Wednesday 10 December 2014

မွန်ဒေသခံများ ထိုင်းနှင့် ဂျပန် နိုင်ငံတို့မှ ကျောက်မီးသွေးသုံး လျှပ်စစ် ဓါတ်အားပေး စက်ရုံ ကောင်းကျိုး ဆိုးကျိုးများ သွားရောက် လေ့လာ

Photo: ဟောင်ကောင် ဆန္ဒပြ နေရာများကို ရဲများက အပြီးတိုင်ရှင်းလင်း ဖယ်ရှားတော့မည်
Wednesday, December 10, 2014 

ဟောင်ကောင်တွင် ဒီမိုကရေစီ အရေး ဆန္ဒပြသည့် အဓိကသပိတ်စခန်းကို ဒီဇင်ဘာ ၁၁ ရက်တွင် အပြီးတိုင် ရှင်းလင်း တော့မည် ဖြစ်ကြောင်း အာဏာပိုင်များက ကြေငြာသည်။

သို့သော် နှစ်လကျော်မျှ ကြာမြင့်ခဲ့ပြီဖြစ်သည့် ဆန္ဒပြမှုများကို ဆက်လက်ဆင်နွှဲ သွားမည်ဟု ဆန္ဒပြသူအချို့ က ပြောကြားထားသည်။ ဆန္ဒပြသူများက အရှိန်အမြင့်ဆုံး ဆန္ဒပြမှုတွင် လမ်းမများကို ပိတ်ဆို့ခဲ့ရာ ၎င်းတို့အပေါ် ပြည်သူတို့၏ ထောက်ခံမှုများ ကျဆင်းသွားခဲ့ သည်။ မြို့ တွင်းရှိ အဓိကလမ်းမများကို နောက်ဆုံးသိမ်းပိုက်ရန် လုပ်ဆောင်ရာတွင် ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်ပေါ်ခဲ့သည်။

တရုတ်လက်အောက်မှ တစ်စိတ်တစ်ပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဟောင်ကောင်တွင် ၂၀၁၇ ခုနှစ်အတွက် အုပ်ချုပ်ရေးမှူးများကို လွတ်လပ်စွာရွေးချယ်ခွင့် အတွက် ကျောင်းသားများ ဦးဆောင်သည့် ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ သို့ သော် တရုတ် ကွန်မြူနစ်ပါတီ အာဏာပိုင်များက အုပ်ချုပ်ရေးမှူး ကိုယ်စားလှယ် လောင်းများကို ဗဟိုကော်မတီကသာ ရွေးချယ်ရမည်ဟု အလျော့မပေးဘဲ ရှိနေသည်။ အထူးခုံရုံးတစ်ရပ်က ဟောင်ကောင်၏ စီးပွားရေးအချက်အခြာကျရာတွင်ရှိသည့် အဓိကဆန္ဒပြစခန်းမှ အပိုင်းသုံးပိုင်းကို ရှင်းလင်းဖယ်ရှားရန် ဒီဇင်ဘာ ၉ရက်က ထုတ်ပြန်လိုက်သည်။

ယင်းအမိန့် ထုတ်ပြန်ချက်အရ ဆန္ဒပြစခန်းများကို ဒီဇင်ဘာ ၁၁ရက် နံနက်ပိုင်းတွင် စတင်ရှင်းလင်းမည်ဖြစ်ရာ ဆန္ဒပြသူများအနေဖြင့် ကိုယ်သဘောနှင့်ကိုယ် စခန်းမှ ထွက်ခွာသွားရန် အာဏာပိုင်များက တိုက်တွန်းမည်ဖြစ်သည်။

