Wednesday 10 December 2014

ဗိုလ်ချုပ်မွေးနေ့သည် လောဘသားများ၏ အသုံးချခံဖြစ်တော့မည်လား

Photo: ဗိုလ်ချုပ်မွေးနေ့သည် လောဘသားများ၏ အသုံးချခံဖြစ်တော့မည်လား

ဒီဇင်ဘာလ ၁၀ ရက်၊ ၂၀၁၄

ဗိုလ်ချုပ်မွေးနေ့သည် လောဘသားများ၏ အသုံးချခံဖြစ်တော့မည်လား
“ဖေဖော်ဝါရီ (၁၃) ဟာ၊ ဗိုလ်ချုပ်မွေးနေ့ပါ၊ ထောင့်ကိုးရာတစ်ဆယ့်ငါး၊ ရှေ့နေဦးဖာသား၊ ဇာတိနတ်မောက် မကွေးခရိုင်၊ သိကြများခုတိုင်၊ ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဘွား၊ မိခင်ဒေါ်စုသား ’’ကျွန်တော်တို့ငယ် စဉ် ကလေးဘ၀ကတည်းမှစတင်၍ရွတ်ဆိုခဲ့ရပြီး ယနေ့ထက်တိုင် ခေါင်းထဲတွင် စွဲမြဲစွာမှတ်မိ နေသောကဗျာလေးတစ်ပုဒ်ပင် ဖြစ်ပါသည်။ ထိုကဗျာလေးကို စွဲမြဲစွာမှတ်မိနေသကဲ့သို့ ကျွန်တော်တို့အားလုံး၏ ရင်ထဲ တွင်လည်း ဗိုလ်ချုပ်အောင်ဆန်းဆိုသည့်အမည်နာမမှာ စွဲမြဲစွာတည်ရှိနေပေလိမ့် အုံးမည်ဖြစ်ပါသည်။

မြန်မာပြည်တွင်မွေးသော၊ မြန်မာပြည်တွင်နေထိုင်သော၊ မြန်မာပြည်သား မဟုတ်သော်လည်း မြန်မာသွေးပါ သောသူအားလုံးသည် ဗိုလ်ချုပ်အောင်ဆန်းဟူ သည့် အမည်ကိုကြားရယုံဖြင့် ဂုဏ်ပြုဦးညွတ်ကြမည်မှာ မလွဲဧကန် ဖြစ်ပါသည်။ ဗိုလ်ချုပ်အောင်ဆန်းဟူသည့်အမည်နှင့် သမိုင်းကြောင်းများကို အပျံသင်စအရွယ်စာသင်ကျောင်းများမှ စတင်၍သင်ကြားခဲ့ရသောကြောင့် ကျွန်တို့အားလုံးသိရှိဂုဏ်ယူခဲ့ကြရသည် မဟုတ်ပါလား။

အမိအဖ၊ အဖိုးအဖွားများ၏ ပြောဆိုဆုံးမ သင်ကြားပြသပေးခဲ့ခြင်း များကြောင့်လည်း ဗိုလ်ချုပ်အောင်ဆန်း ဆိုသည်မှာ ကျွန်ပ်တို့ငယ်ရွယ်စဉ် ကလေးဘ၀ကတည်းပင် ဇာတ်လိုက်ဖြစ်ခဲ့ရပေသည်။ဗိုလ်ချုပ်မွေးဖွားခဲ့သောနေ့ အား မြန်မာနိုင်ငံကလေးများနေ့ဟုလည်းကောင်း၊ ဗိုလ်ချုပ်နှင့်အတူ အာဇာနည်ခေါင်းဆောင်ကြီးများကျဆုံးခဲ့ရသောနေ့အား အာဇာနည်နေ့ဟူ ၍လည်းကောင်းသတ်မှတ်ခဲ့ပြီး ထိုနေ့ရက်များရောက်သည်နှင့် အစိုးရအဆက် ဆက်မှ အခမ်းအနားများ ပြုလုပ်ကျင်းပပေးခဲ့ခြင်းကြောင့်လည်း ပြည်သူအားလုံး ၏ရင်ထဲတွင် ဖေဖော်ဝါရီ ၁၃ ရက်နေ့နှင့် ဇူလိုင် ၁၉ ရက်နေ့ ရောက်သည်နှင့် မည်သူမှ နှိုးဆော်စရာမလိုပါဘဲနှင့် တစ်ညီတစ်ညွတ်ထဲ ဂုဏ်ပြုဦးညွတ်နေကြ မည် မှာလဲ အမှန်တရား ပင်ဖြစ်ပေသည်။

