Wednesday 10 December 2014

ရန်ဖြစ်ဖူးသည့် ကိစ္စကို မကျေနပ်သည့် ရှစ်တန်းကျောင်းသားက ကျောင်းသူကို ဓားဖြင့်ထိုး

ခိုက်ရန်ဖြစ်ဖူးသည့်ကိစ္စကို မကျေနပ်၍ ရှစ်တန်းကျောင်းသားတစ်ဦးက အတန်းဖော်ကျောင်းသူကို ဓားဖြင့် ထိုးခဲ့သည့် ဖြစ်စဉ်တစ်ခု ဒီဇင်ဘာလ ၈ ရက်၊ နံနက် ၁၂ နာရီ ၁၀ မိနစ်က လှိုင်သာယာမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည်ဟု လှိုင်သာယာမြို့နယ် ပညာရေးမှူး ဦးတင်လှိုင်က ပြောသည်။

“ကောင်လေးနဲ့ ကောင်မလေးက အရင်ရန်ဖြစ်ဖူးတယ်။ အဲ့ဒါကို မကျေနပ်လို့ထိုးတာ။ အခုကောင်မလေး ရဲ့ ကျန်းမာရေး အခြေအနေကတော့သက်သာပါတယ်။ ကောင်လေးကိုတော့ ကျောင်းနားထားတယ်” ဟု ၎င်းက ပြောသည်။

လှိုင်သာယာမြို့နယ်၊ ၁၇ ရပ်ကွက်ရှိ အမှတ် (၃)အခြေခံပညာအထက်တန်းကျောင်း၊ အဋ္ဌမတန်းတွင် ပညာ သင်ကြားနေသည့် ကျောင်းသားသည် အတန်းဖော်မိန်းကလေးကို ဒီဇင်ဘာလ ၅ ရက်က ရည်းစားစကား ပြော၍ ပါးကိုင်ခဲ့သည်ကို ကျောင်းသူက ပါးရိုက်ခဲ့ရာမှ စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ ပါးရိုက်ခဲ့သည်ကို မကျေနပ်၍ ဒီဇင်ဘာလ ၉ ရက်က ကျောင်းတက်သည့် အချိန်တွင် ဓားမြှောင်ယူ လာကာ အတန်းဖော်မိန်းကလေး၏ရင်ဘတ်၊ ၀မ်းဗိုက်နှင့် နောက်ကျောတို့ကို ဓားဖြင့်ထိုးခဲ့ခြင်း ဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment