Wednesday 10 December 2014

နာဂဒေသအတွက် သီးခြားလွှတ်တော်တစ်ရပ် တောင်းဆို

Photo: နာဂဒေသအတွက် သီးခြားလွှတ်တော်တစ်ရပ် တောင်းဆို
Wednesday, December 10, 2014

နာဂတိုင်းရင်းသား မျိုးနွယ်စုများ နေထိုင်ရာ ဒေသအတွက် ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များကဲ့သို့ ဥပဒေပြုရေး မဏ္ဍိုင်အဖြစ် သီးခြားလွှတ်တော်တစ်ရပ် ပေါ်ပေါက်ရန် တောင်းဆိုကြောင်း နာဂအမျိုးသား ညီလာခံ ကျင်းပရေး ဦးဆောင် ကော်မတီဝင်များက ပြောဆိုသည်။

ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ယုဇနဟိုတယ်တွင် ဒီဇင်ဘာလ ၉ ရက်နေ့က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် အဆိုပါ ကော်မတီဝင်များက ယင်းသို့ ပြောဆိုခဲ့ခြင်း ဖြစ်ပြီး အချက် ၂၇ ချက် ပါဝင်သည့် နာဂအမျိုးသား ညီလာခံဆိုင်ရာ ကြေညာချက် တစ်စောင်ကိုလည်း ထုတ်ပြန် ကြေညာခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့တွင် နိုဝင်ဘာလ ၂၇ ရက်နေ့မှ ဒီဇင်ဘာလ ၁ ရက်နေ့အထိ ငါးရက်ကြာ ကျင်းပခဲ့သည့် နာဂအမျိုးသား ညီလာခံ ဆုံးဖြတ်ချက်အရ ယင်းသို့ ထုတ်ပြန်ခြင်း ဖြစ်ကြောင်း အဆိုပါ ဦးဆောင် ကော်မတီဝင်များက ပြောဆိုသည်။

နာဂမျိုးနွယ်စုများ နေထိုင်ရာ ဒေသအတွက် ဥပဒေပြုရေးကဏ္ဍ အပါအဝင် အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးကဏ္ဍ စသည့် မဏ္ဍိုင်သုံးရပ်လုံးကိုပါ ဌာနေလူမျိုးများ၏ ရပိုင်ခွင့်၊ အခွင့်အရေးနှင့် နာဂလူမျိုးများ၏ ရေခံမြေခံကို အခြေခံကာ သီးခြားကျင့်သုံးခွင့် ရရှိရန် အဆိုပါ ထုတ်ပြန်ချက်တွင် ထည့်သွင်း တောင်းဆိုထားသည်။

“ပွင့်ပွင့်လင်းလင်း ပြောရရင် မဏ္ဍိုင်ကြီးသုံးရပ်လို့ ပြောမှတော့ ကျွန်တော်တို့ လွှတ်တော်ကို တောင်းဆိုနေတာလား ဆိုတော့ လွှတ်တော်ကို လိုအပ်တယ် ဆိုတာကို ပြောရမှာပေါ့။ ဥပဒေပြုရေး အခန်းကဏ္ဍ ပါလာတဲ့အခါမှာ ဒီလွှတ်တော်ကြီး မရှိဘဲနဲ့ ကျွန်တော်တို့ ဒီဥပဒေပြုရေး အခန်းကဏ္ဍကို ဘယ်လိုပီပီပြင်ပြင် တည်ဆောက်နိုင်မှာလဲ” ဟု နာဂအမျိုးသား ညီလာခံ ကျင်းပရေး ဦးဆောင် ကော်မတီ အဖွဲ့ဝင် ဦးနော်အောင်ဆန်းက ပြောဆိုသည်။

လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေရ စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ လဟယ်မြို့နယ်၊ လေရှီးမြို့နယ်နှင့် နန်းယွန်း မြို့နယ်သုံးခုကို နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့် ဒေသအဖြစ် သတ်မှတ်ထားသည်။

သို့သော် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသသာဖြစ်ပြီး ဥပဒေပြုရေး ကဏ္ဍတွင် ပါဝင်ခွင့် မရှိသေးသောကြောင့် ယင်းသို့ တောင်းဆိုရခြင်း ဖြစ်ကြောင်း ညီလာခံ ကျင်းပရေး ကော်မတီဥက္ကဌ ဦးအောင်ထွဋ်က The Voice သို့ပြောဆိုသည်။

ယင်းအပြင် သမိုင်းကြောင်းအရ နာဂနယ်မြေဟု အသိအမှတ် ပြုခဲ့သည့် နယ်မြေများကို နာဂနယ်မြေအဖြစ် သတ်မှတ်ပေးရန် တောင်းဆိုသွားမည် ဖြစ်ပြီး ယင်းနာဂ နယ်မြေများတွင် မည်သည့် ဒေသများ ပါဝင်ထည့်သွင်း သတ်မှတ်မည်ကိုမူ ဆွေးနွေးဆဲဖြစ်ကြောင်း ၎င်းကထပ်မံပြောဆိုသည်။

