Friday 1 August 2014

နိုင်ငံတော်သမ္မတနှင့်မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ) ယနေ့တွေ့မည်

နိုင်ငံတော် သမ္မတနှင့် မြန်မာနိုင်ငံစာနယ်ဇင်း ကောင်စီ(ယာယီ)တို့မှ တာဝန်ရှိသူ တို့သည် နေပြည်တော်ရှိ သမ္မတ လယ်တောအိမ်တွင် ယနေ့တွေ့ဆုံပြီး သတင်းမီဒီယာလောကတွင် ကြုံ တွေ့နေရသည့် အကြောင်း အရာ များကို တင်ပြဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာသတင်းမီဒီယာလောက တွင် တွေ့ကြုံနေရသည်ပြဿနာ များအပေါ်ဆွေးနွေးခွင့်ပြုရန် သတင်း မီဒီယာလောကကိုယ်စားမြန်မာ နိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)က နိုင်ငံတော်သမ္မတထံတွေ့ဆုံခွင့်ရရှိ ရန်တင်ပြထားသည့်အပေါ် နိုင်ငံတော် သမ္မတက ယင်းကဲ့သို့လက်ခံတွေ့ဆုံ ရန် ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

ယင်းသို့တွေဆုံရာတွင် မြန်မာ့ သတင်းမီဒီယာလောက ကိုယ်စား မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)မှ နိုင်ငံတော်သမ္မတထံ တင် ပြဆွေးနွေးမည့် အကြောင်းအရာနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံစာနယ် ဇင်းကောင်စီ (ယာယီ) အတွင်းရေး မှူး ဦးကျော်မင်းဆွေက''သမ္မတနဲ့ တွေ့တဲ့အခါ လက်ရှိမီဒီယာလောက မှာဖြစ်နေတဲ့ ပြဿနာတွေ ရှိနေတယ်၊ ဖမ်းဆီးခံရတယ်၊ စစ်ဆေးမေးမြန်း ခြင်းခံရတယ်၊ ထောင်ချခံရတယ်။ ဒီပြဿ နာတွေ ရှိနေတဲ့ဟာကို မှား တာမှန်တာမပြောတော့ဘူး။ ဒီပြဿ နာတွေဖြစ်ရတဲ့ အကြောင်း အရင်း ရှာပြီးတော့ နှစ်ဖက်နားလည်မှုလွဲ နေတဲ့ဟာတွေကို နားလည်မှုရှိအောင် ဘာလုပ်ကြမလဲဆိုတာမျိုး၊ နောင်မှာ အလားတူပြဿ နာမျိုး မဖြစ်အောင် ဘယ်လိုလုပ်ကြမလဲပေါ့။ အဓိက ကတော့ မဏ္ဍိုင်သုံးရပ်နဲ့ စတုတ္ထမဏ္ဍိုင် ကြားမှာ နားလည်မှုတည်ဆောက် ရအောင်၊ ယုံကြည်မှုတည်ဆောက် လိုရအောင်ဆွေးနွေး မှာပါ။ အကောင်း ဘက်ဖြစ်လာဖို့တော့ အများကြီး မျှော်လင့်ထားပြီးသားပါ'' ဟု ဒီမိုက ရေစီတူဒေး သတင်းစာ သို့ ပြောကြားသည်။

အုပ်ချုပ်ရေးမဏ္ဍိုင်မှ မြန်မာ နိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ)ကို အသိအမှတ်ပြုပြီး မီဒီယာလောကနှင့် ပတ်သက်သည့် ပြဿ နာများ ကိုကြားခံအနေဖြင့် ဖြေရှင်းဆောင် ရွက်ရန်လိုလားကြောင်း မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)အဖွဲ့ဝင် များထံမှ သိရသည်။

''အဓိက အရေးကြီးတာက အုပ် ချုပ်ရေးမဏ္ဍိုင်က ဒီကောင်စီအပေါ် အသိအမှတ်ပြုမှုနဲ့ ကောင်စီ အင်အားရှိ လာဖို့ သြဇာရှိလာဖို့ လက်တွေ့ နည်ပယ်ထဲမှာ တရားဥပဒေစိုးမိုးရေး ကိစ္စတွေကအစ လက်တွေ့အကောင် အထည်ဖော်နေရတဲ့ အုပ်ချုပ်ရေး မဏ္ဍိုင်က အရေးကြီးတာကို၊ အုပ် ချုပ်ရေးမဏ္ဍိုင်က ဒါကို နားလည် သဘောပေါက်လာလို့ရှိရင်၊ ကောင်စီ အပေါ်မှာ အသိအမှတ်ပြုပြီးတော့ မှ ကောင်စီရဲ့ကြားဝင် ညှိနှိုင်းမှု၊ ဖြေရှင်းမှုကို မြှင့်တင်ပေးနိုင်ရင်၊ အသိ အမှတ် ပြုပေးနိုင်ရင်တော့ ပြဿ နာ အားလုံး ကင်းစင်သွားမယ် လို့တော့ ပြောလို့မရဘူးပေါ့။ ဒါပေမဲ့ ပြဿ နာ နည်းသွားမယ်။ အဲဒီပြဿနာကိုလဲ မြန်မြန်ပြေလည်အောင် ဖြေရှင်းနိုင် မယ့် သဘောပေါ့'' ဟု ဦးကျော်မင်းဆွေက ပြောသည်။ 

နိုင်ငံတော်သမ္မတနှင့် တွေဆုံ ရာတွင် မြန်မာနိုင်ငံစာနယ်ဇင်း ကောင်စီ(ယာယီ)မှ ဦးခင်မောင်လေး (ဖိုးသောကြာခေတ်+မိုး)၊ ဦးသီဟစော၊ ဦးကျော်မင်းဆွေ၊ ဦးဖေမြင့်၊ ဦးခင် မောင်ဌေး၊ ဦးရဲမင်းဦး၊ ဦးဇော်သက် ထွေး၊ ဒေါ်နန်းကလျာဝင်းတို့ ပါဝင် မည်ဖြစ်ကြောင်း သိရသည်။

Yangon Media Group 

No comments:

Post a Comment