"တရားရုံးညွန်ကြားချက်က ဆန္ဒပြဧရိယာတစ်ခုကိုရှင်းလင်းဖို့ ပဲဖြစ်တယ်။ တကယ် လို့ သပိတ်စခန်းတစ်ခုလုံးကိုသာ ရှင်းလင်းခဲ့မယ် ဆိုရင် ပြည်သူတွေ ဘက်ကလည်း အကြမ်းဖက်တုံ့ ပြန် လာလိမ့်မယ်လို့ ထင်တယ်။ ကျွန်တော်တို့ အနေနဲ့ ဘာ တိုး တက် မှုမှ မရှိဘဲ ဆန္ဒပြမှုတွေကို ရုပ်သိမ်းသွားဖို့ မရှိပါဘူး။ ဒီနေရာမှာ ကျွန်တော် တို့ ဆန္ဒဖော်ထုတ်နေတာ ၇၃ရက်ရှိပြီ။ သပိတ်လှန် ပစ်ဖို့ အချိန် မတိုင်သေးဘူး လို့ တော့ ကျွန် တော် ထင်တယ်"ဟု အယ်လက်စ်ဟုခေါ်သော အသက် ၂၇နှစ်ရှိ ဆန္ဒပြသူ တစ်ဦးက ပြောကြားခဲ့သည်။

Ref: AFP
Mizzima - News in Burmese 

ကျောင်းသားဆန္ဒပြ ခေါင်းဆောင် ဂျိုရှုအာဝန်း ဒီဇင်ဘာ ၆ ရက်က အက်မာရတီ အရပ်တွင် မိန့်ခွန်းပြော နေစဉ်။ ဓာတ်ပုံ - AFP
လေ့လာရေးခရီးစဉ်၌ လိုက်ပါသွားမည့် ကိုဝင်းနိုင်သက်နှင့် ဦးညီသွေးတို့ ခရီးစဉ် မသွားရောက်မီ ဒေါက်တာ ခင်မောင်ညိုနှင့် သတ္တုတွင်းပညာရှင် ဦးစိန်မြင့် တို့နှင့်သွားရောက် ဆွေးနွေးခဲ့စဉ် လေ့လာရေး ခရီးစဉ်၌လိုက်ပါသွားမည့် ကိုဝင်းနိုင်သက်နှင့် ဦးညီသွေးတို့ ခရီးစဉ် မသွားရောက်မီ ဒေါက်တာ ခင်မောင်ညိုနှင့် သတ္တုတွင်း ပညာရှင် ဦးစိန်မြင့် တို့နှင့် သွားရောက် ဆွေးနွေး ခဲ့စဉ် ဓါတ်ပုံ - (ဦးညီသွေး)
Toyo Thai ကုမ္ပဏီမှ ဖိတ်ခေါ်ချက် အရ ထိုင်းနိုင်ငံနှင့် ဂျပန်နိုင်ငံ အတွင်းရှိ ကျောက်မီးသွေး လောင်စာ သုံး လျှပ်စစ် ဓါတ်အားပေး စက်ရုံ၏ ကောင်းကျိုး ဆိုးကျိုး များကို လေ့လာ နိုင်ရန် အတွက် မွန်ပြည်နယ်မှ ဒေသခံ (၁၅) ဦး ယနေ့ ဒီဇင်ဘာလ (၁၀) ရက်နေ့တွင် လေ့လာရေး ခရီး သွားရောက်မည် ဖြစ်ကြောင်း ခရီးစဉ်တွင် လိုက်ပါ သွားမည့် မြစ်မခ သတင်းဌာနမှ သတင်းထောက် ကိုဝင်းနိုင်သက်က ရွှေဟင်္သာ သတင်း ဌာနအား ဒီဇင်ဘာလ (၉) ရက်နေ့၌ ပြောကြားသည်။

