Friday 1 August 2014

ပြည်သူ့လွှတ်တော်တွင်ရွေးကောက်ပွဲစနစ် လေ့လာရေးကော်မတီဖွဲ့

 မြန်မာနိုင်ငံနှင့် လိုက်လျောညီထွေမှုရှိမည့် ရွေး ကောက်ပွဲစနစ်တစ်ရပ်ပေါ်ပေါက်လာစေရေးအတွက် လေ့လာသုံးသပ်မှုများပြုလုပ်ကာ နှစ်လအတွင်း အပြီးသတ် ဆုံးဖြတ်ချက်ထွက်ပေါ်လာစေရန် ဆောင်ရွက် မည့် ကော်မရှင်တစ်ရပ်ကို ပြည်သူ့လွှတ်တော်၌ အဖွဲ့ဝင် ၂၄ဦးဖြင့် ဖွဲ့စည်းတာဝန်ပေး လိုက်ကြောင်း သတင်း ရရှိသည်။

အဆိုပါကော်မရှင်ကို ပြည် သူ့လွှတ်တော်ဒသမပုံမှန်အစည်း အဝေးနောက်ဆုံးရက်ဖြစ်သည့် ဇူလိုင် ၃၁ ရက်တွင် ဖွဲ့စည်းသည့်အမိန့်ကြော်ငြာစာကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ကော်မရှင်တွင် ပြည်ခိုင်ဖြိုးပါတီမှ ငါးဦး၊ NLDပါတီမှ နှစ်ဦး၊ NDFပါတီမှ နှစ်ဦး၊ SNDP(ကျားဖြူပါတီ)မှ တစ်ဦး၊ အခြားတိုင်းရင်းသား ပါတီများမှရှစ်ဦး၊ တပ်မတော်သား ကိုယ်စားလှယ်တစ်ဦး၊ ပြည်သူ့ လွှတ်တော်ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာသုံးသပ်ရေး ကော်မရှင်မှ ငါးဦး၊ စုစုပေါင်း  ၂၄ ဦး ဖြင့် ပါဝင်ဖွဲ့စည်း
ထားခြင်း ဖြစ် သည်။

ဖွဲ့စည်းလိုက်သည့်ကော်မ ရှင်တွင် တိုင်းရင်းသားပါတီများ ပါဝင်ဖွဲ့စည်းထားသော်လည်း ကော်မရှင်၏ အရေးကြီးသည့် ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ တွဲဖက်အ တွင်းရေးမှူးနေရာများကို ပြည်ခိုင်ဖြိုးပါတီမှ သာရယူ ထားသဖြင့် ၎င်းတို့လိုလားသော ပီအာရ်စနစ်ဘက်ကို ဘက်လိုက်ဆုံးဖြတ်မည်ကို စိုးရိမ်မိကြောင်း တိုင်းရင်းသားလွှတ် တော်ကိုယ်စားလှယ်တစ်ဦးကဆိုသည်။

အမျိုးသားလွှတ်တော်တွင် အချိုးကျကိုယ်စားပြုစနစ်အသုံး ပြုရေးအတွက် လေ့လာသုံးသပ် ရေးကော် မတီကို ဖွဲ့စည်းဆောင် ရွက်ရာတွင် NLDကိုယ်စားလှယ် များနုတ်ထွက်ခဲ့ကြသော်လည်း ယခုဖွဲ့စည်း လိုက်သည့် ပြည်သူ့ လွှတ်တော်ကော်မရှင်မှ NLD ကိုယ်စားလှယ်များမှာ နုတ်ထွက်မည်မဟုတ်ကြောင်း သတင်းရရှိ သည်။

‘‘အန်တီတို့က ပီအာရ် ကို မ ထောက်ခံဘူး။ ဥက္ကဋ္ဌကြီးပြောတဲ့ ကော်မရှင်ပေါ်ထွက်ဆောင်ရွက် ရေးဆိုတာ ကိုတော့ထောက်ခံ တယ်’’ဟု အမျိုးသားဒီမိုကရေစီ  အဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည် ကပြော သည်။

ကော်မရှင်အနေဖြင့် ရက် ပေါင်း ၆၀(နှစ်လ)အတွင်းလုပ် ငန်းများကိုအပြီးသတ်ဆောင် ရွက်ရန်ဖြစ်ပြီး မြန်မာနိုင်ငံတွင် မည်သည့်ရွေးကောက်ပွဲစနစ်ကို ကျင့်သုံးသင့်ကြောင်းလေ့လာ တွေ့ရှိချက်ကို သတ်မှတ် ကာလ အတွင်း လွှတ်တော်ဥက္ကဋ္ဌထံသို့ တင်ပြရမည်ဖြစ်ကြောင်း ကော်မ ရှင်ဖွဲ့စည်းသည့်အမိန့်ကြော်ငြာ စာတွင်ဖော်ပြထားသည်။

‘‘ကျွန်တော့်အနေနဲ့ကတော့ အရင်ကလည်းပြောခဲ့ပါတယ်။ တိုင်းရင်းသားစည်းလုံးညီညွတ် ရေး၊  အမျိုးသားပြန်လည် သင့် မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး စတာတွေကို လုံးဝထိခိုက်မခံပါ ဘူး။မျှမျှတတ မှန်မှန်ကန်ကန်ဖြစ် အောင်ဆောင်ရွက်ပါမယ်လို့ထပ် ပြီး ကတိပေးပါတယ်’’ဟု ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ကပြောသည်။

မြန်မာနိုင်ငံတွင် လက်ရှိကျင့်သုံးနေသော နိုင်သူအကုန်ယူစနစ်နှင့်အချိုးကျကိုယ်စားပြုစနစ်၊ အဆိုပါစနစ်နှစ်ခုကို ရောနှောပေါင်းစပ်သည့်စနစ်စသည့်စနစ် သုံးမျိုးမှမည်သည့်နည်းလမ်းဖြင့် ကျင့်သုံးဆောင်ရွက်သင့်ကြောင်း ကော်မရှင်မှ လွှတ်တော်သို့ အစီရင်ခံစာတင်သွင်းရမည်ဖြစ်သည်။

ကော်မတီအား မြန်မာနိုင်ငံ နှင့် လိုက်လျောညီထွေရှိမည့်ဟု ခေါင်းစဉ်တပ်ထားသော်လည်း ဆုံးဖြတ်ချက်ချစဉ်အချိန်က ပြည် သူ့လွှတ်တော်နှင့် လိုက်လျောညီ ထွေရှိမည့်ဟု သုံးနှုန်းထားသည် ကို တွေ့ရသည်။ အထက်ပါ ကော်မတီ၏ ပထမဦးဆုံးအကြိမ် အစည်းအဝေးကို ကော်မတီစတင်ဖွဲ့စည်းသည့် ဇူလိုင် ၃၁ ရက်တွင်ပင် ပြုလုပ်ခဲ့သည်။

7Day DAILY 

No comments:

Post a Comment