Wednesday 10 December 2014

ဂါဇာ ထိုးစစ် အတွင်း အစ္စရေးက စစ်ရာဇဝတ်မှုများ ကျူးလွန် ခဲ့ကြောင်း နိုင်ငံတကာ လွတ်ငြိမ်းချမ်း သာခွင့်အဖွဲ့ စွပ်စွဲ

ဟားမာ့စ်တို့အပေါ် ထိုးစစ် တစ်ခုအတွင်း တွေ့ရသည့် အစ္စရေး စစ်သားများ
အစ္စရေး စစ်တပ်သည် ယခုနှစ် နွေရာသီက ပြုလုပ် ခဲ့သော ဂါဇာ ထိုးစစ် အတွင်းတွင် စစ်ရာဇ ဝတ်မှုများ ကျူးလွန်ခဲ့ရာ ထိုကိစ္စကို စုံစမ်း စစ်ဆေး ရမည်ဖြစ်ေ ကြာင်း လူ့အခွင့်အရေး စောင့်ကြည့်မှု အဖွဲ့ဖြစ်သည့် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာ ခွင့်အဖွဲ့က ဒီဇင်ဘာလ ၉ ရက်နေ့တွင် စွပ်စွဲလိုက်သည်။

ရက်ပေါင်း ၅၀ ကြာ စစ်ပွဲ၏ နောက်ဆုံး လေးရက် အတွင်းတွင် အထပ်မြင့်တိုက် လေးခုအား တိုက်ခိုက် ဖျက်ဆီး ခဲ့ခြင်းမှာ အပြည်ပြည် ဆိုင်ရာ လူသားချင်း စာနာမှု ဥပဒေကို ချိုးဖောက်ခြင်း ဖြစ်ကြောင်း အဆိုပါ အဖွဲ့၏ အစီရင် ခံစာတွင် ဖော်ပြ ထားသည်။

“ဒီလို အကြီးအကျယ် ဖျက်ဆီး ခဲ့တာဟာ စစ်ရေးအရ လိုအပ်ချက် မရှိဘဲ တမင်ရည် ရွယ်ချက်ရှိရှိ ဖျက်ဆီးခဲ့ တာဖြစ်ကြောင်း ကျွန်တော် တို့မှာရှိတဲ့ သက်သေ အထောက် အထား အားလုံးက ညွှန်ပြ နေပါတယ်” ဟု အဖွဲ့ ၏အရှေ့အ လယ်ပိုင်းဒေသ နှင့် မြောက်အာဖရိက ဆိုင်ရာ ညွှန်ကြား ရေးမှူး ဖိလစ် လူသာ ကဆို သည်။ “စစ်ရာဇဝတ် မှုတွေကို ဘက်လိုက် မှုမရှိဘဲ လွတ်လွတ် လပ်လပ် စစ်ဆေးရ မှာဖြစ်ပြီးတော့ တာဝန်ရှိ သူတွေကို မျှမျှတတ စစ်ဆေးစီ ရင်သင့်ပါတယ်” ဟု သူက ဆိုခဲ့သည်။

သက်သေ အထောက် အထား များထဲတွင် ထိုကာလက အစ္စရေး စစ်ဘက်၏ ထုတ်ပြန် ချက်များလည်း ပါဝင်ခဲ့ကာ၊ ဂါဇာ ဒေသ ခံများအား အစု အဝေးလိုက် အပြစ် ပေးသည့် အနေဖြင့် ၄င်းတို့၏ အသက်မွေး ဝမ်းကျောင်းမှု များကို ဖျက်ဆီးရန် အစ္စရေး တို့၏ တိုက်ခိုက် မှုများက ရည်ရွယ် ခဲ့ခြင်း ဖြစ်ကြောင်း လည်းလူ သာက ဆိုခဲ့သည်။

အဆိုပါအဖွဲ့၏ ပြောဆိုချက်အပေါ် အစ္စရေး အာဏာ ပိုင်များက တုံ့ပြန် ချေပခြင်း မရှိသေးပေ။ သို့ရာတွင် စစ်ပဋိပက္ခ အတွင်း ကျူးလွန်ခဲ့ ဖွယ်ရှိသော စစ်ရာ ဇဝတ် မှုများအား စုံစမ်းစစ် ဆေးရေးနှင့် ပတ်သတ်၍ ကုလသမဂ္ဂ နှင့် ပူးပေါင်းဆောင် ရွက်ရေးကိုမူ အစ္စရေး အာဏာ ပိုင်များက ငြင်းဆန်ပယ် ချထားပြီး ကု လသမဂ္ဂမှာ ဘက်လိုက် နေသည်ဟု အစ္စရေးက စွပ်စွဲထားသည်။

ကုလသမဂ္ဂ ကျောင်းတစ် ကျောင်းအား အစ္စရေး လက်နက်ကြီး ထိမှန်မှုကြောင့် အနည်းဆုံး လူ ၁၅ ဦး သေဆုံးခဲ့ရသော ကိစ္စ နှင့် ကမ်းခြေ တစ်ခုအား ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ကလေး ၄ ဦး သေဆုံး ခဲ့ရသော ကိစ္စ များ အပါ အဝင် စစ်အတွင်းက ဖြစ်ရပ် များအပေါ် အစ္စရေး စစ်ဘက် ကလည်း ရာဇဝတ်မှု ဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပေးလျက် ရှိသည်။ သို့ရာတွင် အစ္စရေးတို့၏ စုံစမ်းစစ်ဆေးမှုမှာ လွတ်လပ်မှု ရှိလိမ့်မည် မဟုတ်ဟု ဝေဖန်သူများက ဆိုခဲ့ကြသည်။

ဟားမားစ်ဦးဆောင်သော လက်နက်ကိုင်များ နှင့် အစ္စရေးတို့ အကြား တိုက်ခိုက်ခဲ့ကြသော ထိုစစ်ပွဲ အတွင်းတွင် ပါလက်စတိုင်း ၂၁၀၀ ကျော် သေဆုံးခဲ့ရရာ အများစုမှာ အရပ်သားများ ဖြစ်ကြပြီး ထိုစစ်ပွဲမှာ သြဂုတ်လ ၂၆ ရက်နေ့တွင် ပြီးဆုံးသွားခဲ့သည်။ ထိုစစ်ပွဲကြောင့် အစ္စရေးဘက်မှ ၇၃ ဦး သေဆုံးခဲ့ရပြီး၎င်းတို့ အနက် ၆၇ ဦးမှာ စစ်သားများ ဖြစ်ကြသည်။

Ref: AFP
Mizzima - News in Burmese 

No comments:

Post a Comment