Saturday 25 October 2014

ဒေသအချို့တွင် နေ့အပူချိန်များ ပုံမှန်ထက်ပိုမြင့်နေ

Photo: ဒေသအချို့တွင် နေ့အပူချိန်များ ပုံမှန်ထက်ပိုမြင့်နေ
Saturday, October 25, 2014

ရန်ကုန် အပါအဝင် ဒေသအချို့၌ ပုံမှန်ရာသီဥတု အခြေအနေမဟုတ်ဘဲ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက အန္တရာယ်ရှိအဆင့် သတိပေးထားသည့် နေ့အပူချိန်ထက် မြင့်တက်နေသောကြောင့် အပူဒဏ်နှင့်ဆိုင်သည့် ကျန်းမာရေးဆိုင်ရာ ပြဿနာများကို သတိထားသင့်ကြောင်း ဒေါက်တာထွန်းလွင်က သတိပေးထားသည်။

‘‘အခုက မိုးအလွန်ဆောင်း အကူးကာလ။ ဒီလို ကာလတွေက အဲဒီပြဿနာရှိတယ်။ ရာသီ အထိုင်မကျတာပေါ့။ မိုးလည်း မပီပြင်ဘူး။ ဆောင်းလည်း မပီ ပြင်ဘူး။ ဒါကြောင့် အပူချိန်တွေ မြင့်နေတယ်။ သတိပေးအဆင့် ထက်ပိုတဲ့ အန္တရာယ်ရှိ အဆင့် ဖြစ်နေတာ။ သတိထားဖို့ လို တယ်’’ ဟု မိုးလေဝသပညာရှင် ဒေါက်တာ ထွန်းလွင်က ပြော ကြားသည်။

အောက်တိုဘာ ၂၃ ရက်နှင့် ၂၄ ရက် တိုင်းတာချက်များအရ ရန်ကုန်၊ မန္တလေးနှင့် နေပြည် တော်တို့တွင် ပုံမှန်ထက် နေ့အပူချိန်များ သိသိသာသာ မြင့် တက်နေပြီး အခြားဒေသများတွင် လည်း အပူချိန်မြင့်နေနိုင်ကြောင်း ၎င်းက ပြောသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO)က နေ့အပူချိန် ၁၀၅ ဒီဂရီ ဖာရင်ဟိုက်မှ ၁၃၀ ဒီဂရီဖာရင် ဟိုက်ကြားကို အန္တရာယ်ရှိအဆင့် သတ်မှတ်ထားပြီး အဆိုပါ ဒေသများတွင် ပျမ်းမျှအပူချိန် ၁၂၀ ဒီဂရီဖာရင် ဟိုက်အထိ မြင့်နေကြောင်း သိရ သည်။

နေ့အပူချိန်များ ၁၀၅ ဒီဂရီ ဖာရင်ဟိုက်အထက် ရှိနေပါက မျက်စိနှင့် အရေပြားဆိုင်ရာ ရောဂါများ ခံစားရတတ်သည့်အပြင် ပိုပြင်းထန်ပါက heat stroke ကဲ့သို့ အပူဒဏ်ကြောင့် ရုတ်တရက်သေဆုံးမှုမျိုးအထိ ဖြစ်တတ်ကြောင်း အရေပြားရောဂါအထူးကုဆရာဝန်ဒေါက် တာမျိုးဆွေက ပြောသည်။

အထူးသဖြင့် ကလေးငယ်နှင့် သက်ကြီးရွယ်အိုများကို ဂရုစိုက်သင့်ကြောင်း ၎င်းက အကြံပြုသည်။ နောက်ဆက်တွဲ ရာသီဥတု သတင်းတစ်ခုအနေဖြင့် ယခုလာ မည့် ဆောင်းရာသီသည် လက်ရှိ အခြေအနေများအရ ပုံမှန်ထက် အအေးလျော့နိုင်ကြောင်း ဒေါက် တာ ထွန်းလွင်က ခန့်မှန်းထား သည်။

