Friday 1 August 2014

တရားမ၀င်သစ်များနှင့်ဖမ်းမိသည့် ယာဉ်လိုင်းပိုင်ရှင်မှာ မိမိမဟုတ်ဟု ဦးလှဆွေငြင်းဆို

 Photo: တရားမ၀င်သစ်များနှင့်ဖမ်းမိသည့် ယာဉ်လိုင်းပိုင်ရှင်မှာ မိမိမဟုတ်ဟု ဦးလှဆွေငြင်းဆို
Friday, August 1, 2014

တရားမ၀င်သစ်များ သယ်ဆောင်လာသော ဂန့်ဂေါမှ မန္တလေးသို့ ပြေးဆွဲနေသည့် ယာဉ်၏ ယာဉ်လိုင်းပိုင်ရှင်သည် အမျိုး သားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေ(ဘူလက်)ဖြစ်ကြောင်း  နယ်ခံများပြောဆိုနေမှုအပေါ် ကာယကံရှင်က မဟုတ်မမှန် ကြောင်း ငြင်းဆိုလိုက်သည်။

‘‘ဦးလှဆွေနာမည်နဲ့ ဘယ်  လိုင်းမှ မဖွင့်ထားသလို အမည် ပေါက် ဘာကားမှလည်း မရှိပါ ဘူး။ အမျိုးတွေက ကားတွေပိုင် ပေမယ့်လည်း ဂန့်ဂေါမှာ ဘယ် အမျိုးမှ မရှိပါဘူး’’ဟု အမျိုးသား လွှတ်တော်အမတ်ဦးလှဆွေက ပြောသည်။

ဂန့်ဂေါ၊ ကလေးနှင့် မုံရွာမြို့နယ်နေ မြို့ခံများက မုံရွာတွင် ဖမ်းဆီးရရှိသော တရားမ၀င် တင်ဆောင်လာသည့်  ခြောက်ဘီး ကားသည် မကွေးတိုင်းဒေသကြီး    အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ဦးလှဆွေပိုင်ဆိုင်သော ယာဉ်လိုင်းဖြစ်ကြောင်း ပြောဆိုမှု များ လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့ လျက်ရှိသည်။

ဇူလိုင် ၂၇ ရက်တွင် ဂန်ဂေါမှ မန္တလေးသို့ ထွက်ခွာလာသော ယင်းကားသည် မုံရွာမြို့သို့ ဖြတ် သန်းရာတွင် တရားမ၀င်သစ်များ   သယ်ဆောင်လာသည်ကို တွေ့ရှိ သဖြင့် ဖမ်းဆီးအရေးယူခဲ့ခြင်းဖြစ် သည်။

 ‘‘တရားခံသုံးဦးမိထားပါ တယ်။ သက်သေခံပစ္စည်းသိမ်း ဆည်း၊ စစ်ဆေးဆဲအဆင့်ဖြစ်လို့ ပြောလို့မရသေးပါဘူး။ သုံးဦးမှာ တစ်ဦးက ယာဉ်မောင်း၊ နှစ်ဦးက ပိုင်ရှင်လို့ သိရပါတယ်’’ဟု မုံရွာ မြို့နယ် ရဲစခန်းမှူးရုံးမှ တာဝန်ကျ ရဲဝန်ထမ်းတစ်ဦးကပြောကြားခဲ့ သည်။

ကျွန်းခွဲသား၊ တမလန်းခွဲ သား၊ တမလန်းပွတ်ထိုးပန်းလုံး တို့အပါအ၀င် တန်ချိန် ၃၀၀၀ ကျော် တင်ဆောင်လာခြင်းဖြစ်ပြီး မုံရွာရဲစခန်းတွင်  ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးအက်ဥပဒေပုဒ်မ ၆(၁) ဖြင့် အရေးယူအမှုဖွင့်ထားသည်။

မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမတ် ဦးလှဆွေသည် ငြိမ်းချမ်း ရေးကိစ္စနှင့် ပတ်သက်ပြီး သူ့ အမြင်ကို ပြောဆိုရာတွင် ရွှေ လက်နှင့် ကြိုလို့မရရင် ဘူးလက် နှင့် ကြိုမည်ဟု ပြောဆိုသည့် အပြင် အတိုက်အခံများနှင့် ပတ် သက်၍ ပုံစံမျိုးစုံဖြင့် ခိုင်းနှိုင်းပြော ဆိုခဲ့သည့်အတွက် လူမှုကွန်ရက် တွင် ဝေဖန်ခံရဆုံးပုဂ္ဂိုလ်အဖြစ် ကျော်ကြားသည်။

