Wednesday 10 December 2014

ဆီးရီးယားနှင့်အီရတ်တွင် သြစတြေးလျ စစ်သွေးကြွ ၂၀ ဦး သေဆုံး

Photo: ဆီးရီးယားနှင့်အီရတ်တွင် သြစတြေးလျ စစ်သွေးကြွ ၂၀ ဦး သေဆုံး
Wednesday, December 10, 2014 

သြစတြေးလျ အစိုးရအဖွဲ့က ဆီးရီးယားနှင့် အီရတ်နိုင်ငံ တို့တွင် အစ္စလာမ်မစ် နိုင်ငံတော် အဖွဲ့အတွက် သွားရောက် တိုက်ခိုက် ပေးနေသည့် သြစတြေးလျ နိုင်ငံသား စစ်သွေးကြွများ အနက်မှ ၂၀ ဦး သေဆုံးခဲ့ပြီ ဖြစ်ကြောင်း ဒီဇင်ဘာ ၉ ရက်က ထုတ်ဖော် ပြောကြားခဲ့ပြီး အိုင်အက်စ် စစ်သွေးကြွများသည် ပြည်ပ နိုင်ငံသား တိုက်ခိုက်ရေးသမားများကို အသေခံတပ်သားနှင့် ၀ါဒဖြန့် လက်နက် များအဖြစ် အသုံးပြုနေသည်ဟု စွပ်စွဲပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် သြစတြေးလျနိုင်ငံသား ၇၀ ဦးခန့်သည် ယင်းနှစ်နိုင်ငံတွင် တိုက်ပွဲများ ဆင်နွှဲလျက်ရှိ ကြောင်းနှင့် ညွှန့်ပေါင်းအဖွဲ့ တိုက်ခိုက်ရေးလေယာဉ်များက အိုင်အက်စ်စခန်းများအပေါ် တိုက်ခိုက်ခဲ့ခြင်း ကြောင့် သေဆုံးသူများ များပြားလျက်ရှိကြောင်း အစိုးရ အဖွဲ့က ပြောကြားသည်။

ရှေ့နေချုပ် ဂျော့ဘရန်ဒစ်က “ဆီရီးယားနှင့် အီရတ်နိုင်ငံတို့မှာ ဖြစ်ပွားတဲ့ ပဋိပက္ခအတွင်း သြစတြေးလျ နိုင်ငံသား ၂၀ ဦးခန့် သေဆုံးခဲ့တာ ကို အစိုးရအဖွဲ့က သိရှိခဲ့ပါတယ်။ ကိုဘာနီမြို့ အပါအ၀င် အစိုးရတပ်ဖွဲ့ အပေါ် တိုက်ခိုက်သော တိုက်ပွဲများအတွင်း သြစတြေးလျနိုင်ငံသား အ များအပြား သေဆုံးခဲ့ပါတယ်။ ဒါ ကြောင့် ယခုသီတင်းပတ်တွေအတွင်း သေဆုံးသူ ဦးရေ မြင့်တက်ခဲ့ပါတယ်” ၎င်းက The Australian သ တင်းစာသို့ ပြောကြား ခဲ့သည်။

ဆီးရီးယားနိုင်ငံအတွင်းရှိ မဟာဗျူ ဟာကျသော ကိုဘာနီမြို့တစ်ဝိုက်တွင် တိုက်ခိုက်မှုများ မြင့်တက်လာမှု ကြောင့် သေဆုံး သူဦးရေ မှာ မြင့်တက်ခဲ့ကြောင်းနှင့် သြစတြေးလျအစိုးရအဖွဲ့က ယခင်က သြစတြေးလျ နိုင်ငံသား ၁၅ ဦး သေဆုံးခဲ့ကြောင်း အတည်ပြုခဲ့သည်။ IS အဖွဲ့က နိုင်ငံခြားသားများကို လူသစ်စုဆောင်းမှုများတွင် အသုံးချခဲ့ခြင်းကြောင့် သေဆုံးသူများ မြင့် တက်လာခဲ့ခြင်း ဖြစ်သည်။

