Friday 1 August 2014

၂ဝဝ၈ ဖွဲ့စည်းပုံ အသစ်ပြန်ရေးရင် ပြည်သူလက်ခံနိုင်မယ်လို့ KIO ပြော

Photo: ၂ဝဝ၈ ဖွဲ့စည်းပုံ အသစ်ပြန်ရေးရင် ပြည်သူလက်ခံနိုင်မယ်လို့ KIO ပြော
Friday, August 1, 2014 

မြန်မာအစိုးရရဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံကို တိုင်းရင်းသားလက်နက်ကိုင်တွေ လက်မခံနိုင်တာကြောင့် အသစ်ပြန်လည်ရေးဆွဲမယ်ဆိုရင် ပြည်သူတွေအားလုံး လက်ခံနိုင်မယ်လို့ KIO ဥက္ကဌ ဇောင်းဟရားက တိုင်းရင်းသားညီလာခံရဲ့ နောက်ဆုံးနေ့ဖြစ်တဲ့ ဇူလိုင် ၃၁ရက်နေ့မှာ ပြောဆိုလိုက်ပါပြီ။ ဖွဲ့စည်းပုံအသစ်ရေးဖို့အပြင် ဖယ်ဒရယ်ပြည်ထောင်စုအတွက် ဘာတွေပြောခဲ့သလဲ။

တိုင်းရင်းသားလူမျိုးစုတွေအားလုံး လက်ခံတဲ့ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ဒီမိုကရေစီရေး အခြေခံမူတွေကို လူထုကိုချပြပြီး လူထုထောက်ခံမှုရယူရမယ်လို့ လိုင်ဇာမှာ ကျင်းပတဲ့ တတိယအကြိမ် တိုင်းရင်းသားပေါင်းစုံပါဝင်တဲ့ ထိပ်သီးညီလာခံမှာ ပြောဆိုခဲ့ပါတယ်။
မြန်မာအစိုးရက ဖယ်ဒရယ်ပြည်ထောင်စုမူကို လက်ခံတယ်ပြောပေမယ့် တိုင်းရင်းသားတွေလိုလားတဲ့ ဖယ်ဒရယ်မူနဲ့ ထပ်တူကျရဲ့လားလို့ KIO ဥက္ကဌက မေးခွန်းထုတ်ခဲ့ပြီး မြန်မာအစိုးရနဲ့ ညှိနှိုင်းရာမှာ NCCT အနေနဲ့ လိုင်ဇာညီလာခံ သဘောတူညီချက်တွေကို မလျှော့တမ်း ဆွေးနွေးဖို့ တိုက်တွန်းခဲ့ပါတယ်။

NCCT အဖွဲ့ဝင်တွေနဲ့ကျင်းပတဲ့ တိုင်းရင်းသားထိပ်သီးညီလာခံအပြီး ဆက်ကျင်းပတဲ့ တိုင်းရင်းသားအဖွဲ့ပေါင်းစုံ ညီလာခံမှာတော့ NCCT ထဲမှာ မပါတဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS၊ ABSDF ကျောင်းသားတပ်မတော်တို့ တက်ရောက်ခဲ့ပြီး “ဝ”နဲ့ မိုင်းလားအဖွဲ့တွေ မတက်ရောက်ခဲ့ပါဘူး။

လိုင်ဇာညီလာခံကနေ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT ကို လုပ်ပိုင်ခွင့် ပိုမိုပေးအပ်ခဲ့ပြီး မြန်မာအစိုးရနဲ့ ညှိနှိုင်းရာမှာ ပိုပြီးလွယ်ကူချောမွေ့စေဖို့ NCCT ကို ကြီးကြပ်မယ့် ဦးဆောင်ကော်မတီ ဖွဲ့စည်းဖို့ လိုအပ်ပေမယ့် မဆုံးဖြတ်နိုင်သေးဘူးလို့ ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းက ပြောပါတယ်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS က ဗိုလ်မှူးကြီးစိုင်းငယ်က သူတို့အဖွဲ့အနေနဲ့ NCCT ထဲမှာ မပါဝင်ပေမယ့် ငြိမ်းချမ်းရေး လက်မှတ်ထိုးတဲ့အခါ ပါဝင်သွားမှာဖြစ်တယ်လို့ ပြောပါတယ်။ NCCT မှာ မပါဝင်ဖြစ်တာဟာ တပ်ပိုင်းဆိုင်ရာ ကိစ္စတွေကို သူတို့အဖွဲ့ ဆုံးဖြတ်နိုင်ပေမယ့် နိုင်ငံရေးကိစ္စကိုတော့ ရှမ်းပြည်သူလူထုအပါအဝင် ရှမ်းနိုင်ငံရေး ပါတီတွေနဲ့ ညှိနှိုင်းရမှာမို့ ဖြစ်တယ်လို့ ရှင်းပြပါတယ်။ NCCT ရဲ့လုပ်ဆောင်ချက်တွေကိုလည်း ဗိုလ်မှူးကြီးစိုင်းငယ်က ကောင်းတယ်လို့မှတ်ချက်ပေးခဲ့ပါတယ်။

