Friday 1 August 2014

နှစ်ယောက်တွဲပုံအဟောင်း ဖေ့စ်ဘွတ်ခ်တင်ခဲ့တဲ့ ထူးအယ်လင်းကို မီးမီးခဲ သတိပေး

Photo: နှစ်ယောက်တွဲပုံအဟောင်း ဖေ့စ်ဘွတ်ခ်တင်ခဲ့တဲ့ ထူးအယ်လင်းကို မီးမီးခဲ သတိပေး 
Friday, August 1, 2014

အဆိုတော် ထူးအယ်လင်းက ဇနီးဟောင်း အဆိုတော်မီးမီးခဲနှင့် လွန်ခဲ့သောလေးနှစ်ကျော်က တွဲရိုက်ထားသည့်ဓာတ်ပုံကို လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာသို့တင်ခဲ့ရာ ထိုကဲ့သို့လုပ်ရပ်များ ထပ်မံပြုလုပ်ပါက တရားရင်ဆိုင်သွားမည်ဖြစ်ကြောင်း မီးမီးခဲကပြောသည်။ ‘‘ထူးအယ်လင်းနဲ့ အစ်မနဲ့ တစ်သက်လုံး အဆင်မပြေနိုင်တော့ဘူး။ သူလုပ်ခဲ့တဲ့ ကိစ္စတွေအတွက်လည်း လုံးဝခွင့်မလွှတ်နိုင်ဘူး။ တရားဝင်လည်း ကွဲပြီးသား ဖြစ်တဲ့အတွက်ကြောင့် ဒီပုံက အစ်မနဲ့လည်းမဆိုင်ဘူး။ သူ့ဘာသာ လျှောက်တင်တဲ့ကိစ္စကို အခုသတိပေးလိုက်ခြင်းပဲ။ ဒီထက်လွန်လာရင် အစ်မ တရားရုံးထပ်တက်ဦးမှာ’’ ဟု အဆိုတော်မီးမီးခဲက ဓာတ်ပုံနှင့်ပတ် သက်၍ တုံ့ပြန်သည်။ မီးမီးခဲသုံးသည်ဟု ယူဆရသော ဖေ့စ်ဘွတ်ခ်အကောင့်တစ်ခုတွင်လည်း ထူးအယ်လင်း ဓာတ်ပုံတင်ခြင်းကိစ္စနှင့်ပတ်သက်၍ ပြန်ပေါင်းရန် အစီအစဉ်လုံးဝမရှိကြောင်း စသည့်စကားများဖြင့် ၎င်း၏ ခံစားချက်များကို ပြတ်ပြတ်သားသား ရေးသားထားသည်။ 

ထူးအယ်လင်းသည် ၎င်း၏ပါးပြင်ကို မီးမီးခဲ အနမ်းပေးနေသော ဓာတ်ပုံကို ဖေ့စ်ဘွတ်ခ်တွင် တင်လိုက်ခြင်းကြောင့် ပရိသတ်များက ပြန်ပေါင်းသွားပြီဟု ယူဆခဲ့ကြပြီး မီးမီးခဲအား  ‘‘ပြန်အဆင်ပြေသွားပြီလား’’ ဟု အသိမိတ်ဆွေများက ဖုန်းဖြင့် ဆက်သွယ်မေးမြန်းနေကြသည့်အတွက် ထိုလုပ်ရပ်ကို လက်မခံနိုင်ကြောင်း မီးမီးခဲကပြောသည်။ အဆိုပါဓာတ်ပုံသည် လွန်ခဲ့သောလေးနှစ်ကျော်က ရိုက်ကူးခဲ့သော ဓာတ်ပုံဖြစ်ပြီး ၎င်းတို့နှစ်ဦး၏ သမီး ဘာဘီ(ခေါ်) ဖြူဖြူ စင်စင်လင်းသည် အသက်ငါးနှစ်ပြည့်တော့မည်ဖြစ်၍ မီးမီးခဲက အုပ်ထိန်းခွင့်ရရှိထားကြောင်း သိရသည်။ မီးမီးခဲသည် ထူးအယ်လင်းနှင့် ကွာရှင်းခွင့်၊ ရပိုင်ခွင့်၊ သမီးအုပ်ထိန်းခွင့်များရရန် တစ်နှစ်ကျော်ကြာ တရားရင်ဆိုင်ခဲ့ပြီး ၂၀၁၄ ဧပြီ ၃၀ ရက်က တရားဝင်ကွာရှင်းခွင့် ရခဲ့ခြင်းဖြစ်သည်။

