Friday 1 August 2014

အောင်ပန်းဗုံးဖောက်ခွဲမှု တရားခံမမိသေး၊ အဆိုပါဖောက်ခွဲမှုအား ငြိမ်းချမ်းရေး ဆွေးနွေး ပွဲကို မလိုလား သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတချို့က ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်နိုင်ကြောင်း လတ်တလောကောက်ချက်ချထားဟုဆို

ရှမ်းပြည်နယ် အောင်ပန်းတွင် ဇူလိုင် ၂၅ရက်က ချိန်ကိုက်ဗုံးဖောက်ခွဲမှုမှာ တစ်ပတ် ခန့်ကြာသည်အထိ တရားခံဖမ်းဆီး ရမိခြင်းမရှိသေးကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
သို့ရာတွင် ငြိမ်ချမ်းရေးဆွေး နွေး ပွဲကိုမလိုလားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတချို့က အဆိုပါဖောက်ခွဲမှုကို ပူးပေါင်း လုပ် ဆောင်ခြင်းဖြစ် သည်ဟု လတ်တ လောကောက်ချက် ချထားကြောင်း ရှမ်းပြည်နယ် တောင်ပိုင်းရဲတပ်ဖွဲ့မှူး ရုံးမှ ရဲမှူးကျော်ခိုင်က ဒီမိုကရေစီ တူဒေးသို့ပြောသည်။
ရဲမှူးကျော်ခိုင်က ''လတ်တလော စစ်ဆေးချက်အရတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတချို့ ပူး ပေါင်း လုပ်ဆောင် တာပါ။ တရား ခံဖမ်းမိထားတာတော့ မရှိပါဘူး။ ဆက်လက်ဆောင်ရွက်နေတုန်း ပါ''ဟုပြော သည်။


ချိန်ကိုက်ဗုံးနှစ် လုံးအနက်တစ် လုံးကိုအချိန်မီတွေ့ရှိပြီး ဖောက်ခွဲ ဖျက်ဆီးနိုင်ခဲ့ကြောင်း၊ ရှမ်းပြည်နယ် တွင်အခြေစိုက်သည့် သက်ဆိုင်ရာ တပ်ဖွဲ့ဝင်များ၏အကူအညီဖြင့် ရှင်း လင်းခဲ့ခြင်းဖြစ်ကြောင်း၊ ယခုအခါ အောင်ပန်းမြို့နယ်ရှိ လုံခြုံရေးတပ် ဖွဲ့ဝင်များအနေဖြင့် ဗုံးပေါက်ရာအနီး တစ်ဝိုက်နှင့် အောင်ပန်းမြို့၏ပတ်ဝန်း ကျင်အခြေအနေ ကို စောင့်ကြည့်နေ ကြောင်း သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ရဲတပ် ဖွဲ့မှူးရုံးမှ ရဲမှူးကျော်ခိုင်က ''ကျွန် တော်တို့အနေနဲ့ သဲလွန်စရထား တာကိုတော့ ပြောလို့မရဘူး။ တိုင်းရင်း သားလက်နက် ကိုင်အဖွဲ့အချို့လို့ပဲ လတ်တလောစုံစမ်းချက်တွေအရ သိရတယ်။ ထူးခြား တာတွေ ရှိ ရင် နောက် ပြည်သူတွေ ကိုချပြအသိပေးမှာပါ''ဟုပြောသည်။
အဆိုပါဗုံးပေါက်ကွဲမှုမှာ တရုတ် မြန်မာနယ်စပ်လိုင်ဇာတွင် နိုင်ငံလုံး ဆိုင်ရာ အပစ်အခတ်ရပ်စဲရေးဆိုင် ရာဆွေးနွေးပွဲ ကျင်းပနေစဉ် အတွင်း ရှမ်းပြည် နယ် တောင်ပိုင်း အောင်ပန်း မြို့ ပြည်သာယာဈေးအနီး ဆက်သွယ် ရေး စာတိုက်ရှေ့ရှိ ထရန်စဖော်မာအိုး အနီးတွင် ဇူလိုင်၂၅ရက် ည၁၁နာရီ က ဗုံးတစ် လုံးပေါက်ကွဲခဲ့ရာ ထရန်စ ဖော်မာကိုထိသွားပြီး တစ်မြို့လုံး မီး မှောင်ကျသွားခဲ့ကြောင်း၊ အခြားချိန် ကိုက်ဗုံးတစ်လုံးကို ဇူလိုင်၂၆ရက် က အောင်ပန်း ပြည်သာယာဈေးအနီးမှ ထရန်စဖော်မာ အိုးနှင့် မလှမ်း မ ကမ်း ပေ၂ဝအကွာရှိ ပုလင်းနှင့်သံတိုသံစ ရောင်း ဝယ်ရေး ဈေးဆိုင်ခုံ အနီးပေါ် ရှိ ပုလင်းလွတ်တစ် လုံးထဲ သို့ ထောင် ထားခဲ့ရာ ဇူလိုင်၂၆ရက် နံနက်ပိုင်း တွင်မှ ဆိုင်အလုပ်သမားတစ်ဦးက တွေ့ရှိပြီး သက်ဆိုင်ရာသို့ အကြောင်း ကြားခဲ့ရာမှ ရှင်းလင်းနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက် ပြီး ထိခိုက်ဒဏ်ရာရရှိမှုနှင့် လူသေဆုံး မှုမရှိခဲ့သော် လည်း မြို့နယ်ရဲတပ်ဖွဲ့ နှင့်သက်ဆိုင်ရာ တာဝန် ရှိသူများက ဆက်လက်စုံ စမ်းစစ်ဆေးမှုများပြု လုပ်နေဆဲဖြစ်ကြောင်း နေပြည်တော် ရဲတပ်ဖွဲ့ဌာနချုပ်မှ ဒုရဲမှူးကြီး မင်း အောင်က ပြောသည်။
KMZ

No comments:

Post a Comment