Friday 1 August 2014

ထိုင်ဝမ်မှာ ဓါတ်ငွေ့ ပေါက်ကွဲမှုကြီးတွေ ဆက်တိုက်ဖြစ်

Photo: ထိုင်ဝမ်မှာ ဓါတ်ငွေ့ ပေါက်ကွဲမှုကြီးတွေ ဆက်တိုက်ဖြစ်
Friday, August 1, 2014

ထိုင်ဝမ်ကျွန်း အနောက်ပိုင်းက ဂေါင်ရှီအွန်း မြို့မှာ ဂက်စ်ဓါတ်ငွေ့ ပေါက်ကွဲမှုကြီးတွေ ဆက်တိုက် ဖြစ်ပွားခဲ့ရာမှာ လူ၁၅ဉီး သေဆုံးပြီး နှစ်ရာကျော် ဒဏ်ရာရခဲ့ပါတယ်။

ပေါက်ကွဲမှုကနေ လွင့်ထွက်လာတဲ့ မီးတောက်လုံးကြီး တခုကြောင့် ကားတွေ ပြောင်းပြန် လန်သွားပြီး သစ်ပင်တွေ လဲကုန်တဲ့ ပုံတွေကို လူမှု ကွန်ရက် သတင်း စာမျက်နှာတွေပေါ်မှာ တွေ့ရပါတယ်။

ပေါက်ကွဲမှုပေါင်း ၅ခု ဖြစ်ခဲ့တယ်လို့ ထိုင်ဝမ် ဝန်ကြီးချုပ်က ပြောပါတယ်။

ဂက်စ် ဓါတ်ငွေ့ ယိုစိမ့်မှု ရှိနေတယ် ဆိုတဲ့ အသိပေး ဖုန်းဆက်ပြောမှုတွေကို ကြာသပတေးနေ့ နှောင်းပိုင်းလောက်တုန်းက လက်ခံ ရခဲ့တယ်လို့ အဲဒီမြို့က မီးသတ်ဌာနက ပြောပါတယ်။

လမ်းမတွေပေါ်မှာ လူသေအလောင်းတွေ ပြန့်ကျဲနေပြီး ဆေးရုံတွေမှာ ဒဏ်ရာရသူတွေနဲ့ ပြည့်နှက်နေတယ်လို့ မျက်မြင်သက်သေတွေက ပြန်ပြောပြပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
ထိုင်ဝမ်ကျွန်း အနောက်ပိုင်းက ဂေါင်ရှီအွန်း မြို့မှာ ဂက်စ်ဓါတ်ငွေ့ ပေါက်ကွဲမှုကြီးတွေ ဆက်တိုက် ဖြစ်ပွားခဲ့ ရာမှာ လူ၁၅ဉီး သေဆုံးပြီး နှစ်ရာကျော် ဒဏ်ရာရခဲ့ပါတယ်။

ပေါက်ကွဲမှုကနေ လွင့်ထွက်လာတဲ့ မီးတောက်လုံးကြီး တခုကြောင့် ကားတွေ ပြောင်းပြန် လန်သွားပြီး သစ် ပင်တွေ လဲကုန်တဲ့ ပုံတွေကို လူမှု ကွန်ရက် သတင်း စာမျက်နှာတွေပေါ်မှာ တွေ့ရပါတယ်။

ပေါက်ကွဲမှုပေါင်း ၅ခု ဖြစ်ခဲ့တယ်လို့ ထိုင်ဝမ် ဝန်ကြီးချုပ်က ပြောပါတယ်။

ဂက်စ် ဓါတ်ငွေ့ ယိုစိမ့်မှု ရှိနေတယ် ဆိုတဲ့ အသိပေး ဖုန်းဆက်ပြောမှုတွေကို ကြာသပတေးနေ့ နှောင်း ပိုင်းလောက် တုန်းက လက်ခံ ရခဲ့တယ်လို့ အဲဒီမြို့က မီးသတ်ဌာနက ပြောပါတယ်။

လမ်းမတွေပေါ်မှာ လူသေအလောင်းတွေ ပြန့်ကျဲနေပြီး ဆေးရုံတွေမှာ ဒဏ်ရာရသူတွေနဲ့ ပြည့်နှက်နေတယ် လို့ မျက်မြင်သက်သေတွေက ပြန်ပြောပြပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

No comments:

Post a Comment