IS အဖွဲ့သည် အနောက်နိုင်ငံသားများကို လူသစ်စုဆောင်းမှု ပြုလုပ်ခဲ့ခြင် သည် ၀ါဒဖြန့်စစ်ပွဲတွင် အနောက်နိုင်ငံသားများ ပါဝင်လာပါက ဘာသာရေးစစ်ပွဲ၏ အရေးပါသော အစိတ်အပိုင်း တစ်ရပ် ဖြစ်စေ ရန်ဖြစ်ကြောင်း ဘရန်ဒစ်က စွပ်စွဲ ပြောကြားခဲ့သည်။ IS အဖွဲ့ဟာ အနောက်နိုင်ငံသားaတွကို အသေခံစစ်သား၊ အသေခံဗုံးခွဲ တိုက်ခိုက်သူများနှင့် ၀ါဒဖြန့်လက် နက်များ အဖြစ် အသုံးပြုခဲ့ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

ဘရန်ဒစ်က “သြစတြေးလျ လူငယ်များ၊ အနောက်နိုင်ငံများမှ လူငယ်အမျိုး သားများနဲ့ အမျိုးသမီးများဟာ ရန်သူများကို တိုက်ခိုက်တဲ့ မြင့်မြတ်တဲ့ စစ်ပွဲတစ်ရပ်ကို ပါဝင်ဆင်နွှဲခြင်းဖြစ်တယ်ဆိုတဲ့ မုသား သုံးကာ ဖြား ယောင်းခြင်း ခံခဲ့ရပါတယ်။

အမှန်တကယ်တော့ သူတို့တွေဟာ IS အဖွဲ့ကိုယ်စား ကျွန်ပြုခြင်း၊အဓမ္မပြုကျင့်မှု လုပ်ရပ်တွေနဲ့ သတ်ဖြတ် မှုတွေ၊ အပြစ်မဲ့တဲ့ ပြည်သူတွေ ကို တိုက်ခိုက်တဲ့လုပ်ရပ်တွေနဲ့ အကြမ်းဖက်လုပ်ရပ်တွေမှာ ပါဝင် လုပ်ဆောင် နေပါတယ်” ဟု ပြောကြားခဲ့သည်။ သြစတြေးလျအစိုးရက အကြောင်းပြချက်မရှိဘဲနှင့် အကြမ်းဖက်လုပ်ရပ်များ လုပ်ရန် ခရီးသွားလာခဲ့ပါက ရာဇ၀တ်မှုမြောက်သည့် ဥပဒေတစ်ရပ်ကို ပြဋ္ဌာန်း ထားသည်။

Ref: AFP
Mizzima - News in Burmese 

ဆီးရီးယား နိုင်ငံအတွင်းမှ အိုင်အက်စ်တို့၏ စစ်စခန်းတစ်ခု။ ဓာတ်ပုံ - AFP
ဆီးရီးယား နိုင်ငံအတွင်းမှ အိုင်အက်စ်တို့၏ စစ်စခန်းတစ်ခု။ ဓာတ်ပုံ - AFP
သြစတြေးလျ အစိုးရအဖွဲ့က ဆီးရီးယားနှင့် အီရတ်နိုင်ငံ တို့တွင် အစ္စလာမ်မစ် နိုင်ငံတော် အဖွဲ့အတွက် သွားရောက် တိုက်ခိုက် ပေးနေသည့် သြစတြေးလျ နိုင်ငံသား စစ်သွေးကြွများ အနက်မှ ၂၀ ဦး သေဆုံးခဲ့ပြီ ဖြစ်ကြောင်း ဒီဇင်ဘာ ၉ ရက်က ထုတ်ဖော် ပြောကြားခဲ့ပြီး အိုင်အက်စ် စစ်သွေးကြွများသည် ပြည်ပ နိုင်ငံသား တိုက်ခိုက်ရေးသမားများကို အသေခံတပ်သားနှင့် ၀ါဒဖြန့် လက်နက်များအဖြစ် အသုံးပြုနေသည် ဟု စွပ်စွဲပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် သြစတြေးလျနိုင်ငံသား ၇၀ ဦးခန့်သည် ယင်းနှစ်နိုင်ငံတွင် တိုက်ပွဲများ ဆင်နွှဲလျက်ရှိ ကြောင်းနှင့် ညွှန့်ပေါင်းအဖွဲ့ တိုက်ခိုက်ရေးလေယာဉ်များက အိုင်အက်စ်စခန်းများအပေါ် တိုက်ခိုက်ခဲ့ခြင်း ကြောင့် သေဆုံးသူများ များပြားလျက်ရှိကြောင်း အစိုးရ အဖွဲ့က ပြောကြားသည်။

