Saturday 25 October 2014

အပစ်အခတ်ရပ်စဲရေး ကာလအတွင်း ဘိုကိုဟာရမ်အဖွဲ့၏ ပြန်ပေးဆွဲမှုများ ဆက်လက်ဖြစ်ပွား

အဘူဂျာ− ဘိုကိုဟာရမ် အစ္စလာမ်မစ်အကြမ်းဖက်အဖွဲ့က ပြန်ပေး ဆွဲသွားသည့် ကျောင်းသူ ၂၀၀ ကျော် ကို ပြန်လွှတ်ပေးမည့် အစီအစဉ် ပါဝင်သည်ဆိုသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိ ထားကြောင်း အစိုးရက ကြေညာခဲ့သော်လည်း ယင်းအဖွဲ့ မှ စစ်သွေးကြွများက နိုင်ဂျီးရီးယားနိုင်ငံ အရှေ့ မြောက်ပိုင်းရှိ ခရစ်ယာန် ကျေးရွာများမှ အမျိုးသမီးငယ် အနည်းဆုံး ၆၀ ဦးကို ဖမ်း ဆီးခေါ်ဆောင် သွားကြောင်း ဒေ သခံများက ပြောသည်။

လက်နက်အများအပြားပါရှိ သော တိုက်ခိုက်ရေးသမားများက ၎င်းတို့ ပြန်ပေးဆွဲသွားသည့် အ မျိုးသမီးငယ် တစ်ဦးစီအတွက် ကန်ဒေါ်လာကိုးဒေါ်လာ (သို့မ ဟုတ်) နိုင်ရာငွေ ၁,၅၀၀ ချန်ထား ခဲ့ကြောင်း၊ ယင်းအမျိုးသမီးငယ် များကို လိင်ကျွန်များအဖြစ် အသုံးပြုရန် ခေါ်ဆောင်သွားသည့် အဓိပ္ပာယ်ဖြစ်ကြောင်း ဒေသခံများက စီအင်န်အင်န်သတင်းဌာန အား ပြောကြားသည်။

ဘိုကိုဟာရမ်အဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဧပြီလ အတွင်း က ပြန်ပေးဆွဲခံရသော ကျောင်းသူ ၂၀၀ ကျော် မကြာမီ လွတ်မြောက်လာမည်ဟု အစိုးရ၏ ပြောကြား ချက်များမှာ ယခုတစ်ဖန် ပြန်ပေးမှုများ ဖြစ်ပွားပြီးနောက် မေးခွန်းထုတ်စရာ ဖြစ်လာခဲ့သည်။

အိမ်နီးချင်းချဒ်နိုင်ငံတွင် ပြီး ခဲ့သည့် သီတင်းပတ်က ဘိုကိုဟာ ရမ်အဖွဲ့နှင့် လက်မှတ်ရေးထိုးခဲ့ သည် နိုင်ဂျီးရီးယားအစိုးရကပြောသော သဘောတူညီမှုနှင့် ပတ် သက်၍ ဘိုကိုဟာရမ်အဖွဲ့က နှုတ်ဆိတ်နေ သည်။

 ယင်းကျောင်းသူလေးများ လွတ်မြောက်ရေး အချိန်သတ် မှတ်ထားခြင်းမရှိဟု နိုင်ဂျီးရီးယား အာဏာပိုင် များက ပြောကြား ထားသဖြင့် ချက်ချင်းမဟုတ်ဘဲ မတူညီသော အချိန်များတွင် သီးခြားစီခွဲ၍ လွှတ်ပေးဖွယ် ရှိနေသည်။ ထိုအတောအတွင်း ပြီးခဲ့သည့် သီတင်းပတ်အားလပ်ရက် က ဘိုကိုဟာရမ်အဖွဲ့မှဟု ယုံကြည်ရ သော သေနတ်သမားများ က ကျေးရွာနှစ်ရွာနှင့် မြို့တစ်မြို့ ကို တိုက်ခိုက်ခဲ့သဖြင့် လူရှစ်ဦး သေဆုံးပြီး အခြားလူများကို ပြန် ပေးဆွဲသွားခဲ့သည်။

Ref: CNN

No comments:

Post a Comment