Planet Myanmar Network
အဆိုတော် ထူးအယ်လင်းက ဇနီးဟောင်း အဆိုတော်မီးမီးခဲနှင့် လွန်ခဲ့သောလေးနှစ်ကျော်က တွဲရိုက်ထားသည့် ဓာတ်ပုံကို လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာသို့တင်ခဲ့ရာ ထိုကဲ့သို့လုပ်ရပ်များ ထပ်မံပြုလုပ်ပါက တရားရင်ဆိုင်သွားမည်ဖြစ်ကြောင်း မီးမီးခဲကပြောသည်။
‘‘ထူးအယ်လင်းနဲ့ အစ်မနဲ့ တစ်သက်လုံး အဆင်မပြေနိုင်တော့ဘူး။ သူလုပ်ခဲ့တဲ့ ကိစ္စတွေအတွက်လည်း လုံးဝခွင့်မလွှတ်နိုင်ဘူး။ တရားဝင်လည်း ကွဲပြီးသား ဖြစ်တဲ့အတွက်ကြောင့် ဒီပုံက အစ်မနဲ့လည်းမဆိုင်ဘူး။ သူ့ဘာသာ လျှောက်တင်တဲ့ကိစ္စကို အခုသတိပေးလိုက်ခြင်းပဲ။ ဒီထက်လွန်လာရင် အစ်မ တရားရုံးထပ်တက်ဦးမှာ’’ ဟု အဆိုတော်မီးမီးခဲက ဓာတ်ပုံနှင့်ပတ် သက်၍ တုံ့ပြန်သည်။ မီးမီးခဲသုံးသည်ဟု ယူဆရသော ဖေ့စ်ဘွတ်ခ်အကောင့်တစ်ခုတွင်လည်း ထူးအယ်လင်း ဓာတ်ပုံတင်ခြင်းကိစ္စနှင့်ပတ်သက်၍ ပြန်ပေါင်းရန် အစီအစဉ်လုံးဝမရှိကြောင်း စသည့်စကားများဖြင့် ၎င်း၏ ခံစားချက်များကို ပြတ်ပြတ်သားသား ရေးသားထားသည်။

ထူးအယ်လင်းသည် ၎င်း၏ပါးပြင်ကို မီးမီးခဲ အနမ်းပေးနေသော ဓာတ်ပုံကို ဖေ့စ်ဘွတ်ခ်တွင် တင်လိုက်ခြင်းကြောင့် ပရိသတ်များက ပြန်ပေါင်းသွားပြီဟု ယူဆခဲ့ကြပြီး မီးမီးခဲအား  ‘‘
ပြန်အဆင်ပြေ သွားပြီလား’’ ဟု အသိမိတ်ဆွေများက ဖုန်းဖြင့် ဆက်သွယ်မေးမြန်းနေကြသည့်အတွက် ထိုလုပ်ရပ်ကို လက်မခံနိုင်ကြောင်း မီးမီးခဲကပြောသည်။ အဆိုပါဓာတ်ပုံသည် လွန်ခဲ့သောလေးနှစ်ကျော်က ရိုက်ကူးခဲ့သော ဓာတ်ပုံဖြစ်ပြီး ၎င်းတို့နှစ်ဦး၏ သမီး ဘာဘီ(ခေါ်) ဖြူဖြူ စင်စင်လင်းသည် အသက်ငါးနှစ်ပြည့်တော့မည်ဖြစ်၍ မီးမီးခဲက အုပ်ထိန်းခွင့်ရရှိထားကြောင်း သိရသည်။ မီးမီးခဲသည် ထူးအယ်လင်းနှင့် ကွာရှင်းခွင့်၊ ရပိုင်ခွင့်၊ သမီးအုပ်ထိန်းခွင့်များရရန် တစ်နှစ်ကျော်ကြာ တရားရင်ဆိုင်ခဲ့ပြီး ၂၀၁၄ ဧပြီ ၃၀ ရက်က တရားဝင်ကွာရှင်းခွင့် ရခဲ့ခြင်းဖြစ်သည်။

Planet Myanmar Network 

No comments:

Post a Comment