Friday 1 August 2014

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် Mr.Vijay Nambia ထံ ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့(မြန်မာပြည် မြောက်ပိုင်း)မှ KIA ဖိနှိပ်ခံ ရှမ်းမျိုးနွယ်စုများအရေး အဓိကထားတင်ပြ

Photo: မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် Mr.Vijay Nambia ထံ ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့(မြန်မာပြည် မြောက်ပိုင်း)မှ KIA ဖိနှိပ်ခံ ရှမ်းမျိုးနွယ်စုများအရေး အဓိကထားတင်ပြ
Friday, August 1, 2014

ကချင်ပြည်နယ်၊ လိုင်ဇာမြို့၌ ပြုလုပ်သော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ တတိယအကြိမ် ညီလာခံအစည်းအဝေးသို့ တက်ရောက် လာသော ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး ပုဂ္ဂိုလ် Mr.Vijay Nambia ထံ ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့(မြန်မာပြည်မြောက်ပိုင်း)မှ ဇူလိုင် ၃၁ ရက်နေ့တွင် KIA အဖွဲ့၏ ရှမ်းမျိုးနွယ်စုများအပေါ် ဖိနှိပ်မှုများကို တင်ပြချက်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

မြစ်ကြီးနားလေဆိပ်သို့ ရောက်ရှိနေသော Mr.Vijay Nambia မှ ရှမ်းမျိုးနွယ်စု
ရေးရာအဖွဲ့အား ညနေ ၃ နာရီ ၂၅ မိနစ်မှ ၃ နာရီ ၅၀ မိနစ်အထိ တွေ့ဆုံ စကားပြောခဲ့ကြောင်းနှင့် တင်ပြချင်များအပေါ် အရေးတယူ မှတ်သား သွားခဲ့ကြောင်း ယင်းအဖွဲ့ဝင်တစ်ဦးက ပြောသည်။

``အဓိက ဦးစားပေးတင်ပြတာကတော့ KIA အဖွဲ့ရဲ့ ဒေသခံရှမ်းလူမျိုးတွေအပေါ် တပ်သားသစ်စုတာနဲ့ ဆက်ကြေး ကောက်နေတဲ့ ကိစ္စပါ´´ဟု ဥက္ကဋ္ဌဖြစ်သူ ဦးစိုင်းထွန်းရင်က ပြောသည်။

ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့(မြန်မာပြည်မြောက်ပိုင်း)ှ ဥက္ကဋ္ဌ ဦးစိုင်းထွန်းရင်၊ ပြည်ပဆက်ဆံရေးဥက္ကဋ္ဌ ဦးစိုင်း ထိန်လင်း၊ အတွင်းရေးမှူး ဦးစိုင်းစန်းဝေ၊ ဦးခင်မောင်ကြည်တို့ ပါဝင်ကြောင်း သိရသည်။

``တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆွေးနွေးတာ အောင်မြင်သွားလို့ နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်ရင် ဒေသခံ တိုင်းရင်းသားလူမျိုးစု ခေါင်းဆောင်တွေကိုပါ ပါဝင်စေဖို့လည်း တင်ပြခဲ့ပါတယ်´´ ဟု အတွင်းရေးမှူး ဦးစိုင်းစန်းဝေက ဆိုသည်။

Mr.Vijay Nambia ထံသို့ ပြည်ပဆက်ဆံရေးဥက္ကဋ္ဌ ဦးစိုင်းထိန်လင်းမှ ကချင်ပြည်နယ်တွင် နေထိုင်လျက်ရှိ သော ရှမ်းတိုင်းရင်းသားများအား KIO/KIA အဖွဲ့အစည်းမှ တပ်သားသစ်စုဆောင်းခြင်း၊ ဆက်ကြေးငွေ များ ကောက်ခံခြင်း တို့ ပြုလုပ်လျက်ရှိကြောင်း၊ ၎င်းအပြင် ဒေသအသီးသီးရှိ လူမျိုးများ၊ အိမ်ထောင်စု များထံမှ တစ်အိမ်လျှင် ဆန် ၃ အိတ်၊ ဆား ၃ ပိဿာ ကောက်ခံနေကြောင်း၊ KIO/KIA အဖွဲ့သည် နိုင်ငံတော်အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေး မှုများ ပြုလုပ်နေသော်လည်း ယနေ့အချိန်အထိ တိုက်ပွဲများဖြစ်ပွားနေသေး 
ကြောင်း၊ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆွေးနွေးပြီး အောင်မြင်သွား ပါက နိုင်ငံရေးဆွေးနွေးပွဲများ ပြုလုပ်ချိန်တွင် ဒေသံတိုင်းရင်းသားလူမျိုးစု
ခေါင်းဆောင်များ ပါဝင်ဆွေးနွေးစေလိုကြောင်းများအား တင်ပြခဲ့ပြီး ပူးတွဲ စာနှစ်စောင်ကိုလည်း ပေးဆောင်ခဲ့ကြောင်း သိရှိရပါသည်။

