Saturday 25 October 2014

အိုင်အက်စ်များအပေါ် ကန်လေယာဉ်များ ဗုံးအလုံး ၁,၇၀၀ ကျော် ကြဲချခဲ့

ဝါရှင်တန်− အမေရိကန်နှင့် မဟာ မိတ် လေယာဉ်များသည် အစ္စ လာမ်မစ်နိုင်ငံတော် (အိုင်အက်စ်)အဖွဲ့ ချေမှုန်းရေး လေကြောင်း ထိုးစစ်တွင် ပျံသန်းမှုစုစုပေါင်း ၆,၆၀၀ ခန့် ပြုလုပ်ခဲ့ပြီး ဗုံးအလုံး ၁,၇၀၀ ကျော် ကြဲခဲ့ကြောင်း အ မေရိကန်စစ်တပ်က အောက်တို ဘာ ၂၃ ရက်တွင် ပြောသည်။

အမေရိကန်ဦးဆောင်သော ညွန့်ပေါင်းအဖွဲ့ လေယာဉ်ပျံသန်းမှုများတွင် လေယာဉ်ဆီဖြည့်ရန် အတွက် ပျံသန်းမှုများ၊ စောင့်ကြည့်ထောက်လှမ်းရေး ပျံသန်းမှုများနှင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပါဝင် သည်။

ညွန့်ပေါင်းအဖွဲ့ လေယာဉ် များသည် အီရတ်နှင့် ဆီးရီးယား ရှိ အိုင်အက်စ်ပစ်မှတ်များကို လေ ကြောင်းမှ တိုက်ခိုက်မှုပေါင်း ၆၃၂ကြိမ် ပြုလုပ်ခဲ့သည်။

အီရတ်နိုင်ငံတွင် သြစတြေး လျ၊ ဘယ်လ်ဂျီယံ၊ ဗြိတိန်နှင့် နယ်သာလန်နိုင်ငံများမှ လေယာဉ်များ သည် ကန်လေယာဉ်များနှင့်အတူ လေကြောင်းထိုးစစ်ဆင်ခဲ့သည် ဟု အမေရိကန်ဗဟိုကြီးကြပ်ကွပ် ကဲရေးဌာန က ပြောသည်။

ဆီးရီးယားနိုင်ငံ၌ ဘာရိန်း၊ ဂျော်ဒန်၊ ဆော်ဒီအာရေးဗီးယား နှင့် ယူအေအီး တိုက်လေယာဉ် များသည် အမေရိကန် တို့နှင့်အတူ အိုင်အက်စ်ချေမှုန်းရေး၌ ပါဝင်ခဲ့ ကြသည်။ကာတာနိုင်ငံသည် လေကြောင်း တိုက်ခိုက်မှု၌ ပါဝင်သည်ဟု အမေရိကန်ဗဟိုကြီးကြပ်ကွပ် ကဲရေးဌာနက ပြောကြားခြင်းမရှိ သော်လည်း ယင်းစစ်ဆင်ရေးကို တစ်ဖက်တစ်လမ်းမှ ကူညီခဲ့သည် ဟု ကန်အရာရှိများက ပြောသည်။

အီရတ်နိုင်ငံရှိ အိုင်အက်စ် ပစ်မှတ်များအပေါ် လေကြောင်း တိုက်ခိုက်မှုပေါင်း ၃၄၆ ကြိမ်နှင့် ဆီးရီးယားရှိ အိုင်အက်စ်ပစ်မှတ် များအပေါ် လေကြောင်းတိုက် ခိုက်မှုပေါင်း ၂၈၆ ကြိမ် ပြုလုပ်ခဲ့ သည်ဟု ဗဟိုကြီးကြပ် ကွပ်ကဲရေး ဌာနက ပြောသည်။ 

Ref: AFP

No comments:

Post a Comment