Wednesday 10 December 2014

အင်ဒိုနီးရှား အရှေ့ပိုင်း ဒေသတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခအတွင်း လူလေးဦးသေဆုံး

Photo: အင်ဒိုနီးရှား အရှေ့ပိုင်း ဒေသတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခအတွင်း လူလေးဦးသေဆုံး
Wednesday, December 10, 2014 

အင်ဒိုနီးရှား နိုင်ငံအရှေ့ပိုင်းရှိ ဆူပူအုံကြွမှုများ ဖြစ်ပေါ်နေသော ပါပူအာဒေသတွင် လုံခြုံရေး တပ်ဖွဲ့များ နှင့် တိုက်ခိုက်မှုများဖြစ်ပွားခဲ့ပြီးနောက် အနည်းဆုံး ဆယ်ကျော်သက် လူငယ် လေးဦး ပစ်သတ်ခံခဲ့ရသည်ဟု အာဏာပိုင်များက ဒီဇင်ဘာ ၉ ရက် ကပြောကြားခဲ့သည်။ ယင်းဖြစ်စဉ်တွင် ရဲများက ဆန္ဒပြသူများကို ပစ်ခတ်ခဲ့သည်ဟု လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများက စွပ်စွဲပြောကြားခဲ့သည်။

ဒီဇင်ဘာ ၈ ရက်က ဖြစ်ပွားခဲ့သော ယင်းအဖြစ်အပျက်သည် နိုင်ငံအရှေ့ခြမ်းတွင် နောက်ဆုံးဖြစ်ပေါ်ခဲ့သော ပဋိပက္ခဖြစ်စဉ်ဖြစ်ပြီး ယင်းဒေသတွင် ရရာလက်နက်စွဲကိုင်ထားသည့် တိုက်ခိုက်ရေးသမားများက ဒေသရှိ မီလာနီရှန် လူမျိုးစုများကိုယ်စား ဆယ်စုနှစ်များစွာ အကြာကတည်းက အင်ဒိုနီးရှား အစိုးရအပေါ် ဆန့်ကျင်မှုများ လုပ်ဆောင်ခဲ့သည်။

အခင်းဖြစ်ပွားစဉ်က ရာပေါင်းများစွာသော ဆန္ဒပြသမားများသည် နိုင်ငံရှိ ဝေးလံသော မာဒီအရပ်ရှိ စစ်တပ်နှင့် ရဲစခန်းများကို တိုက်ခိုက်ခဲ့ကြသည်။ ယင်းဖြစ်စဉ်တွင် သေဆုံးခဲ့သူများအား ပစ်ခတ်ခဲ့သူများကို ရှင်းရှင်းလင်းလင်းမသိရသေးဟု ရဲများက ပြောသည်။

ဖြစ်စဉ်တွင် ဆန္ဒပြလူအုပ်အတွင်းသို့ လုံခြုံရေး တပ်ဖွဲ့များက သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် အထက်တန်းကျောင်းသား ငါးဦး သေဆုံးခဲ့သည်ဟု အင်ဒိုနီးရှားရှိ လူ့အခွင့်အရေး လှုပ်ရှားသူ အန်ဒရီယက် ဟာဆိုနိုကပြောသည်။ အဆိုပါ ပါပူအာ ဒေသတွင် လက်ရှိအချိန်၌ အစိုးရက ရဲများနှင့် စစ်တပ်တို့ကို တိုးမြင့်ချထားပြီး  ပြည်ပနိုင်ငံသားများ သတင်းရယူမှုများကို လည်း တင်းကျပ်ထားသည်။

ဒေသတွင် ဒီဇင်ဘာ ၇ ရက် ညပိုင်းက ကားဒရိုင်ဘာတစ်ဦးနှင့် လူငယ်များ အချင်းများခဲ့ရာမှ တင်းမာမှုများ စတင်ဖြစ်ပွားခဲ့သည်ဟု ရဲများနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများက ပြောသည်။ ယင်းကားဒရိုင်ဘာသည် ဒေသတွင်း စစ်တပ်တစ်ခုမှ ဖြစ်ပြီး အချင်းများပြီးနောက်ပိုင်းတွင် လူအုပ်စုတစ်စုနှင့် အတူ ပြန်လာ၍ လူငယ်များကို ရိုက်နှက်ခဲ့သည်ဟု သိရသည်။

ယင်းနောက် ဒီဇင်ဘာ ၈ ရက်တွင် ဒေသရှိ ရွေးကောက်ပွဲ ရုံးခန်းတစ်ခုမီးရှို့ခံရပြီး နောက် ရဲစခန်းများနှင့် စစ်တပ်တို့လည်း တိုက်ခိုက် ခံခဲ့ရသည်ဟု ပါပူအာ ဒေသ ရဲဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဆူလစ်ယို ပူဂျိုက ပြောသည်။း “ ဒီဖြစ်စဉ်မှာ ထိခိုက်သေကျေ မှုတွေရှိခဲ့ပါတယ်၊ ဘယ်သူတွေက ပစ်တာလဲဆိုတာတော့ ကျွန်တော်တို့ မသိပါဘူး၊ လေးယောက်သေပြီး ၁၀ ဦးဒဏ်ရာရခဲ့ပါတယ်” ဟု ၎င်း ကပြောကြားသွားသည်။