ရှေ့နေချုပ် ဂျော့ဘရန်ဒစ်က “ဆီရီးယားနှင့် အီရတ်နိုင်ငံတို့မှာ ဖြစ်ပွားတဲ့ ပဋိပက္ခအတွင်း သြစတြေးလျ နိုင်ငံသား ၂၀ ဦးခန့် သေဆုံးခဲ့တာ ကို အစိုးရအဖွဲ့က သိရှိခဲ့ပါတယ်။ ကိုဘာနီမြို့ အပါအ၀င် အစိုးရတပ်ဖွဲ့ အပေါ် တိုက်ခိုက်သော တိုက်ပွဲများအတွင်း သြစတြေးလျနိုင်ငံသား အ များအပြား သေဆုံးခဲ့ပါတယ်။ ဒါ ကြောင့် ယခုသီတင်းပတ်တွေအတွင်း သေဆုံးသူ ဦးရေ မြင့်တက်ခဲ့ပါတယ်” ၎င်းက The Australian သ တင်းစာသို့ ပြောကြား ခဲ့သည်။

ဆီးရီးယားနိုင်ငံအတွင်းရှိ မဟာဗျူ ဟာကျသော ကိုဘာနီမြို့တစ်ဝိုက်တွင် တိုက်ခိုက်မှုများ မြင့်တက်လာမှု ကြောင့် သေဆုံး သူဦးရေ မှာ မြင့်တက်ခဲ့ကြောင်းနှင့် သြစတြေးလျအစိုးရအဖွဲ့က ယခင်က သြစတြေးလျ နိုင်ငံသား ၁၅ ဦး သေဆုံးခဲ့ကြောင်း အတည်ပြုခဲ့သည်။ IS အဖွဲ့က နိုင်ငံခြားသားများကို လူသစ်စုဆောင်း မှုများတွင် အသုံးချခဲ့ခြင်းကြောင့် သေဆုံးသူများ မြင့် တက်လာခဲ့ခြင်း ဖြစ်သည်။

IS အဖွဲ့သည် အနောက်နိုင်ငံသားများကို လူသစ်စုဆောင်းမှု ပြုလုပ်ခဲ့ခြင် သည် ၀ါဒဖြန့်စစ်ပွဲတွင် အနောက်နိုင်ငံသားများ ပါဝင်လာပါက ဘာသာရေးစစ်ပွဲ၏ အရေးပါသော အစိတ်အပိုင်း တစ်ရပ် ဖြစ်စေ ရန်ဖြစ်ကြောင်း ဘရန်ဒစ်က စွပ်စွဲ ပြောကြားခဲ့သည်။ IS အဖွဲ့ဟာ အနောက်နိုင်ငံသားaတွကို အသေခံစစ်သား၊ အသေခံဗုံးခွဲ တိုက်ခိုက်သူများနှင့် ၀ါဒဖြန့်လက် နက်များ အဖြစ် အသုံးပြုခဲ့ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

ဘရန်ဒစ်က “သြစတြေးလျ လူငယ်များ၊ အနောက်နိုင်ငံများမှ လူငယ်အမျိုး သားများနဲ့ အမျိုးသမီးများဟာ ရန်သူများကို တိုက်ခိုက်တဲ့ မြင့်မြတ်တဲ့ စစ်ပွဲတစ်ရပ်ကို ပါဝင်ဆင်နွှဲခြင်းဖြစ်တယ်ဆိုတဲ့ မုသား သုံးကာ ဖြား ယောင်းခြင်း ခံခဲ့ရပါတယ်။

အမှန်တကယ်တော့ သူတို့တွေဟာ IS အဖွဲ့ကိုယ်စား ကျွန်ပြုခြင်း၊အဓမ္မပြုကျင့်မှု လုပ်ရပ်တွေနဲ့ သတ်ဖြတ် မှုတွေ၊ အပြစ်မဲ့တဲ့ ပြည်သူတွေကို တိုက်ခိုက်တဲ့လုပ်ရပ်တွေနဲ့ အကြမ်းဖက်လုပ်ရပ်တွေမှာ ပါဝင်လုပ် ဆောင်နေပါတယ်” ဟု ပြောကြားခဲ့သည်။ သြစတြေးလျအစိုးရက အကြောင်းပြချက်မရှိဘဲနှင့် အကြမ်းဖက် လုပ်ရပ်များ လုပ်ရန် ခရီးသွားလာခဲ့ပါက ရာဇ၀တ်မှုမြောက်သည့် ဥပဒေတစ်ရပ်ကို ပြဋ္ဌာန်း ထားသည်။

Ref: AFP
Mizzima - News in Burmese 

No comments:

Post a Comment