Saturday 25 October 2014

အီဘိုလာရောဂါ တိုက်ဖျက်ရေး သြစတြေးလျထံမှ အိုဘားမား အကူအညီတောင်း

ဆစ်ဒနီ− သြစတြေးလျနိုင်ငံအနေ ဖြင့် အနောက်အာဖရိကဒေသ၌ အီဘိုလာရောဂါ ပျံ့နှံ့နေမှု ထိန်း ချုပ်ရေးတွင် ပိုမိုပါဝင်လုပ်ကိုင် ရန် အမေရိကန်နှင့် ဗြိတိန်အစိုးရ တို့က အကူအညီတောင်းခဲ့သည် ဟု သြစတြေးလျဝန်ကြီးချုပ် တိုနီ အက်ဘော့က ပြောသည်။

သြစတြေးလျ ဝန်ကြီးချုပ် သည် အောက်တိုဘာ ၂၂ ရက် တွင် အမေရိကန်သမ္မတ ဘားရက်အိုဘားမားနှင့် ဖုန်းမှတစ်ဆင့် အီ ဘိုလာရောဂါ ဖြစ်ပွားမှုအကြောင်း ဆွေးနွေးခဲ့သည်ဟု ပြောသည်။

သြစတြေးလျအစိုးရသည် နိုင်ငံတကာ အီဘိုလာတိုက်ဖျက် ရေး ကြိုးပမ်းမှု၌ အလုံအလောက် ပါဝင်ခြင်း မရှိဟု အတိုက်အခံပါ တီများက စွပ်စွဲခဲ့သည်။

 သြစတြေးလျ အစိုးရကမူ ၎င်းတို့၏ အမှုထမ်းများကို ဘေး ကင်းလုံခြုံမှု မပေးနိုင်မချင်း အာ ဖရိကဒေသသို့ စေလွှတ်လိမ့်မည် မဟုတ်ဟု ပြောကြားခဲ့သည်။

သြစတြေးလျ အစိုးရသည် အီဘိုလာ တိုက်ဖျက်ရေးအတွက် ကန်ဒေါ်လာ ၁၅ ဒသမ ၇ သန်း ထည့်ဝင် ထားသော်လည်း အာဖရိ ကသို့ ၎င်းတို့၏ ကျန်းမာရေးလုပ် သားများ စေလွှတ်လိမ့်မည် မ ဟုတ်ဟု ယခင်က ပြောကြားခဲ့ သည်။

အကယ်၍ စေလွှတ်လိုက် သော သြစတြေးလျကျန်းမာရေး လုပ်သားများ အီဘိုလာကူးစက် ခံရလျှင် လူနာအား ရွှေ့ပြောင်းမှု ပြုလုပ်ရန် သြစတြေးလျမှာ အာ ဖရိကနှင့် အလွန်ဝေးကွာကြောင်း၊ထို့ကြောင့် ယင်းလူနာ အတွက် ဆေးဝါးအထောက်အပံ့ပေးမည့် တတိယ နိုင်ငံတစ်နိုင်ငံ လိုအပ်ကြောင်း သြစတြေးလျ အစိုးရက ပြောကြားခဲ့သည်။

ယင်းသို့ လူနာအား လက်ခံ ပေးရေးကိစ္စနှင့်ပတ်သက်၍ နိုင်ငံ များစွာနှင့် ဆွေးနွေးမှုများ ပြုလုပ် နေသည်ဟု သြစတြေးလျနိုင်ငံ ခြားရေးဝန်ကြီးက ပြောသည်။

သြစတြေးလျသည် အာရှ၌ အီဘိုလာဖြစ်လာလျှင်ဟူသော ပြင်ဆင်မှုများကို အာရုံစိုက်ရမည် ဟု ဝန်ကြီးချုပ်အက်ဘော့က ပြောသည်။ သို့ရာတွင် သြစတြေးလျ မဟာမိတ်နိုင်ငံများမှ မေတ္တာရပ်ခံချက် များကိုလည်း အလေးအနက် စဉ်းစားနေသည်ဟု အက်ဘော့က အောက်တိုဘာ ၂၃ ရက်တွင် ပါလီမန်၌ ပြောသည်။

Ref: BBC

No comments:

Post a Comment