Friday 1 August 2014

ကုန်းတွင်းရေနံလုပ်ကွက် လေးခု ဗြိတိန်၊ နယ်သာလန် ကုမ္ပဏီများနှင့် ပူးပေါင်းလုပ်ကိုင်မည်

Photo: ကုန်းတွင်းရေနံလုပ်ကွက် လေးခု ဗြိတိန်၊ နယ်သာလန် ကုမ္ပဏီများနှင့် ပူးပေါင်းလုပ်ကိုင်မည်
Friday, August 1, 2014 

မြန်မာနိုင်ငံ အလယ်ပိုင်းရှိ ကုန်းတွင်းရေနံ လုပ်ကွက်လေးခုကို ဗြိတိန်နှင့် နယ်သာလန် အခြေစိုက် ရေနံကုမ္ပဏီများနှင့် စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းတို့ ပူးပေါင်း တူးဖော်သွားမည် ဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာနထံမှ စုံစမ်းသိရှိရသည်။

ပြည်မြို့နှင့် မြန်အောင်မြို့ရှိ ကုန်တွင်းရေနံ လုပ်ကွက်နှစ်ခုတွင် ဗြိတိန်အခြေစိုက် MPRLE & P Pte ကုမ္ပဏီ၊ Myanmar Petroleum Exploration & Production ကုမ္ပဏီတို့နှင့် စွမ်းအင် ဝန်ကြီးဌာနတို့ ပူးပေါင်း လုပ်ကိုင်မည် ဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာနထံမှ သိရှိရသည်။ 

ရမည်းသင်းမြို့နှင့် အုန်းတွဲမြို့တို့ရှိ ကုန်တွင်းရေနံ လုပ်ကွက်နှစ်ခုကိုမူ နယ်သာလန်နိုင်ငံ အခြေစိုက် Eni Myanmar B.V ကုမ္ပဏီ၊ Myanmar Petroleum Exploration & Production ကုမ္ပဏီတို့နှင့် စွမ်းအင်ဝန်ကြီးဌာနတို့ ပူးပေါင်းလုပ်ကိုင်မည် ဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။ 

အဆိုပါ ကုမ္ပဏီများနှင့် စွမ်းအင် ဝန်ကြီးဌာန မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းတို့ ပူးပေါင်း တူးဖော်ရေးအတွက် ဇူလိုင်လ ၃၀ ရက်နေ့တွင် နေပြည်တော်ရှိ Lake Garden Hotel ၌ သဘောတူစာချုပ်များ ချုပ်ဆိုခဲ့ကြောင်း စွမ်းအင်ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

စွမ်းအင်ဝန်ကြီးဌာနသည် ၂၀၁၃ ခုနှစ်အတွင်းက အပြည်ပြည်ဆိုင်ရာ တင်ဒါ ခေါ်ယူခဲ့ပြီး ကုန်းတွင်းရေနံ လုပ်ကွက် ၁၆ ခုတွင် လေးခုကို စတင် လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။

MPRLE & P Pte. ကုမ္ပဏီသည် ရေနံလုပ်ငန်းများတွင် နာမည်ကျော် ဦး မိုက်ကယ်မိုးမြင့် အမှုဆောင်အရာရှိချုပ် အဖြစ် တာဝန်ယူထားသော ကုမ္ပဏီတစ်ခုလည်း ဖြစ်သည်။

The Voice Weekly
မြန်မာနိုင်ငံ အလယ်ပိုင်းရှိ ကုန်းတွင်းရေနံ လုပ်ကွက်လေးခုကို ဗြိတိန်နှင့် နယ်သာလန် အခြေစိုက် ရေနံ ကုမ္ပဏီများနှင့် စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းတို့ ပူးပေါင်း တူးဖော်သွား မည် ဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာနထံမှ စုံစမ်းသိရှိရသည်။

ပြည်မြို့နှင့် မြန်အောင်မြို့ရှိ ကုန်တွင်းရေနံ လုပ်ကွက်နှစ်ခုတွင် ဗြိတိန်အခြေစိုက် MPRLE & P Pte ကုမ္ပဏီ၊ Myanmar Petroleum Exploration & Production ကုမ္ပဏီတို့နှင့် စွမ်းအင် ဝန်ကြီးဌာနတို့ ပူးပေါင်း လုပ်ကိုင်မည် ဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာနထံမှ သိရှိရသည်။ 

ရမည်းသင်းမြို့နှင့် အုန်းတွဲမြို့တို့ရှိ ကုန်တွင်းရေနံ လုပ်ကွက်နှစ်ခုကိုမူ နယ်သာလန်နိုင်ငံ အခြေစိုက် Eni Myanmar B.V ကုမ္ပဏီ၊ Myanmar Petroleum Exploration & Production ကုမ္ပဏီတို့နှင့် စွမ်းအင်ဝန်ကြီးဌာနတို့ ပူးပေါင်းလုပ်ကိုင်မည် ဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။ 

အဆိုပါ ကုမ္ပဏီများနှင့် စွမ်းအင် ဝန်ကြီးဌာန မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းတို့ ပူးပေါင်း တူးဖော်ရေး အတွက် ဇူလိုင်လ ၃၀ ရက်နေ့တွင် နေပြည်တော်ရှိ Lake Garden Hotel ၌ သဘောတူစာချုပ် များ ချုပ်ဆိုခဲ့ကြောင်း စွမ်းအင်ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

စွမ်းအင်ဝန်ကြီးဌာနသည် ၂၀၁၃ ခုနှစ်အတွင်းက အပြည်ပြည်ဆိုင်ရာ တင်ဒါ ခေါ်ယူခဲ့ပြီး ကုန်းတွင်းရေနံ လုပ်ကွက် ၁၆ ခုတွင် လေးခုကို စတင် လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။

MPRLE & P Pte. ကုမ္ပဏီသည် ရေနံလုပ်ငန်းများတွင် နာမည်ကျော် ဦး မိုက်ကယ်မိုးမြင့် အမှုဆောင် အရာရှိချုပ် အဖြစ် တာဝန်ယူထားသော ကုမ္ပဏီတစ်ခုလည်း ဖြစ်သည်။

The Voice Weekly 

No comments:

Post a Comment