမ်းဆီးခံ မြန်မာလုပ်သားနှစ်ဦး ပြောကြားသည့် စကားများကို မြန်မာသံရုံးအဖွဲ့နှင့် ၎င်းတို့ ၏ မိဘများက အစိုးရခရိုင်ရှေ့နေ ရုံးသို့ ချက်ချင်းသွားရောက်၍ စာပို့တင်ပြခဲ့သည်။ အစိုးရခရိုင် ရှေ့နေရုံးမှ အရာရှိကလည်း တင် ပြမှုစာကို လက်ခံလိုက်ပြီး အမှုမှန်အတိုင်းဖြစ်စေရမည်ဟု ဖမ်းဆီးခံ မြန်မာ လုပ်သားနှစ်ဦး၏ မိဘများ အား ကတိပေးခဲ့သည်။

ဖမ်းဆီးခံမြန်မာလုပ်သား နှစ်ဦးသည် ထိုင်းရဲတပ်ဖွဲ့က ၎င်း တို့သတ်ပါသည်ဟု ၀န်ခံခိုင်းသောကြောင့် ၀န်ခံလိုက်ခြင်းဖြစ်ပြီး ၀န်ခံခြင်းမရှိပါက လက်ဖြတ်မည်၊ တာယာကွင်းဖြင့် မီးရှို့သတ်မည် ဟု ခြိမ်းခြောက် ခြင်းကြောင့် ၀န်ခံလိုက်ခြင်းဖြစ်ကြောင်း ဖမ်းဆီးခံ မြန်မာလုပ်သားနှစ်ဦးက ၎င်းတို့ ၏ မိဘများအား ပြောသည်။

‘‘ကျွန်တော်နဲ့တွေ့တဲ့အချိန် မှာ ကျွန်တော့်သားက အမှန်အ တိုင်းပြောပါတယ်။ ဒီဖြစ်စဉ်ကို သူတို့မသိဘူး။ ၀န်ခံခိုင်းလို့ ၀န်ခံလိုက်တာပါလို့ ပြောတယ်။ နောက်ပြီး ၀န်မခံဘူးဆိုရင် လက် ဖြတ်မယ်၊ သတ်ပြီး ပင်လယ် ထဲ မျှောပစ်မယ်လို့ပြောတယ်တဲ့။ နောက်တာယာကွင်းနဲ့ မီးရှို့ပစ် မယ်လို့ ခြိမ်းခြောက်လို့ ၀န်ခံလိုက် တာပါတဲ့။ တရားရုံးတင်ရင်လည်း အမှန်အတိုင်း ဖြေဆိုပါမယ်လို့ ပြောတယ်။ ကျွန်တော့်သား ပြောစကားကို ကျွန်တော်ယုံတယ်’’ဟု ၎င်း၏သားနှင့် တွေ့ဆုံပြီး အပြန်တွင် ဦးထွန်းထွန်းထိုက်က အားရ ၀မ်းသာဖြင့်ပြောသည်။

မြန်မာလုပ်သားနှစ်ဦးအား ဖမ်းဆီးစစ်ဆေးချိန်တွင် ထိုင်းရဲ တပ်ဖွဲ့၏ စကားပြန်နှစ်ဦးမှာ မြန် မာနိုင်ငံသား များဖြစ်သည်။ တစ် ဦးမှာ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံ ရုံး၏ ၀န်ထမ်းအဖြစ် ကတ်ပြား ရရှိထားသော ကိုရဲဖြစ်သည်။ ကိုရဲရရှိထားသော သံရုံးကတ်ပြားသည် ယခုတာဝန်ထမ်းဆောင်နေသော သံအမတ်ကြီး ဦးဝင်းမောင်မရောက်ရှိမီကာလ ၂၀၁၃ ခုနှစ်တွင် ရရှိထားခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါကိုရဲသည် စူရတ် ဌာနီရဲစခန်းတွင် ဖမ်းဆီးခံ မြန်မာ လုပ်သားနှစ်ဦးအတွက် စကား ပြန်အဖြစ် လုပ်ပေးသူဖြစ်သည်။ နောက်ထပ် စကားပြန် တစ်ဦး က လိပ်ကျွန်း၌ မြန်မာလုပ်သား နှစ်ဦးက သရုပ်ပြမှုဖြစ်စဉ်တွင် ထိုင်းရဲတပ်ဖွဲ့အား စကားပြန် လုပ်ပေးသူ ကိုမာဖြစ်သည်။ ၎င်း တို့သည် အတင်းအဓမ္မ၀န်ခံခိုင်းသူများဖြစ်သည်ဟုဆိုသည်။ ကိုမာသည် ယခု လက်ရှိအချိန်တွင် ထိုင်းနိုင်ငံ၌ ပျောက်ဆုံးနေသည်။