ထို့အပြင် ဗိုလ်ချုပ်လမ်း၊ ဗိုလ်ချုပ်ဈေး၊ ဗိုလ်ချုပ်ပန်းခြံ၊ ဗိုလ်ချုပ်ကြေးရုပ် စသည့်အထိမ်း အမှတ်နေ ရာများသည် မြန်မာနိုင်ငံရှိမြို့တိုင်းတွင် တစ်ခုမဟုတ်တစ်ခု တည်ရှိနေကြပေသည်။ ထိုအရာကား ကျွန်ပ်တို့အားလုံး၏ ဗိုလ်ချုပ် အောင်ဆန်းအပေါ်တွင်ထားရှိသော ရိုသေလေးစားဂုဏ်ပြုမှုများ ပင်ဖြစ်ပေတော့သည်။

ယခုဆိုလျှင် ဗိုလ်ချုပ်မွေးနေ့သို့ ရောက်ရှိတော့မည်ဖြစ်ပါသည်။ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ (၁၃) ရက်နေ့ ရောက်လျှင်ဖြင့် ဗိုလ်ချုပ်အောင်ဆန်း မွေးဖွားခဲ့သည်မှာ နှစ်တစ်ရာပြည့်မြောက်တော့မည် ဖြစ်ပါသည်။ ဒါကိုလည်း မြန်မာပြည်သူ ပြည်သားအားလုံးက သိရှိကြပြီးဖြစ်ပါသည်။

ဗိုလ်ချုပ်အောင်ဆန်းကို ဂုဏ်ပြုဦးညွတ်ရန်လည်း အသင့် ရှိနေကြပြီဖြစ်ပါသည်။ သို့သော် ကျွန်ုပ်တို့ပြည်သူအားလုံး စိတ်မကောင်းစရာတစ်ခု ပေါ်ပေါက်ခဲ့ရပါသည်။ ထိုအရာက တော့ ကျွန်ုပ်တို့အားလုံး တန်ဖိုးထားလေးစားမြတ်နိုးရသည့် ဗိုလ်ချုပ်အောင်ဆန်း၏ရုပ်ပုံများသည် လမ်းမထက်တွင် အသုံးတော်ခံကာ အလှူခံလှည့်လည်နေရခြင်းပင် ဖြစ်တော့သည်။ ဒီထက်ဆိုးရွာသည်ကား ဗိုလ်ချုပ်ဓါတ်ပုံအား လူစည်ကားရာနေရာများတွင်ထောင်ကာ ထိုဓါတ်ပုံရှေ့တွင် အလှူခံပုန်းထားရှိထားခြင်းပင်ဖြစ်ပေတော့သည်။မည်ကဲ့သို့ စိတ်ကူးစိတ်သန်း ရည်ရွယ်ချက်များဖြင့်လုပ်သည်မသိ မြင်ရသူအပေါင်းကတော့ စိတ်နှလုံးမချမ်းမြေ့ဖွယ်ဖြစ်ခဲ့ရ ပါသည်။