စိုင်းကောင်းမြတ်
ကချင်ပြည်နယ်၊ လိုင်ဇာမြို့၌ ပြုလုပ်သော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ တတိယအကြိမ် ညီလာခံ အစည်းအဝေးသို့ တက်ရောက် လာသော ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး ပုဂ္ဂိုလ် Mr.Vijay Nambia ထံ ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့(မြန်မာပြည်မြောက်ပိုင်း)မှ ဇူလိုင် ၃၁ ရက်နေ့တွင် KIA အဖွဲ့၏ ရှမ်းမျိုးနွယ်စုများအပေါ် ဖိနှိပ်မှုများကို တင်ပြချက်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

မြစ်ကြီးနားလေဆိပ်သို့ ရောက်ရှိနေသော Mr.Vijay Nambia မှ ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့အား ညနေ ၃ နာရီ ၂၅ မိနစ်မှ ၃ နာရီ ၅၀ မိနစ်အထိ တွေ့ဆုံ စကားပြောခဲ့ကြောင်းနှင့် တင်ပြချင်များအပေါ် အရေးတယူ မှတ် သား သွားခဲ့ကြောင်း ယင်းအဖွဲ့ဝင်တစ်ဦးက ပြောသည်။

``အဓိက ဦးစားပေးတင်ပြတာကတော့ KIA အဖွဲ့ရဲ့ ဒေသခံရှမ်းလူမျိုးတွေအပေါ် တပ်သားသစ်စုတာနဲ့ ဆက် ကြေး ကောက်နေတဲ့ ကိစ္စပါ´´ဟု ဥက္ကဋ္ဌဖြစ်သူ ဦးစိုင်းထွန်းရင်က ပြောသည်။

ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့(မြန်မာပြည်မြောက်ပိုင်း)ှ ဥက္ကဋ္ဌ ဦးစိုင်းထွန်းရင်၊ ပြည်ပဆက်ဆံရေးဥက္ကဋ္ဌ ဦးစိုင်း ထိန်လင်း၊ အတွင်းရေးမှူး ဦးစိုင်းစန်းဝေ၊ ဦးခင်မောင်ကြည်တို့ ပါဝင်ကြောင်း သိရသည်။

``တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆွေးနွေးတာ အောင်မြင်သွားလို့ နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်ရင် ဒေသခံ တိုင်းရင်းသားလူမျိုးစု ခေါင်းဆောင်တွေကိုပါ ပါဝင်စေဖို့လည်း တင်ပြခဲ့ပါတယ်´´ ဟု အတွင်းရေးမှူး ဦးစိုင်းစန်းဝေက ဆိုသည်။

Mr.Vijay Nambia ထံသို့ ပြည်ပဆက်ဆံရေးဥက္ကဋ္ဌ ဦးစိုင်းထိန်လင်းမှ ကချင်ပြည်နယ်တွင် နေထိုင်လျက်ရှိ သော ရှမ်းတိုင်းရင်းသားများအား KIO/KIA အဖွဲ့အစည်းမှ တပ်သားသစ်စုဆောင်းခြင်း၊ ဆက်ကြေးငွေ များ ကောက်ခံခြင်း တို့ ပြုလုပ်လျက်ရှိကြောင်း၊ ၎င်းအပြင် ဒေသအသီးသီးရှိ လူမျိုးများ၊ အိမ်ထောင်စု များထံမှ တစ်အိမ်လျှင် ဆန် ၃ အိတ်၊ ဆား ၃ ပိဿာ ကောက်ခံနေကြောင်း၊ KIO/KIA အဖွဲ့သည် နိုင်ငံတော် အစိုးရ နှင့် ငြိမ်းချမ်းရေးဆွေးနွေး မှုများ ပြုလုပ်နေသော်လည်း ယနေ့အချိန်အထိ တိုက်ပွဲများဖြစ်ပွားနေသေး ကြောင်း၊ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆွေးနွေးပြီး အောင်မြင်သွား ပါက နိုင်ငံရေးဆွေးနွေးပွဲများ ပြုလုပ်ချိန်တွင် ဒေသံတိုင်းရင်းသားလူမျိုးစု ခေါင်းဆောင်များ ပါဝင်ဆွေးနွေးစေလိုကြောင်းများအား တင်ပြ ခဲ့ပြီး ပူးတွဲ စာနှစ်စောင်ကိုလည်း ပေးဆောင်ခဲ့ကြောင်း သိရှိရပါသည်။

စိုင်းကောင်းမြတ်

No comments:

Post a Comment