“ ဒီဇင်ဘာ (၁၀) ရက်နေ့ ကနေ (၁၈) ရက်နေ့ အထိ သွားမှာ ဖြစ်တယ်။ မွန်ပြည်နယ် အစိုးရက လွှတ်တာ (၁၅) ယောက်ပေါ့နော်။  သွားမှာက ဂျပန် နိုင်ငံက Konan Machi Hekinan City စတေရှင်စက်ရုံ  နောက်တခုက OKame Misumicho Hamada Shi မှမိဆုမီ ဓါတ်အားပေး စက်ရုံ နောက်တခုက ယိုကို ဟားမား Toshiba စက်ရုံနဲ့ ထိုင်းနိုင်ငံက Mec Moh District Lampang စက်ရုံ တွေကို သွားပြီး လေ့လာမယ်” ဟု ကိုဝင်းနိုင်သက်က ရွှေဟင်္သာ သတင်းဌာနအား ပြောသည်။

ဤခရီးစဉ်တွင် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသိန်းဟန် ဦးဆောင်ပြီး အံဒင်ကျေး ရွာမှ သံဃာတော်များ ၊ ဒေသခံများ ဒေသ အခြေစိုက် မီဒီယာ သမားများ၊ ရေးမြို့နယ် မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီ ပါတီ ဥက္ကဋ္ဌ၊ သဘာဝ သယံဇာတ အရင်းအမြစ်များ တူးဖော် ထုတ်ယူ သုံးစွဲရေး ဆိုင်ရာ ပွင့်လင်း မြင်သာမှု ဖော်ဆောင်ရေး အဖွဲ့ (EITI) အဖွဲ့တို့မှ ကိုယ်စာားလှယ်များ (၁၅) ဦး ပါဝင်ကာ ဂျပန်နှင့် ထိုင်းနိုင်ငံများသို့ (၈) ရက်ကြာ လေ့လာရေး ခရီးစဉ် သွားရောက် ကြခြင်း ဖြစ်သည်။

မွန်ပြည်နယ် ရေးမြို့နယ် အံဒင် ကျေးရွာတွင် တည်ဆောက်မည့် ကျောက်မီးသွေးလောင်စာသုံး လျှပ်စစ် ဓါတ်အားပေး စက်ရုံ တည်ဆောက်ရန် Toyo Thai ကုမ္ပဏီမှ စီစဉ် ထားပြီး ၎င်းအား ဒေသခံ များမှ ကန့်ကွက်မှုများ ရှိနေသဖြင့် နိုင်ငံတကာ၌ တည်ဆောက် ထားသည့် ကျောက်မီးသွေး လောင်စာသုံး လျှပ်စစ်ဓါတ်အားပေး စက်ရုံများနှင့် ယှဉ်၍ ကောင်းကျိုး ဆိုးကျိုးများ လေ့လာ နိုင်ရန် လေ့လာရေး ခရီးစဉ် စီစဉ် ခဲ့ခြင်း ဖြစ်သည်။

ထို ထိုင်းနှင့် ဂျပန်နိုင်ငံ လေ့လာရေး ခရီးစဉ် သွားမည့် မွန်ပြည်နယ်မှ ဒေသခံ များကို မွန်ပြည်နယ် အစိုးရ အဖွဲ့မှ တဆင့် တာဝန်ယူ စုဆောင်း ဖြစ်သည်။

သို့သော်လည်း ဤလေ့လာရေး ခရီးစဉ်အတွက် လေ့လာရေး ကိုယ်စားလှယ် ရွေးချယ် ရာ၌ မွန်ပြည်နယ် အစိုးရ အဖွဲ့ အနေနှင့် အတိုက်အခံ အဖွဲ့ အစည်းမှ လူပုဂ္ဂိုလ် များကို ရွေးချယ် စေလွှတ်ခြင်း မရှိဟု ကျောက်မီးသွေး လောင်စာသုံး လျှပ်စစ် ဓါတ်အားပေး စက်ရုံ စီမံကိန်း တည်ဆောက်ရေး ဆန္ဒပြသူ တဦး ဖြစ်သူ အံဒင်ရွာမှ ကိုသန်းလွင်က  ရွှေဟင်္သာ သတင်း ဌာနအား ဒီဇင်ဘာလ (၉) ရက်နေ့၌ ပြောကြား ခဲ့သည်။