ဗိုလ်ချုပ်အောင်ဆန်းသည် အလှုခံပုဂ္ဂိုလ်ဖြစ်နေပြီလား၊ ဗိုလ်ချုပ်အောင်ဆန်း၏ သမိုင်းသည် ဤမျှလောက် ရိုင်းခဲ့ပြီလား၊ ဗိုလ်ချုပ်အောင်ဆန်းသည် သူ၏မွေးနေ့ကိုဗန်းပြ၍ ပိုက်ဆံတောင်းသူဖြစ်သွားခဲ့ပြီလားဟု ထိုကဲ့သို့ စီစဉ်သူများအား ရင်နာနာနှင့်မေးလိုက်ချင်ပါသည်။
ဗိုလ်ချုပ်အောင်ဆန်း သည် ပါတီတစ်ခု၏ အကြီးအကဲလည်းမဟုတ်ပါ၊ အဖွဲ့အစည်းတစ်ခု၏ ခေါင်းဆောင်လည်း မဟုတ်ပါ၊ လူတစ်စု၏ အသုံးချခံပုဂ္ဂိုလ်လည်းမဟုတ်ပါ၊ ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာတစ်မျိုးသားလုံး၏ အမျိုးသား ခေါင်းဆောင်တစ်ဦးသာဖြစ်ပါသည်။ ယခုလို ဗိုလ်ချုပ်အောင်ဆန်း၏ အမည်နာမ၊ ဓါတ်ပုံတို့အားအသုံးချ၍ လူထုလှုံ့ ဆော်နေခြင်းများ၊ အလှုခံပိုက်ဆံတောင်းခြင်းများသည် လွန်စွာရွံရှာစက်ဆုပ်ဖွယ်ကောင်း၍နေပေသည်။

ဆန္ဒပြလည်း ဗိုလ်ချုပ်အောင်ဆန်း၊ စတိတ်ရှိုးပွဲလဲ ဗိုလ်ချုပ်အောင်ဆန်း၊ မုန့်ဟင်းခါးရောင်းလဲ ဗိုလ်ချုပ်အောင်ဆန်း၊ ဂစ်တာတီးလည်း ဗိုလ်ချုပ်အောင်ဆန်း၊ အလှူခံလဲ ဗိုလ်ချုပ်အောင်ဆန်း၊ ပိုက်ဆံတောင်းလဲ ဗိုလ်ချုပ်အောင်ဆန်း စသည်တို့ဖြင့် ဗိုလ်ချုပ် အောင်ဆန်းမှာ နိုင်ငံရေးသမား တို့၏ အသုံးတော်ခံ၊ စီးပွားရေးသမားတို့၏ အသုံးချခံဖြစ်နေသည်မှာ ရင်နာစရာကောင်း လှပါသည်။

ယခုဆိုလျှင် ဗိုလ်ချုပ်မွေးနေ့အကြိုလှုပ်ရှား မှုဟု ဆိုကာ အဖွဲ့အစည်းအချို့မှ နယ်လှည့်၍ အလှူခံနေသည် ကိုလည်းတွေ့မြင်ရပေသည်။ ပန်းရဲ့လမ်း ဟူသည့်အဖွဲ့မှာလည်း ကားတစ်စီး၊ မိုက်တစ်လုံးနှင့် နယ်လှည့်စည်းရုံးနေသည် ဟုဆိုပေသည်။ မည်သို့ပင်ဆိုစေ နိဂုံးချုပ် စကားကတော့ အလှုငွေများထည့်ဝ င်လှုဒါန်းနိုင်ပါ သည်ဟူသော စကားပင် ဖြစ်ပေသည်။ လှုပ်ရှားသည့်အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များမှာလည်း မြင်နေကြ၊ လုပ်နေကြ၊ လူများသာဖြစ်နေပြန်သည်။ ဗိုလ်ကြီးဟောင်းဆိုသူ နေမျိုးဇင်လည်း ပါလာပေသည်။ တစ်သက်လုံး ဗိုလ်ချုပ်အောင်ဆန်း၏ အမည်၊ ဓါတ်ပုံများဖြင့် ပွဲတိုင်းတွင် လုပ်စားလာခဲ့သူများအတွက် ဗိုလ်ချုပ်ရာပြည့်မွေးနေ့ပွဲမှာ ၄င်းတို့အတွက် ငွေတွင်းတစ်ခုလိုသာ ဖြစ်နေပေ တော့သည်။