ကိုရဲနှင့် ကိုမာတို့၏ ပတ်စ် ပို့စာအုပ်များကို ဖျက်သိမ်း၍ အ ရေးယူဆောင်ရွက်သွားရန် မြန်မာသံရုံး အထူး အဖွဲ့က အောက်တို ဘာ ၂၄ ရက်တွင် သံအမတ်ကြီး ထံ တောင်းဆိုထားသည်။

ဖမ်းဆီးခံ မြန်မာလုပ်သား နှစ်ဦးသည် အောက်တိုဘာ ၆ ရက်က ၎င်းတို့အား လာရောက် စစ်ဆေးသော မြန်မာသံရုံးအထူး အဖွဲ့ကို ‘‘မူး၍ လုပ်လိုက်မိသည်’’ ဟု ပြောကြားခဲ့သည်။ နောက် တစ်ကြိမ် သွားရောက် မေးမြန်း သောအခါ ၎င်းတို့သတ်ခြင်း မဟုတ်ဟု ပြောကြားထားသည်။

အောက်တိုဘာ ၂၁ ရက်က ထိုင်းနိုင်ငံ ရှေ့နေများကောင်စီ အဖွဲ့သွားရောက်မေးမြန်းရာတွင် လည်း ထိုင်းရဲတပ်ဖွဲ့က ရိုက်နှက် ခြိမ်းခြောက်၍ ပြောဆိုခိုင်းသော ကြောင့် ၀န်ခံလိုက်ခြင်း ဖြစ် ကြောင်းပြောဆို သည်။

‘‘ကလေးတွေက အရင်က မပြောရဲဘဲ ဖြစ်နေတာ။ အခု တော့ သူတို့လည်း ယုံကြည်မှုရ သွားပြီး အမှန် အတိုင်းပြောလိုက် တာပါ။ ကျွန်တော်တို့နဲ့ ဒီမနက် မှာတွေ့တဲ့အဆိုအရဆို ဒီကလေး နှစ်ယောက်က တရားခံမဖြစ်နိုင်ပါဘူး။သူတို့က ခြိမ်းခြောက်တာကို ကြောက်လို့ ၀န်ခံလိုက်တာပါ။ လာမယ့်အပတ်မှာလည်း ထိုင်း အစိုးရရှေ့နေများရုံးမှာ တင်ပြ စာပေးသွားမယ်။ အဓိကကတော့ ကလေးတွေက သူတို့သတ်တာ မဟုတ်ဘူးလို့ပြောလိုက်တော့ အားရတယ်။ သံအမတ်ကြီးက လည်း ဒီအမှုကို ရှေ့နေများကောင်စီကို တရားဝင်အပ်ဖို့ရှိတယ်။ အဲဒါလည်း လာမယ့်အပတ်မှာ လုပ်သွားမယ်’’ ဟု မြန်မာသံရုံး အထူးအဖွဲ့မှ ဦးထူးချစ်က ပြော သည်။

‘‘ဘာသာပြန်တဲ့ နေရာမှာ လွဲမှားပြီး ရဲလူယုံအဖြစ် ကိုရဲကို ဘာသာပြန်ခိုင်းတာ မှားတာပဲ။ မင်းတို့ဝန်ခံရင် သုံးလေးနှစ်ပဲကျမယ်။ ငါတို့ကူညီပေးလို့ရတယ်လို့ ပြောပြီး ခိုင်းတာလို့ ကလေးတွေက ပြောတယ်။ သံရုံး ကိုယ်စား လှယ်ဆိုပြီး ကလေးတွေကို ၀န်ခံခိုင်းတာပါ။ ကိုရဲက ထိုင်းစကား တတ်လို့ဆိုပြီး ထိုင်းရဲတွေက သူ့ ကိုခိုင်းနေတာပါ’’ဟု မြန်မာသံရုံး အထူးအဖွဲ့မှ ဦးမိုးဝေက ပြော သည်။

ဖမ်းဆီးခံ မြန်မာလုပ်သား နှစ်ဦးအား ပြစ်ဒဏ်မှ လွတ် မြောက်ရန်အတွက် ထိုင်းနိုင်ငံ ရှေ့နေများကောင်စီ အဖွဲ့နှင့် ထိုင်းနိုင်ငံ လူ့အခွင့်အရေးကောင်စီအဖွဲ့တို့က ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ဖမ်းဆီးခံ မြန်မာလုပ်သား နှစ်ဦး၏ မိဘများသည် ၎င်းတို့ သားနှင့် တွေ့ဆုံရန် အောက်တိုဘာ ၂၂ ရက်က ဘန်ကောက်မြို့သို့ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးခံ မြန်မာလုပ်သားနှစ်ဦးထားရှိသော နေရာသည် ကော့စမွီကျွန်းရှိ ထောင်တွင်ထားရှိခြင်းဖြစ်သည်။ ကော့စမွီကျွန်းသည် ဘန်ကောက်မြို့မှ ကားဖြင့် သွားလျှင် နာရီ ၂၀ နီးပါးကြာသွားရသည်။

7Day DAILY

No comments:

Post a Comment