“ကျွန်တော်တို့ မွန်ပြည်နယ် အစိုးရ ကနေ စီစဉ်တဲ့ ဂျပန်နိုင်ငံ လေ့လာရေး ခရီး စဉ်ဟာ ကျေးရွာ အုပ်ချုပ်ရေးမှူး ကနေ တဆင့် စီစဉ် ခဲ့တာဟာ သူတို့ အချင်းချင်း လက်ဝါးချင်း ရိုက်တဲ့ အစီအစဉ် တခု ဘဲလို့ မြင်တယ်။ ကျွန်တော်တို့ အဖွဲ့က ကျောက်မီးသွေး လောင်စာသုံး လျှပ်စစ် ဓါတ်အားပေး စက်ရုံကို ဆန့်ကျင်တဲ့ အဖွဲ့ တွေကို လေ့လာရေး ခရီးမှာ ကိုယ်စားလှယ် အဖြစ် မခေါ်ဘူး၊ ကျွန်တော်တို့ အဖွဲ့က လူကို စေလွှတ် သင့်တယ်။ ဒါမှ ကောင်းသည် ဆိုးသည် သက်သေ ပြုလို့ ရမှာ။ အခုက ၀န်ကြီးက ဒီနေ့ခေါ် မနက်ဖန် သူတို့ သွားတယ် ဆိုတော့ ကျွန်တော်တို့ အဖွဲ့ အနေနဲ့ လက်မခံ နိုင်ပါဘူး” ဟု ကိုသန်းလွင်က ရွှေဟင်္သာ သတင်းဌာနအား ပြောသည်။

ယခု ကဲ့သို့ Toyo Thai ကုမ္ပဏီမှ လေ့လာရေး ခရီးစဉ် စေလွှတ်ခြင်းသည် ကုမ္ပဏီမှ စက်ရုံ စီမံကိန်း ပြန်လည် စတင်နိုင်ရန် အားယူသည့် အနေအထား တခု ဖြစ်သည်ဟု မွန်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အောင်နိုင်ဦးက ရွှေဟင်္သာ သတင်း ဌာနအား ဒီဇင်ဘာလ (၉) ရက်နေ့၌ ပြောကြား ခဲ့သည်။

“ပြည်သူ လူထု နယ်မြေခံ အကြီး အကဲတွေ လက်ခံ နိုင်တဲ့ အထိ သူတို့ (ကုမ္ပဏီ) ဘက်က ဆက်ပြီး ကြိုးစား နေတဲ့ သဘော ပေါ့ဗျာ။ နောက်ပြီးတော့ လေ့လာတာ ပြီးတဲ့ အခါ ကျတော့ ဒါသည် တကယ် နယ်မြေဒေသ လူထု အဖွဲ့ အစည်း တွေအတွက် အန္တရာယ် ကင်းရှင်းတယ် မကင်းရှင်းဘူး ဆိုတဲ့ ဟာကို လေ့လာတဲ့ အဖွဲ့ တွေက ပြန်လည် သုံးသပ် ပြီးတော့ ဒါကို လက်ခံပေးဖို့ သဘောမျိုးတော့ ပါတာပေါ့” ဟု ဒေါက်တာအောင်နိုင်ဦးက ရွှေဟင်္သာ သတင်းဌာနအား ပြောသည်။

Toyo Thai ကုမ္ပဏီ အနေနှင့် မွန်ပြည်နယ် ရေးမြို့နယ် အတွင်း ကျောက်မီးသွေး လောင်စာသုံး လျှပ်စစ် ဓါတ်အားပေး စက်ရုံ စီမံကိန်း တည်ဆောက်ရန် လျာထားချက်ကို မွန်ပြည်နယ် လွှတ်တော်မှ ကွင်းဆင်း လေ့လာမှု များကို ရပ်ဆိုင်းရန် ၂၀၁၄ ခုနှစ် ဇူလိုင်လ ခန့်တွင် ညွှန်ကြားချက် တစ်စောင် ထုတ်ပြန် ခဲ့ပြီး ဖြစ်ကြောင်း မွန်ပြည်နယ် လွှတ်တော်အမတ် ဒေါက်တာ အောင်နိုင်ဦးက ပြောသည်။

