Friday 1 August 2014

ကေအင်န်ယူတပ်မဟာ (၇) ရှိ ဒေသနှစ်ခုတွင် စစ်ဘေးရှောင်ဒုက္ခသည်များ အတွက် အိမ်လုံးရေတစ်ရာ တည်ဆောက်ပြီး

ကရင်အမျိုးသားအစည်း အရုံး(KNU) တပ်မဟာ (၇) ရှိရာ မော်ဖိုးကေနှင့် မဲ့သရိဒေသနှစ်ခု တွင် စစ်ဘေးရှောင်ဒုက္ခသည်များ နေထိုင်ရန်  တန်ဖိုးနည်းအိမ် အလုံးရေတစ်ရာ ဆောက်လုပ်ြ
ပီးစီး သွားပြီဖြစ်ကြောင်း KNU/KNLA တပ်မဟာ (၇) စီးပွားရေး ရုံးမှ သတင်းရရှိသည်။

‘‘ပြည်တွင်း၊ ပြည်ပဘယ်က ဖြစ်ဖြစ် လာနေလို့ရပါတယ်။ ရွှေ့ ပြောင်းလုပ်သားတွေရော၊ ပြည်တွင်း ဒုက္ခ သည်တွေရော၊ ပြည်ပ ရောက်နေတဲ့ ဒုက္ခသည်တွေရော လာနေလို့ရပါတယ်’’ဟု တပ်မ ဟာ (၇) စီးပွားရေး ရုံးမှ တာဝန်ခံ စောမိုးဇက်ကပြောသည်။

အဆိုပါတန်ဖိုးနည်း အိမ်အ လုံးတစ်ရာတွင် လူပေါင်း ၄၀၀ ကျော်နေထိုင်နိုင်မည်ဖြစ်သည်။ အိမ္မ်
ား  တည် ဆောက်ပြီးစီး သွားသော်လည်း လမ်းပန်းဆက် သွယ်ရေး၊ ရေ၊ မီးရရိ
ှရေးအတွက် မပြီးစီးသေး သောကြောင့် လာ မည့်ပွင့်လင်းရာသီတွင် ဒုက္ခသည် များလာရောက်အခြေချနေထိုင် နိုင်မည်ဖြစ်သည်။

အဆိုပါအိမ်ရာများ တည် ဆောက်ရန် အစိုးရက KNU ကို ကျပ်ငွေသန်း ၅၀၀ မတည် ပေးခဲ့ခြင်းဖြစ်သည်။ တန်ဖိုးနည်း အိမ်အလုံး ၁၀၀တွင် နေထိုင်ခွင့် ရရှိရေးအတွက် ဒုက္ခသည်များကို သေချာစိစစ်ရွေးချယ် သွားမည်ဟု သတင်းရရှိသည်။

တန်ဖိုးနည်းအိမ်အလုံး ၁၀၀ အား မော်ဖိုးကေတွင် အိမ်အလုံး ၅၀၊ မဲ့သရိတွင် အိမ်အလုံး ၅၀ စီ တည်ဆောက်သွားမည်ဖြစ်ကာ မေလမှစတင်တည်ဆောက်ခြင်း ဖြစ်ပြီး ဇူလိုင်တွင် ပြီးစီးခဲ့ခြင်းဖြစ် သည်။ အိမ်ရာတည်ဆောက်ရေး အတွက် အစိုးရထောက်ပံ့သည့် မတည်ငွေကျပ်သန်း ၅၀၀ တွင် လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေးနှင့် သောက်သုံးရေရရှိ ရေးတို့လည်း ပါဝင်သည်။

အစိုးရက ဒုက္ခသည်များ နေရပ်ပြန်လည်နေရာချထားပေး ရန် စီစဉ်နေသော်လည်း ငြိမ်းချမ်း ရေးဖြစ်စဉ် တိုးတက်မှုနှေးကွေး နေသောကြောင့် ဒုက္ခသည်အများ စုမှာ နေရပ်တွင် ပြန်လည်အခြေ ချနေထိုင်ရန် တွန့် ဆုတ်နေကြ သည်။ ယင်းသို့ တွန့်ဆုတ်နေကြသော်လည်း ၂၀၁၃ ခုနှစ်မှစပြီး ၎င်းတို့ကို စားနပ်ရိက္ခာထောက် ပံ့နေ သည့် အကူအညီများ တဖြည်း ဖြည်းလျှော့ချလာခြင်းကြောင့် စိုးရိမ်ပူပ
န်မှုများလည်း    ရှိနေ သည်။

KNU နှင့် ဖြစ်ပွားသော စစ် ပွဲများကြောင့် မြန်မာ-ထိုင်းနယ် စပ်အနီးသို့ ထွက်ပြေးတိမ်းရှောင် နေသည့် ဒုက္ခသည် တစ်သိန်းသုံး သောင်းကျော်ရှိပြီး ဒုက္ခသည် စခန်း ၉ ခုတွင် အခြေချနေထိုင် ကြသည်ဟု ကရင်ဒုက္ခ သည် ရေး ရာကော်မတီ (KRC) ကထုတ်ပြန် ထားသည်။

ပြည်တွင်းတွင် ထွက်ပြေး တိမ်းရှောင်နေသည့် ပြည်တွင်း ဒုက္ခသည်များနှင့် ထိုင်းနိုင်ငံ ရောက် ဒုက္ခသည် များကို နေရပ် သို့ပြန်လည်နေရာချထားပေးရန် ယခင်က ကရင်ပြည်နယ်ရှိ ဆုက လိ၊ ရှမ်းရွာသစ်၊ ဝေါလေ၊ ဘုရား သုံးဆူ၊ ကမမောင်း၊ ကျိုက်ဒုံ၊ လိပ်သို၊ ဘောကလိ၊ ပိုင်ကျုံရွာ များကို ရွေးချယ်ထားသည်။

အဆိုပါ ပရောဂျက်အစီအ စဉ်များအတွက် ဂျပန်အပြည်ပြည် ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) က အမေရိကန် ဒေါ်လာ ခြောက်သန်းထောက်ပံ့ ကူညီမည်ဖြစ်ကြောင်း ပြောဆို ထားသော်လည်း ကူညီထောက်ပံ့ မှုမှာ ယနေ့အချိန်ထိ မရောက်ရှိ လာသောကြောင့် KNU အဖွဲ့နှင့် နီးစပ်ရာဒေသများတွင် အစိုးရ အကူအညီဖြင့် နေအိမ်များ တည် ဆောက်နေခြင်းဖြစ်သည်ဟု စော  မိုးဇက်ကပြော
သည်။

7Day DAILY

No comments:

Post a Comment