Friday 1 August 2014

ကုန်သေတ္တာထဲ ထည့်သယ်လာသည့် သစ်ကုလားအုတ် တံတားနှင့် ခေါင်းဆောင့်မိပြီးသေဆုံး

Photo: ကုန်သေတ္တာထဲ ထည့်သယ်လာသည့် သစ်ကုလားအုတ် တံတားနှင့် ခေါင်းဆောင့်မိပြီးသေဆုံး
Friday, August 1, 2014

တောင်အာဖရိက နိုင်ငံတွင် ကုန်သေတ္တာထဲထည့်ပြီး တင်ဆောင်လာသည့် သစ်ကုလားအုတ်တစ်ကောင် အဝေးပြေးလမ်းပေါ်မှ ခုံးကျော်တံတားနှင့် ခေါင်းဆောင့်မိပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ဇူလိုင် ၃၁ ရက်က ဂျိုဟန်နက်စ်ဘာ့ဂ်မြို့ရှိ N1 အဝေးပြေးလမ်းမကြီးပေါ်တွင် သစ်ကုလားအုတ် နှစ်ကောင်ကို ကုန်သေတ္တာထဲထည့်ကာ ထရပ်ကားဖြင့် ဆွဲယူလာရာမှ ထိုကဲ့သို့ အဖြစ်မျိုးနှင့် ကြုံခဲ့ခြင်း ဖြစ်သည်။ သစ်ကုလားအုတ်များ၏ ရှည်လျားသော လည်ပင်းများသည် ကုန်သေတ္တာ အပြင်ဘက်သို့ ထွက်နေရာ ခုံးကျော်တံတားနှင့် မလွတ်ဘဲ တိုက်မိခဲ့ခြင်း ဖြစ်သည်။

တိုက်မိသည့် အရှိန်မှာ ပြင်းထန်လွန်းသဖြင့် သစ်ကုလားအုတ် နှစ်ကောင်စလုံး ပြင်းထန်စွာ ဒဏ်ရာရသွားပြီး ထရပ်ကားလည်း စက်ချွတ်ယွင်းသွားခဲ့သည်။ သစ်ကုလားအုတ်များကို နီးစပ်ရာ တိရစ္ဆာန် ဆေးခန်းသို့ ပို့ဆောင်ပေးခဲ့သော်လည်း တစ်ကောင်မှာ သေဆုံးသွားခဲ့ရှာခြင်း ဖြစ်သည်။

အဆိုပါ ဖြစ်ရပ်ကို Hangover Part III ဇာတ်ကားမှ ဇာတ်ဝင်ခန်းနှင့် နှိုင်းယှဉ်ပြီး Twitter တွင် လှောင်ပြောင် ပြောဆိုမှုများ ရှိနေသည်။ ထရပ်ကားနောက်မှ ကားမောင်းလိုက်ပါခဲ့သူ သီနက်စ်ဘိုသာက ဂရန်စ်ဖောင်တိန်း တံတားအရောက်တွင် ယင်းအခြေအနေနှင့် ကြုံခဲ့ခြင်းဖြစ်ကြောင်း Twitterတွင် ရေးသားခဲ့သည်။ “အခင်းဖြစ်တဲ့ နေရာမှာတော့ သွေးတွေ အိုင်ထွန်းနေတာပဲ”ဘိုသာက မှတ်ချက်ပြုခဲ့သည်။

တိရစ္ဆာန် ညှင်းပန်းမှု တားဆီးရေးအဖွဲ့ (NSPCA)မှ မန်နေဂျာဖြစ်သူ ရစ်အလန်က သေဆုံးသွားသည့် သစ်ကုလားအုတ်တွင် ဦးခေါင်း၌ ဆိုးဆိုးရွားရွား ထိခိုက်ထားသည်ကို အတည်ပြုခဲ့သော်လည်း သီးခြား သေမှုသေခင်း စစ်ဆေးချက် ရယူရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

BBC
တောင်အာဖရိက နိုင်ငံတွင် ကုန်သေတ္တာထဲထည့်ပြီး တင်ဆောင်လာသည့် သစ်ကုလားအုတ်တစ်ကောင် အဝေးပြေးလမ်းပေါ်မှ ခုံးကျော်တံတားနှင့် ခေါင်းဆောင့်မိပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
ဇူလိုင် ၃၁ ရက်က ဂျိုဟန်နက်စ်ဘာ့ဂ်မြို့ရှိ N1 အဝေးပြေးလမ်းမကြီးပေါ်တွင် သစ်ကုလားအုတ် နှစ်ကောင် ကို ကုန်သေတ္တာထဲထည့်ကာ ထရပ်ကားဖြင့် ဆွဲယူလာရာမှ ထိုကဲ့သို့ အဖြစ်မျိုးနှင့် ကြုံခဲ့ခြင်း ဖြစ်သည်။ သစ်ကုလားအုတ်များ၏ ရှည်လျားသော လည်ပင်းများသည် ကုန်သေတ္တာ အပြင်ဘက်သို့ ထွက်နေရာ ခုံးကျော် တံတားနှင့် မလွတ်ဘဲ တိုက်မိခဲ့ခြင်း ဖြစ်သည်။

တိုက်မိသည့် အရှိန်မှာ ပြင်းထန်လွန်းသဖြင့် သစ်ကုလားအုတ် နှစ်ကောင်စလုံး ပြင်းထန်စွာ ဒဏ်ရာရသွားပြီး ထရပ်ကားလည်း စက်ချွတ်ယွင်းသွားခဲ့သည်။ သစ်ကုလားအုတ်များကို နီးစပ်ရာ တိရစ္ဆာန် ဆေးခန်းသို့ ပို့ဆောင်ပေးခဲ့သော်လည်း တစ်ကောင်မှာ သေဆုံးသွားခဲ့ရှာခြင်း ဖြစ်သည်။

အဆိုပါ ဖြစ်ရပ်ကို Hangover Part III ဇာတ်ကားမှ ဇာတ်ဝင်ခန်းနှင့် နှိုင်းယှဉ်ပြီး Twitter တွင် လှောင် ပြောင် ပြောဆိုမှုများ ရှိနေသည်။ ထရပ်ကားနောက်မှ ကားမောင်းလိုက်ပါခဲ့သူ သီနက်စ်ဘိုသာက ဂရန်စ် ဖောင်တိန်း တံတားအရောက်တွင် ယင်းအခြေအနေနှင့် ကြုံခဲ့ခြင်းဖြစ်ကြောင်း Twitterတွင် ရေးသားခဲ့သည်။ “အခင်းဖြစ်တဲ့ နေရာမှာတော့ သွေးတွေ အိုင်ထွန်းနေတာပဲ”ဘိုသာက မှတ်ချက်ပြုခဲ့သည်။

တိရစ္ဆာန် ညှင်းပန်းမှု တားဆီးရေးအဖွဲ့ (NSPCA)မှ မန်နေဂျာဖြစ်သူ ရစ်အလန်က သေဆုံးသွားသည့် သစ်ကုလားအုတ် တွင် ဦးခေါင်း၌ ဆိုးဆိုးရွားရွား ထိခိုက်ထားသည်ကို အတည်ပြုခဲ့သော်လည်း သီးခြား သေမှုသေခင်း စစ်ဆေးချက် ရယူရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

BBC

No comments:

Post a Comment