Friday 1 August 2014

ဘင်္ဂလားပင်လယ်အော်တွင် ရစ်ခ်ျတာစကေး ၅ ဒသမ ၈ အဆင့်ရှိ ငလျင်လှုပ်

မြန်မာနိုင်ငံအနီး အက်ဒမန်ကျွန်းအနောက်ဘက် ကမ်းခြေတွင် ကြာသပတေးနေ့ညက အင်အား ရစ်ခ်ျတာ စကေး ၅ ဒသမ ၈ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမေရိကန် ဘူမိတိုင်းတာရေးအဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။
ငလျင်မှာ မြန်မာနိုင်ငံအနောက်ဘက် ကမ်းရိုးတန်းနှင့် အက်ဒမန်ကျွန်းစုများကြား ဘင်္ဂလား ပင်လယ်အော် ထဲ၌ (စင်ကာပူစံတော်ချိန် ည ၉ နာရီ ၄၁ မိနစ်) တွင် လှုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ငလျင်လှုပ် ခတ်ခဲ့သည့် မြေအောက်အနက်မှာ ၁၀ ကီလိုမီတာတွင်ဖြစ်ကြောင်း အဖွဲ့ကဆိုသည်။ ကန်ဘူမိ တိုင်း တာရေး အဖွဲ့က ငလျင်ဗဟိုချက်မှာ ပို့တ်ဘလဲရ်အရှေ့ဘက် ၂၈၄ ကီလိုမီတာအကွာ၊ မြန်မာနိုင်ငံ ဘက်မှ ဆိုလျှင် အနီးဆုံးမြို့ဖြစ်သည့် မြိတ်မြို့မှ အနောက်ဘက် ၃၆၅ ကီလိုမီတာ အကွာတွင်ဖြစ်ကြောင်း ဆိုသည်။

အဆိုပါနေရာမှာ Sunda ပြတ်ရွေ့ကြောတည်ရှိရာ နေရာအောက်ခြေတွင်ဖြစ်ပြီး ငလျင်များ မကြာ ခဏဖြစ်ပေါ်ရာ နေရာတစ်ခုဖြစ်သည်ဟု သတင်းကဆိုသည်။ ညပိုင်း နောက်ဆုံးရရှိသော သတင်းများအရ ငလျင်ကြောင့် ထိခိုက်ပျက်စီးမှု သတင်းများ မရှိသကဲ့သို့ အိန္ဒိယဘက်တွင်လည်း ဆူနာမီဖြစ်နိုင်ခြေ သတိပေးချက်များ ထုတ်ပြန်ခြင်းမရှိပေ။ အဆိုပါငလျင်ဒဏ်ကို မြန်မာနိုင်ငံတွင် ခံစားရမှု မရှိခဲ့သော်လည်း ကပ္ပလီပင်လယ်နှင့် ဘင်္ဂလား ပင်လယ်အော်အတွင်း လှုပ်ရှားခဲ့ခြင်းဖြစ်သောကြောင့် သတင်းထုတ်ပြန် ခဲ့ခြင်းဖြစ်ကြောင်း မြေငလျင်ဌာန တာဝန်ရှိသူတစ်ဦးကပြောသည်။

ကပ္ပလီပင်လယ်နှင့် ဘင်္ဂလားပင်လယ်အော်အတွင်း ငလျင်လှုပ်ရှားပါက ရစ်ခ်ျတာစကေး ၄ ဒသမ ၅ အဆင့်ကျော် လျှင် မိုး/ဇလဌာနက သတင်းထုတ်ပြန်ပေးပြီး ၂၀၁၄ ခုနှစ် ဇွန်လ ၁ ရက်မှ ဇူလိုင် ၃၁ ရက် အထိ မြန်မာနိုင်ငံ ပြည်တွင်းနှင့် အိမ်နီးချင်း နယ်စပ်ဒေသများကို ဗဟိုပြု၍ ငလျင် ၃၃ ကြိမ်လှုပ်ခဲ့ကြောင်း သတင်းရရှိသည်။

ရေးသားသူ - ကျော်မျိုး၊ အောင်သစ်လွင်
Planet Myanmar Network

No comments:

Post a Comment