Wednesday 10 December 2014

သားသမီးများ ဆေးမင်ကြောင် ထိုးချင်သည့် အပေါ် ဘရတ်နှင့်ဂျိုလီတို့ အထိတ်တလန့်ဖြစ်

Photo: သားသမီးများ ဆေးမင်ကြောင် ထိုးချင်သည့် အပေါ် ဘရတ်နှင့်ဂျိုလီတို့ အထိတ်တလန့်ဖြစ်

ဒီဇင်ဘာလ ၁၀ ရက်၊ ၂၀၁၄

နယူးယော့ခ်၊ ဒီဇင်ဘာ ၁၀။ ဟောလီးဝုဒ်နာမည်ကြီး စုံတွဲ မင်းသား ဘရတ်ပစ်ဒ်နှင့် မင်းသမီး အိန်ဂျယ်လီနာဂျိုလီတို့သည် ၄င်းတို့၏ သားသမီးများက ဆေးမင်ကြောင် ထိုးချင်သည့် ကိစ္စနှင့်ပတ်သက်ပြီး အထိတ်တလန့် ဖြစ်နေကြသည်။

မင်းသမီးက ပြောကြားရာတွင် ဖခင်ဖြစ်သူ ဘရတ်ပစ်သည် အဆိုပါ ကိစ္စကို ဆန့်ကျင် နေပြီး သားအကြီးဆုံး မက်ဒေါ့ဇ်က ဆေးမင်ကြောင် ထိုးရန် ခွင့်တောင်း ခဲ့စဉ်က ဂျိုလီက ငြင်းဆိုခဲ့သည်။ ယင်းနောက် အသက် ကိုးနှစ်ရှိပြီဖြစ်သည့် သမီးဖြစ်သူ ဇာဟာရာက အစစအရာရာ စူးစမ်း ချင်နေသဖြင့် ဘရတ်ပစ်ဒ်သည် အထိတ်တလန့်ဖြစ်နေသည်ဟုဆိုသည်။

“ဆေးမင်ကြောင် အကြောင်းကို သူတို့ ကျွန်မကို မေးပြီးကြပါပြီ။ ကျွန်မက မလုပ်ပါနဲ့လို့ ပြောနိုင်မလဲ။ အထူးသဖြင့် အဖေတွေနဲ့ သမီးတွေ ကြားမှာဆို ပိုခက်ခဲပါတယ်။ အဖေတွေက သမီးတွေ ဆေးမင်ကြောင်ထိုးတာနဲ့ပတ်သက်ရင် နည်းနည်းလေး ပိုပြီး အကဲဆတ်ကြ တယ်လေ။ နောက်ပြီး ဘရတ်က မိန်းကလေးဆိုတာ အမှားမလုပ်ရဘူးထင်နေတယ်” ဟု မင်းသမီးကဆိုသည်။

ကလေးများ၏ အနာဂတ်နှင့်ပတ်သက်ပြီး ဂျိုလီကပြောရာတွင် “ကျွန်မတို့နှစ်ယောက် အမြဲပြောဖြစ်ပါတယ်။ တကယ်လို့သာ ကလေးတွေက သရုပ်ဆောင်ချင်တယ်ဆိုရင် ကျွန်မတို့သူတို့ကို သရုပ်ဆောင်ခိုင်းမှာမဟုတ်ပါဘူး။ သရုပ်ဆောင်ခြင်းတစ်ခုတည်း မလုံလောက်ပါဘူး။ တစ်ပြိုင်နက်တည်းမှာပဲ တကယ့်အလုပ်အစစ်တစ်ခုကို သူတို့ရှာရမှာဖြစ်ပါတယ်။ ကမ္ဘာကြီးထဲက အခြားအရာတွေကို သူတို့မြင်ပြီးတဲ့အခါမှာ စာရေးဆရာတွေ၊ နိုင်ငံရေးသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေဖြစ်ချင်တဲ့စိတ်တွေ သူတို့မှာ ဖြစ်ပေါ်လာမယ်လို့ ကျွန်မမျှော်လင့်ပါတယ်” ဟု၎င်းကဆိုသည်။

