Wednesday 10 December 2014

Buddha Bar ကျင်းပမယ်ဆိုတဲ့ ဆိုင်ကို ယာယီပိတ်သိမ်း၊ တာဝန်ရှိသူတွေကို အရေးယူမယ်

Photo: Buddha Bar ကျင်းပမယ်ဆိုတဲ့ ဆိုင်ကို ယာယီပိတ်သိမ်း၊ တာဝန်ရှိသူတွေကို အရေးယူမယ်
Wednesday, December 10, 2014 

ဗုဒ္ဓမြတ်စွာဘုရား ရုပ်ပုံတော်မှာ ခေတ်မီ Headphone တပ်ဆင်ထားပြီးတော့ Buddha Bar ကျင်းပမယ်ဆိုပြီး အင်တာနက်လူမှုကွန်ရက် စာမျက်တွေကနေ ကြော်ငြာမှုတွေ လုပ်နေတဲ့ VGastro.Bar ကို ယာယီ ပိတ်သိမ်းလိုက်ပြီး တာဝန်ရှိသူတွေကို စစ်ဆေးနေတယ်လို့ အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး ဝင်းကြည်က ပြောပါတယ်။

အဲဒီကိစ္စကို စီစဉ်တဲ့ ဗဟန်းမြို့နယ် ရွှေတောင်ကြားလမ်းမှာရှိတဲ့ VGastro.Bar က တာဝန်ရှိသူတွေကို စစ်ဆေးဖို့ ဒီဇင်ဘာလ ၁၀ရက်နေ့မှာ ရဲတပ်ဖွဲ့အပါအဝင် တာဝန်ရှိသူတွေကို သွားရောက် စစ်ဆေးခဲ့တယ်လို့ သူက ဆိုပါတယ်။

Buddha Bar အမည်ရ ကြော်ငြာကို အင်တာနက် လူမှုကွန်ရက်စာမျက်နှာပေါ်သို့ တင်သူဟာ နိုင်ငံခြားသားတွေဖြစ်ပြီး သူတို့ကိုလည်း ဥပဒေအရ အရေးယူမယ်လို့ ဒုတိယရဲမှူးကြီး ဝင်းကြည်က ပြောဆိုပါတယ်။

ဒီဇင်ဘာ ၁၄ရက်နေ့မှာ ကျင်းပမယ့် အဲဒီဘားကို Buddha Bar လို့ အမည်ပေးထားပြီးတော့ ဗုဒ္ဓပုံတော်ကို အသုံးပြုထားတာဟာ ဗုဒ္ဓဘာသာကို စော်ကားတာလို့ VGastro.Bar ရဲ့ အင်တာနက် လူမှုကွန်ရက်စာမျက်နှာ အပါအဝင် အခြားလူမှုကွန်ရက်တွေမှာ ဝေဖန်မှုတွေ ဆက်တိုက် ပြုလုပ်လာပြီးနောက်မှာ အဲဒီကြော်ငြာကို VGastro.Bar အင်တာနက် လူမှုကွန်ရက်စာ မျက်နှာကနေ ဖယ်ရှားခဲ့ပါတယ်။

The Voice Weekly 

(ဓာတ်ပုံ - VGastro.Bar)
ဗုဒ္ဓမြတ်စွာဘုရား ရုပ်ပုံတော်မှာ ခေတ်မီ Headphone တပ်ဆင်ထားပြီးတော့ Buddha Bar ကျင်းပမယ်ဆိုပြီး အင်တာနက်လူမှုကွန်ရက် စာမျက်တွေကနေ ကြော်ငြာမှုတွေ လုပ်နေတဲ့ VGastro.Bar ကို ယာယီ ပိတ်သိမ်းလိုက်ပြီး တာဝန်ရှိသူတွေကို စစ်ဆေးနေတယ်လို့ အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး ဝင်းကြည်က ပြောပါတယ်။
အဲဒီကိစ္စကို စီစဉ်တဲ့ ဗဟန်းမြို့နယ် ရွှေတောင်ကြားလမ်းမှာရှိတဲ့ VGastro.Bar က တာဝန်ရှိသူတွေကို စစ်ဆေးဖို့ ဒီဇင်ဘာလ ၁၀ရက်နေ့မှာ ရဲတပ်ဖွဲ့အပါအဝင် တာဝန်ရှိသူတွေကို သွားရောက် စစ်ဆေးခဲ့တယ်လို့ သူက ဆိုပါတယ်။

Buddha Bar အမည်ရ ကြော်ငြာကို အင်တာနက် လူမှုကွန်ရက်စာမျက်နှာပေါ်သို့ တင်သူဟာ နိုင်ငံခြားသားတွေဖြစ်ပြီး သူတို့ကိုလည်း ဥပဒေအရ အရေးယူမယ်လို့ ဒုတိယရဲမှူးကြီး ဝင်းကြည်က ပြောဆိုပါတယ်။

ဒီဇင်ဘာ ၁၄ရက်နေ့မှာ ကျင်းပမယ့် အဲဒီဘားကို Buddha Bar လို့ အမည်ပေးထားပြီးတော့ ဗုဒ္ဓပုံတော်ကို အသုံးပြု ထားတာဟာ ဗုဒ္ဓဘာသာကို စော်ကားတာလို့ VGastro.Bar ရဲ့ အင်တာနက် လူမှုကွန်ရက်စာမျက်နှာ အပါအဝင် အခြား လူမှုကွန်ရက်တွေမှာ ဝေဖန်မှုတွေ ဆက်တိုက် ပြုလုပ်လာပြီးနောက်မှာ အဲဒီကြော်ငြာကို VGastro.Bar အင်တာနက် လူမှုကွန်ရက်စာ မျက်နှာကနေ ဖယ်ရှားခဲ့ပါတယ်။

The Voice Weekly

(ဓာတ်ပုံ - VGastro.Bar)

No comments:

Post a Comment