“နိုင်ငံတော် အစိုးရကလည်း ကျွန်တော်တို့ နာဂတွေ ဘယ်မှာ နေထိုင်ခဲ့တယ်ဆိုတာ လုံးဝအတိအကျ သိထားပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ တချို့နေရာတွေမှာ ကျွန်တော်တို့ နာဂတွေ နေထိုင်တဲ့ နေရာတွေက ချန်လှပ်ခြင်း ခံခဲ့ရတယ်။ ဒါတွေကို ကျွန်တော်တို့က ပြန်လည် ပြုပြင်ပေးဖို့ကို ပြန်ပြီးတော့ တောင်းဆိုထားတာပါ” ဟု ၎င်းကဆိုသည်။

နာဂဒေသအတွင်း တရားစီရင်ရေး စနစ်ကိုလည်း နိုင်ငံတော် ဥပဒေအရ မဟုတ်ဘဲ ဌာနေ နာဂမျိုးနွယ်စုများအလိုက် ရိုးရာတရားစီရင်မှု ထုံးတမ်းဖြင့်သာ တရားစီရင်ခွင့်ပြုရန် ညီလာခံတွင် ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း အဆိုပါ ကော်မတီ အတွင်းရေးမှူး ဦးရှုမောင်က ပြောကြားသည်။

ယနေ့ ထုတ်ပြန်သည့် နာဂအမျိုးသား ညီလာခံဆိုင်ရာ ထုတ်ပြန်ချက်တွင် နာဂရိုးရာ ယဉ်ကျေးမှုပွဲများကို အစိုးရမှ တိုက်ရိုက် လွှမ်းမိုးခြင်း မရှိရန်၊ နာဂမျိုးနွယ်စု နှစ်သစ်ကူးနေ့ ဖြစ်သည့် ဇန်နဝါရီလ ၁၅ ရက်နေ့ကို တရားဝင် ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးရန်၊ နာဂဒေသသို့ နိုင်ငံခြားသားများ လွတ်လပ်စွာ သွားလာခွင့်ပြုရန်တို့ အပါအဝင် နိုင်ငံရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများနှင့် ပတ်သက်၍ စုစုပေါင်း သဘောထား ၂၇ ချက်ကို ထည့်သွင်း ထုတ်ပြန်ခဲ့သည်။

The Voice Weekly
နာဂတိုင်းရင်းသား မျိုးနွယ်စုများ နေထိုင်ရာ ဒေသအတွက် ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော် များကဲ့သို့ ဥပဒေပြုရေး မဏ္ဍိုင်အဖြစ် သီးခြားလွှတ်တော်တစ်ရပ် ပေါ်ပေါက်ရန် တောင်းဆိုကြောင်း နာဂ အမျိုးသား ညီလာခံ ကျင်းပရေး ဦးဆောင် ကော်မတီဝင်များက ပြောဆိုသည်။

ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ယုဇနဟိုတယ်တွင် ဒီဇင်ဘာလ ၉ ရက်နေ့က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ တွင် အဆိုပါ ကော်မတီဝင်များက ယင်းသို့ ပြောဆိုခဲ့ခြင်း ဖြစ်ပြီး အချက် ၂၇ ချက် ပါဝင်သည့် နာဂအမျိုးသား ညီလာခံဆိုင်ရာ ကြေညာချက် တစ်စောင်ကိုလည်း ထုတ်ပြန် ကြေညာခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့တွင် နိုဝင်ဘာလ ၂၇ ရက်နေ့မှ ဒီဇင်ဘာလ ၁ ရက်နေ့အထိ ငါးရက်ကြာ ကျင်းပခဲ့သည့် နာဂအမျိုးသား ညီလာခံ ဆုံးဖြတ်ချက်အရ ယင်းသို့ ထုတ်ပြန်ခြင်း ဖြစ်ကြောင်း အဆိုပါ ဦးဆောင် ကော်မတီဝင်များက ပြောဆိုသည်။

နာဂမျိုးနွယ်စုများ နေထိုင်ရာ ဒေသအတွက် ဥပဒေပြုရေးကဏ္ဍ အပါအဝင် အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး ကဏ္ဍ စသည့် မဏ္ဍိုင်သုံးရပ်လုံးကိုပါ ဌာနေလူမျိုးများ၏ ရပိုင်ခွင့်၊ အခွင့်အရေးနှင့် နာဂလူမျိုးများ၏ ရေခံမြေခံကို အခြေခံကာ သီးခြားကျင့်သုံးခွင့် ရရှိရန် အဆိုပါ ထုတ်ပြန်ချက်တွင် ထည့်သွင်း တောင်းဆို ထား သည်။