အချုပ်ဆိုရသော် ကျွန်ပ်တို့ပြည်သူအားလုံးလေးစားကြည်ညိုရသည့် ဗိုလ်ချုပ်အောင်ဆန်းသည် မည်သည့် အဖွဲ့အစည်း၊ ပုဂ္ဂိုလ်၊ ပါတီကိုမျှကိုယ်စား မပြုပါ။ မြန်မာတစ်မျိုးသားလုံးကိုသာ ကိုယ်စားပြုသည်ဖြစ်ကြောင်းကို သိရှိစေ ချင်ပါသည်။ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့အား လှုံ့ဆော်နေစရာမလိုပါ။ မြန်မာပြည်သူများ ဒီလောက်မရိုင်းပါ။ အားလုံး၏ ရင်ထဲတွင် ဗိုလ်ချုပ်အောင်ဆန်း ရှိနေသကဲ့သို့ ဗိုလ်ချုပ်အား အချိန်တိုင်းဦးညွတ်နေမည် မှာလည်း အမှန်တရားပင် ဖြစ်ပါသည်။ ယခုလို ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့အားဗန်းပြ၍ အသုံးချလုပ်စားနေသည်ကို မြင်တွေ့ရသည်မှာလည်း လွန်စွာစက်ဆုပ်မိပါကြောင်းနှင့် ဗိုလ်ချုပ်မွေးနေ့အား လောဘသားတို့၏ အသုံးချခံမဖြစ်စေလိုကြောင်းကို ပြည်သူ တစ်ယောက်အနေဖြင့် ၀မ်းနည်း စွာဖော် ထုတ်ရေးသားအပ်ပါသည်။

မြင့်နိုင် (မြန်မာစာ)
ဗိုလ်ချုပ်မွေးနေ့သည် လောဘသားများ၏ အသုံးချခံဖြစ်တော့မည်လား
“ဖေဖော်ဝါရီ(၁၃)ဟာ၊ ဗိုလ်ချုပ်မွေးနေ့ပါ၊ ထောင့်ကိုးရာတစ်ဆယ့်ငါး၊ ရှေ့နေဦးဖာသား၊ ဇာတိနတ်မောက် မကွေးခရိုင်၊ သိကြများခုတိုင်၊ ကြံ့ကြံ့ခိုင်တဲ့ဇာနည်ဘွား၊ မိခင်ဒေါ်စုသား ’’ကျွန်တော် တို့ငယ်စဉ် ကလေး ဘ၀ကတည်းမှစတင်၍ရွတ်ဆိုခဲ့ရပြီး ယနေ့ထက်တိုင် ခေါင်းထဲတွင် စွဲမြဲစွာမှတ်မိနေသော ကဗျာလေး တစ်ပုဒ်ပင်ဖြစ်ပါသည်။ ထိုကဗျာလေးကို စွဲမြဲစွာမှတ်မိနေသကဲ့သို့ ကျွန်တော်တို့ အားလုံး၏ ရင်ထဲတွင် လည်း ဗိုလ်ချုပ်အောင်ဆန်းဆိုသည့်အမည်နာမမှာ စွဲမြဲစွာတည်ရှိနေပေလိမ့် အုံးမည်ဖြစ်ပါသည်။
မြန်မာပြည်တွင်မွေးသော၊ မြန်မာပြည်တွင်နေထိုင်သော၊ မြန်မာပြည်သား မဟုတ်သော်လည်း မြန်မာ သွေးပါ သောသူအားလုံးသည် ဗိုလ်ချုပ်အောင်ဆန်းဟူ သည့် အမည်ကိုကြားရယုံဖြင့် ဂုဏ်ပြုဦးညွတ်ကြ မည်မှာ မလွဲဧကန် ဖြစ်ပါသည်။ ဗိုလ်ချုပ်အောင်ဆန်းဟူသည့်အမည်နှင့် သမိုင်းကြောင်းများကို အပျံသင်စ အရွယ်စာသင်ကျောင်းများမှ စတင်၍သင်ကြားခဲ့ရသောကြောင့် ကျွန်တို့အားလုံးသိရှိဂုဏ်ယူခဲ့ကြရသည် မဟုတ်ပါလား။

