Wednesday 10 December 2014

လူသတ်သမားဝတ်စုံ ဝတ်ထားလို့ တကယ်လို့ ထင်ပြီး LAPD ရဲတို့ ပစ်သတ်ခဲ့

Photo: လူသတ်သမားဝတ်စုံ ဝတ်ထားလို့ တကယ်လို့ ထင်ပြီး LAPD ရဲတို့ ပစ်သတ်ခဲ့
Wednesday, December 10, 2014

Scream ရုပ်ရှင်စီးရီး ကြည့်ဖူးသူတို့ ယင်းထဲက ဗီလိန် လူသတ်သမားကို သိကြ ပါလိမ့်မယ်။ မျက်နှာလုံးစွတ်ပြီး အနက်ရောင် ဝတ်ဆုံနဲ့ အင်မတန် ကြောက်ဖို့ ကောင်းပါတယ်။ ဒါကို ဟောလိဝုဒ် လမ်းမထက်မှာ လူတစ်ယောက် ဝတ်ဆင်ပြီး လျှောက်သွားနေတော့ ရဲနှစ်ဦးရဲ့ ပစ်သတ်ခြင်းကို ခံခဲ့ရပါတယ်။

ဝမ်းနည်းစရာ သတင်းပါပဲ။ J လို့ အမည်ရတဲ့ ယင်း လူငယ်ဟာ ငွေရရှိဖို့အတွက် တိုးရစ်များနဲ့ အတူ ဓာတ်ပုံ ရိုက်ကူးဖို့အတွက် ယင်း ဝတ်ဆုံကို ဝတ်ဆင်ထားခဲ့ခြင်း ဖြစ်ပါတယ်။ ဒါပေမယ့် လက်ထဲမှာ ကိုင်ထားခဲ့တဲ့ ဓားကတော့ ငွေနဲ့ လုပ်ထားတဲ့ တကယ့် ဓား အစစ်ကြီးပါ။ ပတ်ဝန်းကျင်မှာလည်း လူတွေ ကြောက်လှန့်နေတာကို မြင်တော့ ရဲလည်း နေရာကို ရောက်ရှိလို့ ပစ်ခတ်ခဲ့ ပါတယ်။ တစ်ချက်တောင် မကပဲ အချက်ပေါင်းများစွာ ခေါင်းကို ပစ်ခဲ့ လို့ နေရာမှာပဲ ပွဲချင်းပြီး သေဆုံးခဲ့ ပါတယ်။

ဒီတော့ ဘယ်သူ့ အမှားဆိုတာ ပြောရခက်ပါတယ်။ ရဲတို့ အနေနဲ့လည်း လုံခြုံရေးအရ ပြုလုပ်ပေမယ့် လူတစ်ယောက် အသက်သေဖို့အထိ ခေါင်းကို ပစ်ရန် မသင့်တော် ဘူးလို့ ဟောလိဝုဒ်နေ မြို့ခံများက ပြောဆိုနေပါတယ်။ ယင်း J အနေနဲ့လည်း ဓားအစစ်ကိုင်ပြီး လူစည်ကားရာ နေရာမှာ Performance လုပ်မနေသင့်ဘူးလို့လဲ ရဲတို့ဘက်ကမှ ထောက်ခံသူများက ပြေဆိုပါတယ်။ ယင်းဖြစ်ရပ် ကြောင့် ဟောလိဝုဒ်က Street Performance လုပ်သူတွေ အကုန်လုံး ကြောက်ရွှံ့သွားခဲ့ကြ ပါတယ်။

Ref: Dailymail
www.yoyarlay.com
အောင်ခမ်း (ရိုးရာလေး)
Scream ရုပ်ရှင်စီးရီး ကြည့်ဖူးသူတို့ ယင်းထဲက ဗီလိန်လူသတ်သမားကို သိကြ ပါလိမ့်မယ်။ မျက်နှာလုံး စွတ်ပြီး အနက်ရောင် ဝတ်ဆုံနဲ့ အင်မတန် ကြောက်ဖို့ ကောင်းပါတယ်။ ဒါကို ဟောလိဝုဒ် လမ်းမထက်မှာ လူတစ်ယောက် ဝတ်ဆင်ပြီး လျှောက်သွားနေတော့ ရဲနှစ်ဦးရဲ့ ပစ်သတ်ခြင်းကို ခံခဲ့ရပါတယ်။

ဝမ်းနည်းစရာ သတင်းပါပဲ။ J လို့ အမည်ရတဲ့ ယင်း လူငယ်ဟာ ငွေရရှိဖို့အတွက် တိုးရစ်များနဲ့ အတူ ဓာတ်ပုံ ရိုက်ကူးဖို့အတွက် ယင်း ဝတ်ဆုံကို ဝတ်ဆင်ထားခဲ့ခြင်း ဖြစ်ပါတယ်။ ဒါပေမယ့် လက်ထဲမှာ ကိုင်ထားခဲ့တဲ့ ဓားကတော့ ငွေနဲ့ လုပ်ထားတဲ့ တကယ့် ဓား အစစ်ကြီးပါ။ ပတ်ဝန်းကျင်မှာလည်း လူတွေ ကြောက်လှန့်နေတာကို မြင်တော့ ရဲလည်း နေရာကို ရောက်ရှိလို့ ပစ်ခတ်ခဲ့ ပါတယ်။ တစ်ချက်တောင် မကပဲ အချက်ပေါင်းများစွာ ခေါင်းကို ပစ်ခဲ့ လို့ နေရာမှာပဲ ပွဲချင်းပြီး သေဆုံးခဲ့ ပါတယ်။

ဒီတော့ ဘယ်သူ့ အမှားဆိုတာ ပြောရခက်ပါတယ်။ ရဲတို့ အနေနဲ့လည်း လုံခြုံရေးအရ ပြုလုပ်ပေမယ့် လူတစ်ယောက် အသက်သေဖို့အထိ ခေါင်းကို ပစ်ရန် မသင့်တော် ဘူးလို့ ဟောလိဝုဒ်နေ မြို့ခံများက ပြောဆို နေပါတယ်။ ယင်း J အနေနဲ့လည်း ဓားအစစ်ကိုင်ပြီး လူစည်ကားရာ နေရာမှာ Performance လုပ်မနေသင့်ဘူးလို့လဲ ရဲတို့ဘက်ကမှ ထောက်ခံသူများက ပြေဆိုပါတယ်။ ယင်းဖြစ်ရပ်ကြောင့် ဟောလိဝုဒ်က Street Performance လုပ်သူတွေ အကုန်လုံး ကြောက်ရွှံ့သွားခဲ့ကြ ပါတယ်။

Ref: Dailymail
www.yoyarlay.com
အောင်ခမ်း (ရိုးရာလေး)

No comments:

Post a Comment