7Day DAILY 

အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေ (ဓာတ်ပုံ - ဦးလှဆွေဖေ့စ်ဘွတ်ခ်)
အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေ (ဓာတ်ပုံ - ဦးလှဆွေဖေ့စ်ဘွတ်ခ်)
တရားမ၀င်သစ်များ သယ်ဆောင်လာသော ဂန့်ဂေါမှ မန္တလေးသို့ ပြေးဆွဲနေသည့် ယာဉ်၏ ယာဉ်လိုင်း ပိုင်ရှင်သည် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေ(ဘူလက်)ဖြစ်ကြောင်း  နယ်ခံများပြော ဆိုနေမှု အပေါ် ကာယကံရှင်က မဟုတ်မမှန် ကြောင်း ငြင်းဆိုလိုက်သည်။


‘‘ဦးလှဆွေနာမည်နဲ့ ဘယ်  လိုင်းမှ မဖွင့်ထားသလို အမည် ပေါက် ဘာကားမှလည်း မရှိပါဘူး။ အမျိုးတွေ က ကားတွေပိုင် ပေမယ့်လည်း ဂန့်ဂေါမှာ ဘယ်အမျိုးမှမရှိပါဘူး’’ဟု အမျိုးသား လွှတ်တော်အမတ်ဦးလှဆွေ က ပြောသည်။

ဂန့်ဂေါ၊ ကလေးနှင့် မုံရွာမြို့နယ်နေ မြို့ခံများက မုံရွာတွင် ဖမ်းဆီးရရှိသော တရားမ၀င် တင်ဆောင် လာ သည့်  ခြောက်ဘီး ကားသည် မကွေးတိုင်းဒေသကြီး    အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ဦးလှဆွေ ပိုင် ဆိုင်သော ယာဉ်လိုင်းဖြစ်ကြောင်း ပြောဆိုမှု များ လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့ လျက်ရှိသည်။

ဇူလိုင် ၂၇ ရက်တွင် ဂန်ဂေါမှ မန္တလေးသို့ ထွက်ခွာလာသော ယင်းကားသည် မုံရွာမြို့သို့ ဖြတ် သန်းရာတွင် တရားမ၀င်သစ်များ   သယ်ဆောင်လာသည်ကို တွေ့ရှိ သဖြင့် ဖမ်းဆီးအရေးယူခဲ့ခြင်းဖြစ် သည်။

 ‘‘တရားခံသုံးဦးမိထားပါ တယ်။ သက်သေခံပစ္စည်းသိမ်း ဆည်း၊ စစ်ဆေးဆဲအဆင့်ဖြစ်လို့ ပြောလို့ မရသေး ပါဘူး။ သုံးဦးမှာ တစ်ဦးက ယာဉ်မောင်း၊ နှစ်ဦးက ပိုင်ရှင်လို့ သိရပါတယ်’’ဟု မုံရွာ မြို့နယ် ရဲစခန်းမှူးရုံးမှ တာဝန်ကျ ရဲဝန်ထမ်းတစ်ဦးကပြောကြားခဲ့ သည်။

ကျွန်းခွဲသား၊ တမလန်းခွဲ သား၊ တမလန်းပွတ်ထိုးပန်းလုံး တို့အပါအ၀င် တန်ချိန် ၃၀၀၀ ကျော် တင်ဆောင် လာခြင်းဖြစ်ပြီး မုံရွာရဲစခန်းတွင်  ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးအက်ဥပဒေပုဒ်မ ၆(၁) ဖြင့် အရေးယူ အမှုဖွင့် ထားသည်။

မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမတ် ဦးလှဆွေသည် ငြိမ်းချမ်း ရေးကိစ္စနှင့် ပတ်သက်ပြီး သူ့ အမြင်ကို ပြောဆိုရာတွင် ရွှေ လက်နှင့် ကြိုလို့မရရင် ဘူးလက် နှင့် ကြိုမည် ဟု ပြော ဆိုသည့် အပြင် အတိုက်အခံများနှင့် ပတ် သက်၍ ပုံစံမျိုးစုံဖြင့် ခိုင်းနှိုင်းပြော ဆိုခဲ့သည့်အတွက် လူမှုကွန်ရက် တွင် ဝေဖန်ခံရဆုံးပုဂ္ဂိုလ်အဖြစ် ကျော်ကြားသည်။

7Day DAILY

No comments:

Post a Comment