အမိအဖ၊ အဖိုးအဖွားများ၏ ပြောဆိုဆုံးမ သင်ကြားပြသပေးခဲ့ခြင်း များကြောင့်လည်း ဗိုလ်ချုပ်အောင်ဆန်း ဆိုသည်မှာ ကျွန်ပ်တို့ငယ်ရွယ်စဉ် ကလေးဘ၀ကတည်းပင် ဇာတ်လိုက်ဖြစ်ခဲ့ရပေသည်။ ဗိုလ်ချုပ်မွေးဖွား ခဲ့သောနေ့ အား မြန်မာနိုင်ငံကလေးများနေ့ဟုလည်းကောင်း၊ ဗိုလ်ချုပ်နှင့်အတူ အာဇာနည်ခေါင်းဆောင် ကြီးများ ကျဆုံးခဲ့ရသောနေ့အား အာဇာနည်နေ့ဟူ ၍လည်းကောင်းသတ်မှတ်ခဲ့ပြီး ထိုနေ့ရက်များရောက် သည်နှင့် အစိုးရအဆက် ဆက်မှ အခမ်းအနားများ ပြုလုပ်ကျင်းပပေးခဲ့ခြင်းကြောင့်လည်း ပြည်သူအားလုံး ၏ရင်ထဲတွင် ဖေဖော်ဝါရီ ၁၃ ရက်နေ့နှင့် ဇူလိုင် ၁၉ ရက်နေ့ ရောက်သည်နှင့် မည်သူမှ နှိုးဆော်စရာ မလိုပါဘဲနှင့် တစ်ညီတစ်ညွတ်ထဲ ဂုဏ်ပြုဦးညွတ်နေကြ မည် မှာလဲ အမှန်တရား ပင်ဖြစ်ပေသည်။

ထို့အပြင် ဗိုလ်ချုပ်လမ်း၊ ဗိုလ်ချုပ်ဈေး၊ ဗိုလ်ချုပ်ပန်းခြံ၊ ဗိုလ်ချုပ်ကြေးရုပ် စသည့်အထိမ်း အမှတ်နေ ရာများသည် မြန်မာနိုင်ငံရှိမြို့တိုင်းတွင် တစ်ခုမဟုတ်တစ်ခု တည်ရှိနေကြပေသည်။ ထိုအရာကား ကျွန်ပ်တို့အားလုံး၏ ဗိုလ်ချုပ် အောင်ဆန်းအပေါ်တွင်ထားရှိသော ရိုသေလေးစားဂုဏ်ပြုမှုများ ပင်ဖြစ်ပေတော့သည်။

ယခုဆိုလျှင် ဗိုလ်ချုပ်မွေးနေ့သို့ ရောက်ရှိတော့မည်ဖြစ်ပါသည်။ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ (၁၃) ရက်နေ့ ရောက်လျှင်ဖြင့် ဗိုလ်ချုပ်အောင်ဆန်း မွေးဖွားခဲ့သည်မှာ နှစ်တစ်ရာပြည့်မြောက်တော့မည် ဖြစ်ပါသည်။ ဒါကိုလည်း မြန်မာပြည်သူ ပြည်သားအားလုံးက သိရှိကြပြီးဖြစ်ပါသည်။