Ref: Ace Showbiz
Mizzima - News in Burmese
ဟောလီးဝုဒ်နာမည်ကြီး စုံတွဲ မင်းသား ဘရတ်ပစ်ဒ်နှင့် မင်းသမီး အိန်ဂျယ်လီနာဂျိုလီတို့သည် ၄င်းတို့၏ သားသမီးများက ဆေးမင်ကြောင် ထိုးချင်သည့် ကိစ္စနှင့်ပတ်သက်ပြီး အထိတ်တလန့် ဖြစ်နေကြသည်။

မင်းသမီးက ပြောကြားရာတွင် ဖခင်ဖြစ်သူ ဘရတ်ပစ်သည် အဆိုပါကိစ္စကို ဆန့်ကျင်နေပြီး သားအကြီးဆုံး မက်ဒေါ့ဇ်က ဆေးမင်ကြောင်ထိုးရန် ခွင့်တောင်းခဲ့စဉ်က ဂျိုလီက ငြင်းဆိုခဲ့သည်။ ယင်းနောက် အသက် ကိုးနှစ်ရှိပြီဖြစ်သည့် သမီးဖြစ်သူ ဇာဟာရာက အစစအရာရာ စူးစမ်း ချင်နေသဖြင့် ဘရတ်ပစ်ဒ်သည် အထိတ်တလန့်ဖြစ်နေသည်ဟုဆိုသည်။

“ဆေးမင်ကြောင် အကြောင်းကို သူတို့ ကျွန်မကို မေးပြီးကြပါပြီ။ ကျွန်မက မလုပ်ပါနဲ့လို့ ပြောနိုင်မလဲ။ အထူးသဖြင့် အဖေတွေနဲ့ သမီးတွေ ကြားမှာဆို ပိုခက်ခဲပါတယ်။ အဖေတွေက သမီးတွေ ဆေးမင်ကြောင် ထိုးတာနဲ့ပတ်သက်ရင် နည်းနည်းလေး ပိုပြီး အကဲဆတ်ကြ တယ်လေ။ နောက်ပြီး ဘရတ်က မိန်းကလေး ဆိုတာ အမှားမလုပ်ရဘူးထင်နေတယ်” ဟု မင်းသမီးကဆိုသည်။

ကလေးများ၏ အနာဂတ်နှင့်ပတ်သက်ပြီး ဂျိုလီကပြောရာတွင် “ကျွန်မတို့နှစ်ယောက် အမြဲပြောဖြစ်ပါတယ်။ တကယ်လို့သာ ကလေးတွေက သရုပ်ဆောင်ချင်တယ်ဆိုရင် ကျွန်မတို့သူတို့ကို သရုပ်ဆောင်ခိုင်းမှာ မဟုတ်ပါဘူး။ သရုပ်ဆောင်ခြင်းတစ်ခုတည်း မလုံလောက်ပါဘူး။ တစ်ပြိုင်နက်တည်းမှာပဲ တကယ့် အလုပ် အစစ်တစ်ခုကို သူတို့ရှာရမှာဖြစ်ပါတယ်။ ကမ္ဘာကြီးထဲက အခြားအရာတွေကို သူတို့မြင်ပြီးတဲ့အခါမှာ စာရေးဆရာတွေ၊ နိုင်ငံရေးသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေဖြစ်ချင်တဲ့စိတ်တွေ သူတို့မှာ ဖြစ်ပေါ် လာမယ်လို့ ကျွန်မမျှော်လင့်ပါတယ်” ဟု၎င်းကဆိုသည်။

Ref: Ace Showbiz
Mizzima - News in Burmese

No comments:

Post a Comment