Friday 1 August 2014

တိုက်ဝရန်တာ ပြိုကျ၍ တစ်ဦးသေ သုံးဦးဒဏ်ရာရ

Photo: တိုက်ဝရန်တာ ပြိုကျ၍ တစ်ဦးသေ သုံးဦးဒဏ်ရာရ 
Friday, August 1, 2014 

ကြည့်မြင်တိုင်မြို့နယ်၊ ရွှေလှိုင်လမ်းအတွင်း ဇူလိုင် ၃၁ ရက်ညက နှစ်ထပ်တိုက်၏ ဝရန်တာတစ်ခု ပြိုကျမှုဖြစ်ပွားခဲ့ရာ အမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံးပြီး အမျိုးသမီးသုံးဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။ ဇူလိုင် ၃၁ ရက် ည ၇ နာရီ ၁၅ မိနစ်ခန့်တွင် ကြည့်မြင်တိုင်မြို့နယ်၊ ညဈေးမှတ်တိုင်အနီး၊ ရွှေလှိုင်လမ်း အတွင်းရှိ နှစ်ထပ်တိုက်၏ အိမ်ရှေ့ဝရန်တာပြိုကျရာ၌ တိုက်အောက်တွင် ဈေးရောင်းနေသည့် ဈေးတန်းပေါ်သို့ ပြုတ်ကျ ခဲ့ခြင်းဖြစ်သည်။ ‘‘ယောက်ျားတစ်ယောက် သေတယ်။ မိန်းမသုံးယောက်ထိတယ်။ အကြောင်းရင်းကတော့ မိုးတအားများနေတော့ နဂိုက ဆွေးနေတဲ့အတွက် အပေါ်က တံစက်မြိတ်ပြုတ်ကျပြီး ဝရန်တာပါထိပြီး  ဝရန်တာပါ ပြုတ်ကျတာ’’ ဟု ကြည့်မြင်တိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးတင်ကျော်ဝင်းကပြောသည်။ ‘‘ဈေးရောင်းနေတုန်းကို ဝုန်း ဝုန်းဆိုပြီး အသံကြားလို့ ကြည့်လိုက်တော့ တိုက်ဝရန်တာကြီးက အောက်မှာရောင်းနေတဲ့ ဈေးသည်တွေပေါ်ကို ပြုတ်ကျတာ။ တစ်ယောက် ပွဲချင်းပြီးဆုံးသွားတယ်’’ ဟု အဆိုပါဈေးတွင် ဈေးရောင်းသူ အမျိုးသမီးတစ်ဦးကလည်း ပြောပြသည်။ ရန်ကုန်မြို့တော်စည်ပင်က အဆိုပါတိုက်ကို အန္တရာယ်ရှိ အဆောက်အအုံအဖြစ် သတ်မှတ်ထားခြင်းမရှိပေ။

ပြီးခဲ့သည့် ဧပြီ ၂၆ ရက် ညနေကလည်း အလုံမြို့နယ်ရှိ နှစ်ထပ်တိုက်ဟောင်းကို တိုက်သစ်ဆောက်ရန် ဖြိုချရာမှ အိမ်ပထမထပ် မျက်နှာစာအခြမ်းရှိ အုတ်နံရံ ပြိုကျခဲ့ပြီး တိုက်ဖြိုဖျက်နေသော အလုပ်သမားသုံးဦးပိမိကာ နေရာ တွင်ပင် နှစ်ဦးသေဆုံးခဲ့ပြီး တစ်ဦးမှာ ဆေးရုံတွင် သေဆုံးခဲ့သည့်ဖြစ်ရပ် ဖြစ်ပွားခဲ့သည်။ ၂၀၁၃ ခုနှစ် မေလကလည်း စမ်းချောင်းမြို့နယ်အတွင်းရှိ တိုက်ဟောင်းကိုဖြိုချစဉ် ဖြိုလက်စတိုက်ပြို၍ အလုပ်သမားတစ်ဦး နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးပြီး နှစ်ဦးမှာ ဆေးရုံသို့ပို့ဆောင်စဉ် သေဆုံးသွားခဲ့သည်။