ရေးမြို့နယ် အံဒင် ကျေးရွာတွင် တည်ဆောက်မည့် ၁၂၈၀ မဂ္ဂါ ဝပ်ထုတ် ယင်း ကျောက်မီးသွေး လောင်စာသုံး လျှပ်စစ် ဓါအ်အားပေး စက်ရုံ စီမံကိန်းကို အကောင်အထည် ဖော်ရန် အတွက် Toyo-Thai Group ကုမ္ပဏီမှ ၂၀၁၄ ခုနှစ် နှစ်ဆန်း ပိုင်းတွင် စတင် ကွင်းဆင်း လေ့လာ ခဲ့ပြီး အမေရိကန် ဒေါ်လာ သန်း (၂၇၀၀) အကုန်ကျခံ တည်ဆောက် သွားမည် ဖြစ်ကာ အနှစ် (၃၀) စီမံ ကိန်းနှင့် လည်ပတ် သွားမည်ဟု စီမံကိန်း အကျဉ်းချုပ်တွင် ဖေါ်ပြ ထားသည်။

ထိုစက်ရုံ အတွက် အံဒင် ကျေးရွာမှ မြေဧက (၅၀၀) အား အသုံးပြု၍ စက်ရုံ ဆောက်လုပ်မည် ဖြစ်ကာ လိုအပ်မည့် ကျောက်မီးသွေး လောင်စာ များကို သြစတေးလျ၊ တောင်အာဖရိကနှင့် အင်ဒိုနီးရှား နိုင်ငံ များမှ တင်သွင်းမည် ဖြစ်၍ စက်ရုံ လည်ပတ်ရေး အတွက် တစ်လလျှင် ကျောက်မီးသွေး တန်ချိန် ၃၆၀၀၀၀ ကို လောင်စာ အဖြစ် အသုံးပြုမည် ဖြစ်ကာ စက်ရုံ၏ အအေးခံ စနစ် အတွက် တစ်နာရီလျှင် ပင်လယ်ရေ ဂါလန် ၄ ဒသမ ၄ သန်း ဂါလန်အား အသုံးပြုမည် ဖြစ်ကြောင်း ယင်း Toyo Thai ကုမ္ပဏီမှ တာဝန်ရှိသူ များက ဧပြီလ အတွင်း ပြုလုပ် ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြား ထားသည်။

ယခု မွန်ပြည်နယ် ရေးမြို့နယ် အံဒင် ကျေးရွာ၌ တည်ဆောက်မည့် လျှပ်စစ် ဓါတ်အားပေး စက်ရုံ စီမံကိန်းနှင့် အလားတူပင် တနင်္သာရီတိုင်း ဒေသကြီး အတွင်း အီတာလီယံ-ထိုင်း ကုမ္ပဏီမှ တည်ဆောက်မည့် ထားဝယ် ရေနက်ဆိပ် ကမ်း စီမံကိန်း အတွက် ကျောက်မီးသွေး လောင်စာသုံး လျှပ်စစ် ဓါတ်အားပေး စက်ရုံ တည်ဆောက်ရေး လုပ်ငန်းစဉ် များကို ဒေသခံများ အပါအ၀င် လူမှု အဖွဲ့အစည်း များနှင့် သဘာဝ ပါတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့အစည်း များမှ ကန့်ကွက်မှု များနှင့် တွေ့ကြုံ နေသော အခြေ အနေတွင် ရှိသည်။

ရွှေဟင်္သာသတင်းဌာန 

No comments:

Post a Comment