ဗိုလ်ချုပ်အောင်ဆန်းကို ဂုဏ်ပြုဦးညွတ်ရန်လည်း အသင့် ရှိနေကြပြီဖြစ်ပါသည်။ သို့သော် ကျွန်ုပ်တို့ပြည်သူအားလုံး စိတ်မကောင်းစရာတစ်ခု ပေါ်ပေါက်ခဲ့ရပါသည်။ ထိုအရာက တော့ ကျွန်ုပ်တို့အားလုံး တန်ဖိုးထားလေးစားမြတ်နိုးရသည့် ဗိုလ်ချုပ်အောင်ဆန်း၏ရုပ်ပုံများသည် လမ်းမထက် တွင် အသုံးတော်ခံကာ အလှူခံလှည့်လည်နေရခြင်းပင် ဖြစ်တော့သည်။ ဒီထက်ဆိုးရွာသည်ကား ဗိုလ်ချုပ်ဓါတ်ပုံအား လူစည်ကားရာနေရာများတွင်ထောင်ကာ ထိုဓါတ်ပုံရှေ့တွင် အလှူခံပုန်းထားရှိ ထားခြင်းပင်ဖြစ်ပေတော့သည်။မည်ကဲ့သို့ စိတ်ကူးစိတ်သန်း ရည်ရွယ်ချက်များဖြင့်လုပ်သည်မသိ မြင်ရသူအပေါင်းကတော့ စိတ်နှလုံးမချမ်းမြေ့ဖွယ်ဖြစ်ခဲ့ရ ပါသည်။

ဗိုလ်ချုပ်အောင်ဆန်းသည် အလှုခံပုဂ္ဂိုလ်ဖြစ်နေပြီလား၊ ဗိုလ်ချုပ်အောင်ဆန်း၏ သမိုင်းသည် ဤမျှလောက် ရိုင်းခဲ့ပြီလား၊ ဗိုလ်ချုပ်အောင်ဆန်းသည် သူ၏မွေးနေ့ကိုဗန်းပြ၍ ပိုက်ဆံတောင်းသူဖြစ်သွားခဲ့ပြီလားဟု ထိုကဲ့သို့ စီစဉ်သူများအား ရင်နာနာနှင့်မေးလိုက်ချင်ပါသည်။

ဗိုလ်ချုပ်အောင်ဆန်း သည် ပါတီတစ်ခု၏ အကြီးအကဲလည်းမဟုတ်ပါ၊ အဖွဲ့အစည်းတစ်ခု၏ ခေါင်းဆောင် လည်း မဟုတ်ပါ၊ လူတစ်စု၏ အသုံးချခံပုဂ္ဂိုလ်လည်းမဟုတ်ပါ၊ ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာ တစ်မျိုးသားလုံး၏ အမျိုးသား ခေါင်းဆောင်တစ်ဦးသာဖြစ်ပါသည်။ ယခုလို ဗိုလ်ချုပ်အောင်ဆန်း၏ အမည်နာမ၊ ဓါတ်ပုံတို့အားအသုံးချ၍ လူထုလှုံ့ ဆော်နေခြင်းများ၊ အလှုခံပိုက်ဆံတောင်းခြင်းများသည် လွန်စွာရွံရှာစက်ဆုပ်ဖွယ်ကောင်း၍နေပေသည်။

ဆန္ဒပြလည်း ဗိုလ်ချုပ်အောင်ဆန်း၊ စတိတ်ရှိုးပွဲလဲ ဗိုလ်ချုပ်အောင်ဆန်း၊ မုန့်ဟင်းခါးရောင်းလဲ ဗိုလ်ချုပ် အောင်ဆန်း၊ ဂစ်တာတီးလည်း ဗိုလ်ချုပ်အောင်ဆန်း၊ အလှူခံလဲ ဗိုလ်ချုပ်အောင်ဆန်း၊ ပိုက်ဆံတောင်းလဲ ဗိုလ်ချုပ်အောင်ဆန်း စသည်တို့ဖြင့် ဗိုလ်ချုပ် အောင်ဆန်းမှာ နိုင်ငံရေးသမား တို့၏ အသုံးတော်ခံ၊ စီးပွားရေးသမားတို့၏ အသုံးချခံဖြစ်နေသည်မှာ ရင်နာစရာကောင်း လှပါသည်။