Ref: AFP
Mizzima - News in Burmese 

ပဋိပက္ခ တစ်ခုကို နှိမ်နင်းနေသည့် အင်ဒိုနီးရှား ရဲတပ်ဖွဲ့ဝင်များ
ပဋိပက္ခ တစ်ခုကို နှိမ်နင်းနေသည့် အင်ဒိုနီးရှား ရဲတပ်ဖွဲ့ဝင်များ
အင်ဒိုနီးရှား နိုင်ငံအရှေ့ပိုင်းရှိ ဆူပူအုံကြွမှုများ ဖြစ်ပေါ်နေသော ပါပူအာဒေသတွင် လုံခြုံရေး တပ်ဖွဲ့များ နှင့် တိုက်ခိုက်မှုများဖြစ်ပွားခဲ့ပြီးနောက် အနည်းဆုံး ဆယ်ကျော်သက် လူငယ် လေးဦး ပစ်သတ်ခံခဲ့ရ သည်ဟု အာဏာပိုင်များက ဒီဇင်ဘာ ၉ ရက် ကပြောကြားခဲ့သည်။ ယင်းဖြစ်စဉ်တွင် ရဲများက ဆန္ဒပြသူများ ကို ပစ်ခတ်ခဲ့သည်ဟု လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများက စွပ်စွဲပြောကြားခဲ့သည်။

ဒီဇင်ဘာ ၈ ရက်က ဖြစ်ပွားခဲ့သော ယင်းအဖြစ်အပျက်သည် နိုင်ငံအရှေ့ခြမ်းတွင် နောက်ဆုံးဖြစ်ပေါ်ခဲ့ သော ပဋိပက္ခဖြစ်စဉ်ဖြစ်ပြီး ယင်းဒေသတွင် ရရာလက်နက်စွဲကိုင်ထားသည့် တိုက်ခိုက်ရေးသမားများက ဒေသရှိ မီလာနီရှန် လူမျိုးစုများကိုယ်စား ဆယ်စုနှစ်များစွာ အကြာကတည်းက အင်ဒိုနီးရှား အစိုးရအပေါ် ဆန့်ကျင်မှုများ လုပ်ဆောင်ခဲ့သည်။

အခင်းဖြစ်ပွားစဉ်က ရာပေါင်းများစွာသော ဆန္ဒပြသမားများသည် နိုင်ငံရှိ ဝေးလံသော မာဒီအရပ်ရှိ စစ်တပ်နှင့် ရဲစခန်းများကို တိုက်ခိုက်ခဲ့ကြသည်။ ယင်းဖြစ်စဉ်တွင် သေဆုံးခဲ့သူများအား ပစ်ခတ်ခဲ့သူများကို ရှင်းရှင်းလင်းလင်းမသိရသေးဟု ရဲများက ပြောသည်။

ဖြစ်စဉ်တွင် ဆန္ဒပြလူအုပ်အတွင်းသို့ လုံခြုံရေး တပ်ဖွဲ့များက သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် အထက်တန်း ကျောင်းသား ငါးဦး သေဆုံးခဲ့သည်ဟု အင်ဒိုနီးရှားရှိ လူ့အခွင့်အရေး လှုပ်ရှားသူ အန်ဒရီယက် ဟာဆိုနိုကပြောသည်။ အဆိုပါ ပါပူအာ ဒေသတွင် လက်ရှိအချိန်၌ အစိုးရက ရဲများနှင့် စစ်တပ်တို့ကို တိုးမြင့်ချထားပြီး  ပြည်ပနိုင်ငံသားများ သတင်းရယူမှုများကို လည်း တင်းကျပ်ထားသည်။

ဒေသတွင် ဒီဇင်ဘာ ၇ ရက် ညပိုင်းက ကားဒရိုင်ဘာတစ်ဦးနှင့် လူငယ်များ အချင်းများခဲ့ရာမှ တင်းမာမှုများ စတင်ဖြစ်ပွားခဲ့သည်ဟု ရဲများနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများက ပြောသည်။ ယင်းကားဒရိုင်ဘာသည် ဒေသတွင်း စစ်တပ်တစ်ခုမှ ဖြစ်ပြီး အချင်းများပြီးနောက်ပိုင်းတွင် လူအုပ်စုတစ်စုနှင့်အတူ ပြန်လာ၍ လူငယ်များကို ရိုက်နှက်ခဲ့သည်ဟု သိရသည်။

ယင်းနောက် ဒီဇင်ဘာ ၈ ရက်တွင် ဒေသရှိ ရွေးကောက်ပွဲ ရုံးခန်းတစ်ခုမီးရှို့ခံရပြီး နောက် ရဲစခန်းများနှင့် စစ်တပ်တို့လည်း တိုက်ခိုက် ခံခဲ့ရသည်ဟု ပါပူအာ ဒေသ ရဲဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဆူလစ်ယို ပူဂျိုက ပြောသည်။း “ ဒီဖြစ်စဉ်မှာ ထိခိုက်သေကျေ မှုတွေရှိခဲ့ပါတယ်၊ ဘယ်သူတွေက ပစ်တာလဲဆိုတာတော့ ကျွန်တော်တို့ မသိပါဘူး၊ လေးယောက်သေပြီး ၁၀ ဦးဒဏ်ရာရခဲ့ပါတယ်” ဟု ၎င်း ကပြောကြားသွားသည်။

Ref: AFP
Mizzima - News in Burmese 

No comments:

Post a Comment