Kamayut Media
မြန်မာအစိုးရရဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံကို တိုင်းရင်းသားလက်နက်ကိုင်တွေ လက်မခံနိုင်တာကြောင့် အသစ်ပြန် လည် ရေးဆွဲ မယ်ဆိုရင် ပြည်သူတွေအားလုံး လက်ခံနိုင်မယ်လို့ KIO ဥက္ကဌ ဇောင်းဟရားက တိုင်းရင်းသား ညီလာခံရဲ့ နောက်ဆုံးနေ့ဖြစ်တဲ့ ဇူလိုင် ၃၁ရက်နေ့မှာ ပြောဆိုလိုက်ပါပြီ။ ဖွဲ့စည်းပုံအသစ်ရေးဖို့အပြင် ဖယ်ဒရယ်ပြည်ထောင်စုအတွက် ဘာတွေပြောခဲ့သလဲ။

တိုင်းရင်းသားလူမျိုးစုတွေအားလုံး လက်ခံတဲ့ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ဒီမိုကရေစီရေး အခြေခံမူတွေကို လူထုကိုချပြပြီး လူထုထောက်ခံမှုရယူရမယ်လို့ လိုင်ဇာမှာ ကျင်းပတဲ့ တတိယအကြိမ် တိုင်းရင်းသားပေါင်းစုံပါဝင်တဲ့ ထိပ်သီးညီလာခံမှာ ပြောဆိုခဲ့ပါတယ်။ 

မြန်မာအစိုးရက ဖယ်ဒရယ်ပြည်ထောင်စုမူကို လက်ခံတယ်ပြောပေမယ့် တိုင်းရင်းသားတွေလိုလားတဲ့ ဖယ်ဒရယ်မူနဲ့ ထပ်တူကျရဲ့လားလို့ KIO ဥက္ကဌက မေးခွန်းထုတ်ခဲ့ပြီး မြန်မာအစိုးရနဲ့ ညှိနှိုင်းရာမှာ NCCT အနေနဲ့ လိုင်ဇာညီလာခံ သဘောတူညီချက်တွေကို မလျှော့တမ်း ဆွေးနွေးဖို့ တိုက်တွန်းခဲ့ပါတယ်။

NCCT အဖွဲ့ဝင်တွေနဲ့ကျင်းပတဲ့ တိုင်းရင်းသားထိပ်သီးညီလာခံအပြီး ဆက်ကျင်းပတဲ့ တိုင်းရင်းသားအဖွဲ့ ပေါင်းစုံ ညီလာခံမှာတော့ NCCT ထဲမှာ မပါတဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS၊ ABSDF ကျောင်းသားတပ်မတော်တို့ တက်ရောက်ခဲ့ပြီး “ဝ”နဲ့ မိုင်းလားအဖွဲ့တွေ မတက်ရောက်ခဲ့ပါဘူး။

လိုင်ဇာညီလာခံကနေ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT ကို လုပ်ပိုင်ခွင့် ပိုမိုပေးအပ်ခဲ့ပြီး မြန်မာအစိုးရနဲ့ ညှိနှိုင်းရာမှာ ပိုပြီးလွယ်ကူချောမွေ့စေဖို့ NCCT ကို ကြီးကြပ်မယ့် ဦးဆောင် ကော်မတီ ဖွဲ့စည်းဖို့ လိုအပ်ပေမယ့် မဆုံးဖြတ်နိုင်သေးဘူးလို့ ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းက ပြောပါတယ်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS က ဗိုလ်မှူးကြီးစိုင်းငယ်က သူတို့အဖွဲ့အနေနဲ့ NCCT ထဲမှာ မပါဝင်ပေမယ့် ငြိမ်းချမ်းရေး လက်မှတ်ထိုးတဲ့အခါ ပါဝင်သွားမှာဖြစ်တယ်လို့ ပြောပါတယ်။ NCCT မှာ မပါဝင်ဖြစ်တာဟာ တပ်ပိုင်းဆိုင်ရာ ကိစ္စတွေကို သူတို့အဖွဲ့ ဆုံးဖြတ်နိုင်ပေမယ့် နိုင်ငံရေးကိစ္စကိုတော့ ရှမ်းပြည်သူလူထုအပါအဝင် ရှမ်းနိုင်ငံရေး ပါတီတွေနဲ့ ညှိနှိုင်းရမှာမို့ ဖြစ်တယ်လို့ ရှင်းပြပါတယ်။ NCCT ရဲ့လုပ်ဆောင်ချက်တွေကိုလည်း ဗိုလ်မှူးကြီးစိုင်းငယ်က ကောင်းတယ်လို့မှတ်ချက်ပေးခဲ့ပါတယ်။

Kamayut Media

No comments:

Post a Comment