Wednesday 10 December 2014

လူ့အခွင့်အရေး ချိုးဖောက်မှု လယ်သမားများ အများဆုံးခံရ - HRDP

Photo: လူ့အခွင့်အရေး ချိုးဖောက်မှု လယ်သမားများ အများဆုံးခံရ - HRDP

ဒီဇင်ဘာလ ၁၀ ရက်၊ ၂၀၁၄ 

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်ခံရမှုအများဆုံး ဟာ လယ်ယာမြေ သိမ်းဆည်းခံရတဲ့ တောင်သူလယ် သမားတွေ ဖြစ်တယ်လို့ လူ့အခွင့်အရေး ကာကွယ်မြှင့်တင် သူများအဖွဲ့ (HRDP) ကဒီနေ့ကျရောက်တဲ့ ၆၆ နှစ်မြောက် နိုင်ငံတကာ လူ့အခွင့်အရေးနေ့ အခမ်း အနားမှာ ပြောကြားလိုက်ပါတယ်။

ရန်ကုန်မြို့ ဗဟန်းမြို့နယ်က M3 စားသောက်ဆိုင်မှာ ကျင်းပတဲ့ ၆၆ နှစ်မြောက် နိုင်ငံတကာ လူ့အခွင့်အရေးနေ့ အခမ်းအနားမှာ လယ်ယာမြေသိမ်းဆည်းခံရပြီး ထောင် ကျနေတဲ့ လယ်သမား တစ်ထောင်ကျော်လောက်ရှိနေပြီ လို့ လူ့အခွင့် အရေးကာကွယ် မြှင့်တင်သူများအဖွဲ့ အမှုဆောင်ဒါရိုက်တာ ဦးမြင့်အေးက အခုလိုပြောပါတယ်။

"လယ်သိမ်းတာဘာလို့ လူ့အခွင့်အရေးချိုးဖောက်မှု လို့ ပြောလဲဆိုတော့ ပုဂ္ဂလိက ပစ္စည်းပိုင်ဆိုင်မှုတွေ ကို ဒါတွေဟာ အဓမ္မနည်းနဲ့ သိမ်းယူတာရှိတယ်၊ အဓမ္မနည်း မဟုတ်ပဲနဲ့ စောစောကပြောသလို တပ်ပိုင်တို့၊ ဘာတို့ညာတို့ ဆိုတာရှိတာကိုး ဘယ်လိုနည်းနဲ့ ပဲဖြစ်ဖြစ် ကျနော်တို့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေငြာ စာတမ်းကြီးရဲ့ အပိုဒ် ၁၇ အရ ပုဂ္ဂလိက ပစ္စည်းပိုင်ဆိုင်မှုရှိတယ်ဆိုတဲ့ အချက်ကို ချိုးဖောက်လို့ လယ်တွေဟာလယ်သမားတွေပိုင်ခွင့်ရှိတယ်၊ အဲ့ဒါ ကိုယ်ပိုင်ပစ္စည်း ဆိုတာရှိသင့်တယ် ဆိုတဲ့ အချက်နဲ့ ကျူးလွန်တာတွေအများကြီးပါ၊ ဒါတွေကိုလဲ အစိုးရကနေ ဖမ်းဆီးထောင်ချတယ်၊ လယ်သမားတွေအခု ထောင်ထဲမှာ အများကြီးရောက်နေပါပြီ၊ ကျနော်တို့မှတ် တမ်းတွေအရ တစ်ထောင်ကျော်ကျော်လောက်ရှိမယ်၊ အဲ့တော့ဒီအမှုဟာ အများဆုံး"

လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့က "အစိုးရသစ်နဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေ" ဆိုတဲ့ ခေါင်းစဉ် နဲ့ အစီအရင်ခံစာကို ဒီနေ့ အခမ်းအနားမှာ တင်သွင်းခဲ့ပါတယ်။ဒါ့အပြင် လွတ်လပ်စွာရေးသား ထုတ်ဖော်ပြောဆိုခွင့်နဲ့ အစိုးရသစ်၊ အမျိုးသမီးအခွင့်အရေး အခြေအနေနဲ့ အစိုးရသစ်၊ လူနည်းစု တိုင်းရင်းသား အခွင့်အရေးအခြေအနေ၊ ဥပဒေပြုရေး တရားစီရင်ရေးနဲ့ အစိုးရသစ် စတဲ့ ခေါင်းစဉ်တွေနဲ့ မြန်မာနိုင်ငံက လူ့အခွင့် အရေးအခြေအနေတွေ ကို ဆွေးနွေးခဲ့ကြပါတယ်။

နိုင်ငံတကာလူ့အခွင့်အရေးနေ့ အခမ်းအနားတွေကို ရန်ကုန်၊ မုံရွာ၊ မြစ်ကြီးနားနဲ့ စစ်တွေမြို့တွေမှာလည်း ကျင်းပ ခဲ့ကြပါတယ်။