ယခုဆိုလျှင် ဗိုလ်ချုပ်မွေးနေ့အကြိုလှုပ်ရှား မှုဟု ဆိုကာ အဖွဲ့အစည်းအချို့မှ နယ်လှည့်၍ အလှူခံနေသည် ကိုလည်းတွေ့မြင်ရပေသည်။ ပန်းရဲ့လမ်း ဟူသည့်အဖွဲ့မှာလည်း ကားတစ်စီး၊ မိုက်တစ်လုံးနှင့် နယ်လှည့်စည်းရုံးနေသည် ဟုဆိုပေသည်။ မည်သို့ပင်ဆိုစေ နိဂုံးချုပ် စကားကတော့ အလှုငွေများထည့်ဝ င်လှုဒါန်းနိုင်ပါ သည်ဟူသော စကားပင် ဖြစ်ပေသည်။ လှုပ်ရှားသည့်အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များမှာလည်း မြင်နေကြ၊ လုပ်နေကြ၊ လူများသာဖြစ်နေပြန်သည်။ ဗိုလ်ကြီးဟောင်းဆိုသူ နေမျိုးဇင်လည်း ပါလာပေသည်။ တစ်သက်လုံး ဗိုလ်ချုပ်အောင်ဆန်း၏ အမည်၊ ဓါတ်ပုံများဖြင့် ပွဲတိုင်းတွင် လုပ်စားလာခဲ့သူများအတွက် ဗိုလ်ချုပ်ရာပြည့်မွေးနေ့ပွဲမှာ ၄င်းတို့အတွက် ငွေတွင်းတစ်ခုလိုသာ ဖြစ်နေပေ တော့သည်။

အချုပ်ဆိုရသော် ကျွန်ပ်တို့ပြည်သူအားလုံးလေးစားကြည်ညိုရသည့် ဗိုလ်ချုပ်အောင်ဆန်းသည် မည်သည့် အဖွဲ့အစည်း၊ ပုဂ္ဂိုလ်၊ ပါတီကိုမျှကိုယ်စား မပြုပါ။ မြန်မာတစ်မျိုးသားလုံးကိုသာ ကိုယ်စားပြုသည်ဖြစ်ကြောင်း ကို သိရှိစေ ချင်ပါသည်။ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့အား လှုံ့ဆော်နေစရာမလိုပါ။ မြန်မာပြည်သူများ ဒီလောက် မရိုင်းပါ။ အားလုံး၏ ရင်ထဲတွင် ဗိုလ်ချုပ်အောင်ဆန်း ရှိနေသကဲ့သို့ ဗိုလ်ချုပ်အား အချိန်တိုင်း ဦးညွတ်နေမည် မှာလည်း အမှန်တရားပင် ဖြစ်ပါသည်။ ယခုလို ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့အားဗန်းပြ၍ အသုံးချလုပ်စားနေသည်ကို မြင်တွေ့ရသည်မှာလည်း လွန်စွာစက်ဆုပ်မိပါကြောင်းနှင့် ဗိုလ်ချုပ်မွေးနေ့အား လောဘသားတို့၏ အသုံးချခံမဖြစ်စေလိုကြောင်းကို ပြည်သူ တစ်ယောက်အနေဖြင့် ၀မ်းနည်း စွာဖော် ထုတ်ရေးသားအပ်ပါသည်။

မြင့်နိုင် (မြန်မာစာ)
Credit to  နေ့စဉ်သတင်း

No comments:

Post a Comment