“ပွင့်ပွင့်လင်းလင်း ပြောရရင် မဏ္ဍိုင်ကြီးသုံးရပ်လို့ ပြောမှတော့ ကျွန်တော်တို့ လွှတ်တော်ကို တောင်းဆို နေတာလား ဆိုတော့ လွှတ်တော်ကို လိုအပ်တယ် ဆိုတာကို ပြောရမှာပေါ့။ ဥပဒေပြုရေး အခန်းကဏ္ဍ ပါလာတဲ့အခါမှာ ဒီလွှတ်တော်ကြီး မရှိဘဲနဲ့ ကျွန်တော်တို့ ဒီဥပဒေပြုရေး အခန်းကဏ္ဍကို ဘယ်လိုပီပီပြင်ပြင် တည်ဆောက်နိုင်မှာလဲ” ဟု နာဂအမျိုးသား ညီလာခံ ကျင်းပရေး ဦးဆောင် ကော်မတီ အဖွဲ့ဝင် ဦးနော်အောင်ဆန်းက ပြောဆိုသည်။

လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေရ စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ လဟယ်မြို့နယ်၊ လေရှီးမြို့နယ်နှင့် နန်းယွန်း မြို့နယ်သုံးခုကို နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့် ဒေသအဖြစ် သတ်မှတ်ထားသည်။

သို့သော် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသသာဖြစ်ပြီး ဥပဒေပြုရေး ကဏ္ဍတွင် ပါဝင်ခွင့် မရှိသေးသောကြောင့် ယင်းသို့ တောင်းဆိုရခြင်း ဖြစ်ကြောင်း ညီလာခံ ကျင်းပရေး ကော်မတီဥက္ကဌ ဦးအောင်ထွဋ်က The Voice သို့ပြောဆိုသည်။

ယင်းအပြင် သမိုင်းကြောင်းအရ နာဂနယ်မြေဟု အသိအမှတ် ပြုခဲ့သည့် နယ်မြေများကို နာဂနယ်မြေအဖြစ် သတ်မှတ်ပေးရန် တောင်းဆိုသွားမည် ဖြစ်ပြီး ယင်းနာဂ နယ်မြေများတွင် မည်သည့် ဒေသများ ပါဝင်ထည့်သွင်း သတ်မှတ်မည်ကိုမူ ဆွေးနွေးဆဲဖြစ်ကြောင်း ၎င်းကထပ်မံပြောဆိုသည်။

“နိုင်ငံတော် အစိုးရကလည်း ကျွန်တော်တို့ နာဂတွေ ဘယ်မှာ နေထိုင်ခဲ့တယ်ဆိုတာ လုံးဝအတိအကျ သိထားပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ တချို့နေရာတွေမှာ ကျွန်တော်တို့ နာဂတွေ နေထိုင်တဲ့ နေရာတွေက ချန်လှပ်ခြင်း ခံခဲ့ရတယ်။ ဒါတွေကို ကျွန်တော်တို့က ပြန်လည် ပြုပြင်ပေးဖို့ကို ပြန်ပြီးတော့ တောင်းဆိုထားတာပါ” ဟု ၎င်းကဆိုသည်။

နာဂဒေသအတွင်း တရားစီရင်ရေး စနစ်ကိုလည်း နိုင်ငံတော် ဥပဒေအရ မဟုတ်ဘဲ ဌာနေ နာဂမျိုးနွယ်စု များအလိုက် ရိုးရာတရားစီရင်မှု ထုံးတမ်းဖြင့်သာ တရားစီရင်ခွင့်ပြုရန် ညီလာခံတွင် ထည့်သွင်း ဆွေးနွေးခဲ့ ကြောင်း အဆိုပါ ကော်မတီ အတွင်းရေးမှူး ဦးရှုမောင်က ပြောကြားသည်။

ယနေ့ ထုတ်ပြန်သည့် နာဂအမျိုးသား ညီလာခံဆိုင်ရာ ထုတ်ပြန်ချက်တွင် နာဂရိုးရာ ယဉ်ကျေးမှုပွဲများကို အစိုးရမှ တိုက်ရိုက် လွှမ်းမိုးခြင်း မရှိရန်၊ နာဂမျိုးနွယ်စု နှစ်သစ်ကူးနေ့ ဖြစ်သည့် ဇန်နဝါရီလ ၁၅ ရက်နေ့ကို တရားဝင် ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးရန်၊ နာဂဒေသသို့ နိုင်ငံခြားသားများ လွတ်လပ်စွာ သွားလာ ခွင့်ပြုရန် တို့ အပါအဝင် နိုင်ငံရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများနှင့် ပတ်သက်၍ စုစုပေါင်း သဘောထား ၂၇ ချက်ကို ထည့်သွင်း ထုတ်ပြန်ခဲ့သည်။

The Voice Weekly 

No comments:

Post a Comment