RFA Burmese
မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်ခံရမှုအများဆုံး ဟာ လယ်ယာမြေ သိမ်းဆည်းခံရတဲ့ တောင်သူ လယ် သမားတွေ ဖြစ်တယ်လို့ လူ့အခွင့်အရေး ကာကွယ်မြှင့်တင် သူများအဖွဲ့ (HRDP) ကဒီနေ့ကျရောက် တဲ့ ၆၆ နှစ်မြောက် နိုင်ငံတကာ လူ့အခွင့်အရေးနေ့ အခမ်း အနားမှာ ပြောကြားလိုက်ပါတယ်။

ရန်ကုန်မြို့ ဗဟန်းမြို့နယ်က M3 စားသောက်ဆိုင်မှာ ကျင်းပတဲ့ ၆၆ နှစ်မြောက် နိုင်ငံတကာ လူ့အခွင့် အရေး နေ့ အခမ်းအနားမှာ လယ်ယာမြေသိမ်းဆည်းခံရပြီး ထောင် ကျနေတဲ့ လယ်သမား တစ်ထောင် ကျော်လောက် ရှိနေပြီ လို့ လူ့အခွင့် အရေးကာကွယ် မြှင့်တင်သူများအဖွဲ့ အမှုဆောင်ဒါရိုက်တာ ဦးမြင့်အေး က အခုလိုပြောပါတယ်။

"လယ်သိမ်းတာဘာလို့ လူ့အခွင့်အရေးချိုးဖောက်မှု လို့ ပြောလဲဆိုတော့ ပုဂ္ဂလိက ပစ္စည်းပိုင်ဆိုင်မှုတွေ ကို ဒါတွေဟာ အဓမ္မနည်းနဲ့ သိမ်းယူတာရှိတယ်၊ အဓမ္မနည်း မဟုတ်ပဲနဲ့ စောစောကပြောသလို တပ်ပိုင်တို့၊ ဘာတို့ညာတို့ ဆိုတာရှိတာကိုး ဘယ်လိုနည်းနဲ့ ပဲဖြစ်ဖြစ် ကျနော်တို့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေငြာ စာတမ်းကြီးရဲ့ အပိုဒ် ၁၇ အရ ပုဂ္ဂလိက ပစ္စည်းပိုင်ဆိုင်မှုရှိတယ်ဆိုတဲ့ အချက်ကို ချိုးဖောက်လို့ လယ်တွေဟာလယ်သမားတွေပိုင်ခွင့်ရှိတယ်၊ အဲ့ဒါ ကိုယ်ပိုင်ပစ္စည်း ဆိုတာရှိသင့်တယ် ဆိုတဲ့ အချက်နဲ့ ကျူးလွန်တာတွေအများကြီးပါ၊ ဒါတွေကိုလဲ အစိုးရကနေ ဖမ်းဆီးထောင်ချတယ်၊ လယ်သမားတွေအခု ထောင်ထဲမှာ အများကြီးရောက်နေပါပြီ၊ ကျနော်တို့မှတ် တမ်းတွေအရ တစ်ထောင်ကျော်ကျော် လောက်ရှိ မယ်၊ အဲ့တော့ဒီအမှုဟာ အများဆုံး"

လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့က "အစိုးရသစ်နဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေ" ဆိုတဲ့ ခေါင်းစဉ် နဲ့ အစီအရင်ခံစာကို ဒီနေ့ အခမ်းအနားမှာ တင်သွင်းခဲ့ပါတယ်။ဒါ့အပြင် လွတ်လပ်စွာ ရေးသား ထုတ်ဖော်ပြောဆိုခွင့်နဲ့ အစိုးရသစ်၊ အမျိုးသမီးအခွင့်အရေး အခြေအနေနဲ့ အစိုးရသစ်၊ လူနည်းစု တိုင်းရင်းသား အခွင့်အရေးအခြေအနေ၊ ဥပဒေပြုရေး တရားစီရင်ရေးနဲ့ အစိုးရသစ် စတဲ့ ခေါင်းစဉ်တွေနဲ့ မြန်မာနိုင်ငံက လူ့အခွင့် အရေးအခြေအနေတွေ ကို ဆွေးနွေးခဲ့ကြပါတယ်။

နိုင်ငံတကာလူ့အခွင့်အရေးနေ့ အခမ်းအနားတွေကို ရန်ကုန်၊ မုံရွာ၊ မြစ်ကြီးနားနဲ့ စစ်တွေမြို့တွေမှာလည်း ကျင်းပ ခဲ့ကြပါတယ်။

RFA Burmese

No comments:

Post a Comment