7Day DAILY 

ရန်ကုန်မြို့တွင်း သွားလာနေကြသူများ (ဓာတ်ပုံ− နစ်ကီ)
ရန်ကုန်မြို့တွင်း သွားလာနေကြသူများ (ဓာတ်ပုံ− နစ်ကီ)
ရန်ကုန် အပါအဝင် ဒေသအချို့၌ ပုံမှန်ရာသီဥတု အခြေအနေမဟုတ်ဘဲ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက အန္တရာယ်ရှိအဆင့် သတိပေးထားသည့် နေ့အပူချိန်ထက် မြင့်တက်နေသောကြောင့် အပူဒဏ်နှင့်ဆိုင်သည့် ကျန်းမာရေးဆိုင်ရာ ပြဿနာများကို သတိထားသင့်ကြောင်း ဒေါက်တာထွန်းလွင်က သတိပေးထားသည်။

‘‘အခုက မိုးအလွန်ဆောင်း အကူးကာလ။ ဒီလို ကာလတွေက အဲဒီပြဿနာရှိတယ်။ ရာသီ အထိုင်မကျ တာပေါ့။ မိုးလည်း မပီပြင်ဘူး။ ဆောင်းလည်း မပီ ပြင်ဘူး။ ဒါကြောင့် အပူချိန်တွေ မြင့်နေတယ်။ သတိပေး အဆင့် ထက်ပိုတဲ့ အန္တရာယ်ရှိ အဆင့် ဖြစ်နေတာ။ သတိထားဖို့ လို တယ်’’ ဟု မိုးလေဝသပညာရှင် ဒေါက်တာ ထွန်းလွင်က ပြော ကြားသည်။

အောက်တိုဘာ ၂၃ ရက်နှင့် ၂၄ ရက် တိုင်းတာချက်များအရ ရန်ကုန်၊ မန္တလေးနှင့် နေပြည် တော်တို့တွင် ပုံမှန်ထက် နေ့အပူချိန်များ သိသိသာသာ မြင့် တက်နေပြီး အခြားဒေသများတွင် လည်း အပူချိန်မြင့်နေ နိုင်ကြောင်း ၎င်းက ပြောသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO)က နေ့အပူချိန် ၁၀၅ ဒီဂရီ ဖာရင်ဟိုက်မှ ၁၃၀ ဒီဂရီဖာရင် ဟိုက်ကြား ကို အန္တရာယ်ရှိအဆင့် သတ်မှတ်ထားပြီး အဆိုပါ ဒေသများတွင် ပျမ်းမျှအပူချိန် ၁၂၀ ဒီဂရီဖာရင်ဟိုက် အထိ မြင့်နေကြောင်း သိရ သည်။

နေ့အပူချိန်များ ၁၀၅ ဒီဂရီ ဖာရင်ဟိုက်အထက်ရှိနေပါက မျက်စိနှင့်အရေပြားဆိုင်ရာ ရောဂါများ ခံစားရ တတ်သည့် အပြင် ပိုပြင်းထန်ပါက heat stroke ကဲ့သို့ အပူဒဏ်ကြောင့် ရုတ်တရက်သေဆုံးမှုမျိုးအထိ ဖြစ်တတ်ကြောင်း အရေပြားရောဂါအထူးကုဆရာဝန်ဒေါက် တာမျိုးဆွေက ပြောသည်။

အထူးသဖြင့် ကလေးငယ်နှင့် သက်ကြီးရွယ်အိုများကို ဂရုစိုက်သင့်ကြောင်း ၎င်းက အကြံပြုသည်။ နောက် ဆက်တွဲ ရာသီဥတု သတင်းတစ်ခုအနေဖြင့် ယခုလာ မည့် ဆောင်းရာသီသည် လက်ရှိ အခြေအနေ များအရ ပုံမှန်ထက် အအေးလျော့နိုင်ကြောင်း ဒေါက် တာ ထွန်းလွင်က ခန့်မှန်းထား သည်။

7Day DAILY 

No comments:

Post a Comment