ရေးသားသူ - သတင်းအဖွဲ့
7Day Daily

ဓာတ်ပုံ - ဂျေမောင်မောင် (အမရပူရ)
ကြည့်မြင်တိုင်မြို့နယ်၊ ရွှေလှိုင်လမ်းအတွင်း ဇူလိုင် ၃၁ ရက်ညက နှစ်ထပ်တိုက်၏ ​ဝရန်တာတစ်ခု ပြိုကျမှုဖြစ်ပွားခဲ့ရာ အမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံးပြီး အမျိုးသမီးသုံးဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။
ဇူလိုင် ၃၁ ရက် ည ၇ နာရီ ၁၅ မိနစ်ခန့်တွင် ကြည့်မြင်တိုင်မြို့နယ်၊ ညဈေးမှတ်တိုင်အနီး၊ ရွှေလှိုင်လမ်း အတွင်းရှိ နှစ်ထပ်တိုက်၏ အိမ်ရှေ့ဝရန်တာပြိုကျရာ၌ တိုက်အောက်တွင် ဈေးရောင်းနေသည့် ဈေးတန်းပေါ်သို့ ပြုတ်ကျ ခဲ့ခြင်းဖြစ်သည်။ ‘‘ယောက်ျားတစ်ယောက် သေတယ်။ မိန်းမသုံးယောက်ထိတယ်။ အကြောင်းရင်းကတော့ မိုးတအားများနေတော့ နဂိုက ဆွေးနေတဲ့အတွက် အပေါ်က တံစက်မြိတ်ပြုတ်ကျပြီး ဝရန်တာပါထိပြီး  ဝရန်တာပါ ပြုတ်ကျတာ’’ ဟု ကြည့်မြင်တိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးတင်ကျော်ဝင်းကပြောသည်။ ‘‘ဈေးရောင်းနေတုန်းကို ဝုန်း ဝုန်းဆိုပြီး အသံကြားလို့ ကြည့်လိုက်တော့ တိုက်ဝရန်တာကြီးက အောက်မှာရောင်းနေတဲ့ ဈေးသည်တွေပေါ်ကို ပြုတ်ကျတာ။ တစ်ယောက် ပွဲချင်းပြီးဆုံးသွားတယ်’’ ဟု အဆိုပါဈေးတွင် ဈေးရောင်းသူ အမျိုးသမီးတစ်ဦးကလည်း ပြောပြသည်။ ရန်ကုန်မြို့တော်စည်ပင်က အဆိုပါတိုက်ကို အန္တရာယ်ရှိ အဆောက်အအုံအဖြစ် သတ်မှတ်ထားခြင်းမရှိပေ။

ပြီးခဲ့သည့် ဧပြီ ၂၆ ရက် ညနေကလည်း အလုံမြို့နယ်ရှိ နှစ်ထပ်တိုက်ဟောင်းကို တိုက်သစ်ဆောက်ရန် ဖြိုချရာမှ အိမ်ပထမထပ် မျက်နှာစာအခြမ်းရှိ အုတ်နံရံ ပြိုကျခဲ့ပြီး တိုက်ဖြိုဖျက်နေသော အလုပ်သမားသုံးဦးပိမိကာ နေရာ တွင်ပင် နှစ်ဦးသေဆုံးခဲ့ပြီး တစ်ဦးမှာ ဆေးရုံတွင် သေဆုံးခဲ့သည့်ဖြစ်ရပ် ဖြစ်ပွားခဲ့သည်။ ၂၀၁၃ ခုနှစ် မေလကလည်း စမ်းချောင်းမြို့နယ်အတွင်းရှိ တိုက်ဟောင်းကိုဖြိုချစဉ် ဖြိုလက်စတိုက်ပြို၍ အလုပ်သမားတစ်ဦး နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးပြီး နှစ်ဦးမှာ ဆေးရုံသို့ပို့ဆောင်စဉ် သေဆုံးသွားခဲ့သည်။

ရေးသားသူ - သတင်းအဖွဲ့
7Day Daily

No comments:

Post a Comment